Main menu

Background

လယ်ယာကဏ္ဍဝင်ငွေနှင့် ကုန်သွယ်ရေးသဘောတူညီချက်များက ထိုင်းနိုင်ငံအတွက် ဦးစားပေးကဏ္ဍများဖြစ်

Thu, 08/01/2019 - 14:03 -- journal_editor

      လယ်သမားများ၏ ဝင်ငွေအာမခံ ချက်ရှိစေရန်၊ ပို့ကုန်အားပေးမြှင့်တင် ရန်၊ လူနေမှုစရိတ်ဆိုင်ရာ အကြံပြုချက် များ၊ ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ နှင့် ပတ်သက်၍ ရှေ့သို့တိုးမြှင့် ဆောင် ရွက်သွားကြရန်ဖြစ်ကြောင်း အသစ်ခန့် အပ်လိုက်သော ထိုင်းဒုတိယဝန်ကြီးချုပ် နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဲ Jurin Laksalawisit က ၎င်း၏ထိပ်တန်း ဦးစားပေးအစီအမံ များကို ပြောကြားခဲ့ကြောင်း သိရှိရသည်။ ゞင်း၏ဝန်ကြီးဌာနသို့ စတင်ရောက်ရှိ တာဝန်ထမ်းဆောင်သည့် ပထမဆုံးနေ့ တွင် ゞင်းကလယ်သမားများ၏ ဝင်ငွေ အာမခံချက်ပေးခြင်းဖြင့် ဆန်စပါး သာမက အခြား ရော်ဘာ၊ ပီလောပီနံ၊ ဆီအုန်း၊ ပြောင်း စသည့် အဓိကသီးနှံ များ၏ ဈေးနှုန်းအာမခံချက်ကို ဖော် ဆောင်မည်ဖြစ်ကြောင်း၊ ဝင်ငွေနှင့် သီးနှံဈေးနှုန်းအာမခံချက်တို့မှာ ဒီမို ကရက်ပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ အဆိုပြုချက်များထဲက အဓိကအချက် များဖြစ်ကြောင်း၊ ဝင်ငွေနှင့် သီးနှံဈေး နှုန်းဈေးနှုန်းအာမခံတို့မှာ ၂၀၁၁-၂၀၁၃ ညွန့်ပေါင်းအစိုးရခေတ်ကတည်း က ပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ အဆိုပြုချက်များဖြစ်ကြောင်း၊ ဝင်ငွေ အာမခံအစီအမံတွင် လယ်သမားများ အနေဖြင့် ဆန်စပါးအာမခံ ဈေးနှုန်းနှင့် နှစ်ပတ်တစ်ကြိမ် ဈေးကွက်အတွင်း ဖြစ် ပေါ်နေသောဈေနှုန်းအရ စံသတ်မှတ် ဈေးနှုန်းနှစ်ခုအကြား ကွာခြားချက်အပေါ် တွင် ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအစီအစဉ်မှာ ယဉ်လတ် ရှင်နာဝပ်ထရာ အစိုးရခေတ်လက်ထက် ကကဲ့သို့ ဆန်တန်ချိန် သန်းပေါင်းများစွာ စုပြုံနေမှုနှင့် နောက်ပိုင်း ဆုံးရှုံးမှုတို့ အပေါ် ရှောင်ရှားရန်ဖြစ်ကြောင်း သိရှိ ရသည်။ ထို့အပြင် ယခုနှစ်၌ သင်္ဘော တင်ပို့မှုများ အကြီးအကျယ်ကျဆင်းခဲ့ရ ပြီးနောက် အဓိကအာရုံ စိုက်ရမည့်ကိစ္စ ရပ်မှာ ပို့ကုန်ကဏ္ဍဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ထိုင်းနိုင်ငံ၏ပို့ကုန်အားလုံး မှာ အခွင့်အလမ်းများရှိနေသည်ဟု ယုံကြည်ဆဲဖြစ်ကြောင်း၊ ပို့ကုန်တိုးတက် ရေးအတွက် ပုဂ္ဂလိက ကဏ္ဍမှာ အဓိက ဖြစ်သည်ဟု မိမိတို့ယုံကြည်ကြောင်း၊ အလားတူ ပြည်တွင်းကုန်စည်နှင့် ဈေး နှုန်းများ ထိန်းသိမ်းရန်နှင့် လူနေမှုကိစ္စ ရပ်များအတွက်လည်း ကူညီထိန်းသိမ်း ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၎င်းက ပြောကြားခဲ့သည်။
ဆက်လက်၍ ဒေသတွင်း လွတ် လပ်သော ကုန်သွယ်ရေးဆိုင်ရာ သဘော တူညီချက် (RCEP)  ဆိုင်ရာဆွေးနွေးမှု များကိုလည်း ဆက်လက်ဆောင် ရွက်သွားရန်တိုက်တွန်းခဲ့ကြောင်း၊(RCEP) ကို၂၀၁၂ ခုနှစ်တွင် အာဆီယံ၁၀ နိုင်ငံ နှင့် ဆွေးနွေးဖက်ခြောက်နိုင်ငံ (တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ အိန္ဒိယ ၊နယူးဇီလန်)တို့အကြား နက် ရှိုင်းစွာ စီးပွားရေး ပူးပေါင်း ဆောင်ရွက် နိုင်ရန် စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆွေး နွေးဖက်ခြောက်နိုင်ငံမှာ ၆၀ ရာခိုင်နှုန်း ခန့်သာ တိုးတက်အောင် ဆောင်ရွက်နိုင် ကြောင်း၊(RCEP)အခန်း(၂၀)အနက် (၇)ခန်းသာ ဆွေးနွေးမှု ပြီးစီးသေး ကြောင်း၊ ယခုနှစ်တွင် အဆုံးသတ်ပြီးစီး ရန်ဖြစ်ကြောင်း၊ သဘောတူညီချက်မှာ ၂၀၂၀ ခုနှစ် နောက်ပိုင်းတွင် အသက် ဝင်လာမှာဖြစ်ကြောင်း၊ ထိုင်းအီးယူ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် အတွက် ဆွေးနွေးပြောဆိုမှုများကိုလည်း အစိုးရသစ်အနေဖြင့် ၎င်း၏မူဝါဒ များကို ပါလီမန်တွင်တင် ပြပြီးသည်နှင့် အမြန်ဆုံးပြန်လည် စတင်ရန်ဖြစ်ကြောင်း ゞင်းက ပြောကြားခဲ့သည်။
Source:Bangkok Post
လွင်မျိုးဇော်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ဗန်ကောက်မြို့