Main menu

Background

ထိုင်းသင်္ဘောတင်ပို့မှု လေးလဆက်တိုက် ကျဆင်းနေ

Thu, 08/01/2019 - 14:08 -- journal_editor

ထိုင်းပို့ကုန်များအနေဖြင့် ကမ္ဘာ့ စီးပွားရေး နှေးကွေးမှု၊ အမေရိကန်-တရုတ်ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှု များနှင့် ရေနံဈေးနှုန်း ကျဆင်းမှုတို့ကြောင့် ကမ္ဘာ့ဝယ်လိုအား ကျဆင်းမှုနှင့်အတူ ဆက်တိုက် ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ အကောက်ခွန်ရှင်းလင်းပြီး ပြည်ပသင်္ဘောတင်ပို့ မှုမှာ မတ်လတွင် ၄ ဒသမ  ၉ ရာခိုင်နှုန်း၊ ဧပြီလ တွင် ၂ ဒသမ ၆ ရာခိုင်နှုန်း၊ မေလတွင် ၅ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ပြီး နှစ်အလိုက်တွင် ဇွန်လအထိ ၂ ဒသမ ၁၅ ရာခိုင်နှုန်း တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၁ ဒသမ ၄ ဘီလီယံအထိ ကျဆင်းခဲ့ ကြောင်း ထိုင်းစီးပွားရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။ ယမန်နှစ် ဇွန်လမှစ၍ ထိုင်းပို့ကုန်များ ၂ ဒသမ ၉၃ ရာခိုင်နှုန်း တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၆၇၇ ဘီလီယံကျဆင်းခဲ့ သည်။ ထိုင်းပြည်ပပို့ကုန်များအနေဖြင့် ဈေးကွက်အများစုတွင်   ကျဆင်းနေ ကြောင်း၊ တရုတ်နိုင်ငံသို့ သင်္ဘောတင်ပို့ မှုမှာ ယခုနှစ်ဇွန်လတွင် ၁၄ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အလားတူ အမေ ရိကန်သို့ သင်္ဘောတင်ပို့မှုမှာ ၂ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရ သည်။
လယ်ယာနှင့် စိုက်ပျိုးရေးထွက်ကုန်များမှာဇွန်လတွင် ယမန်နှစ်ကာလ တူထက် ၉ ရာခိုင်နှုန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ၃ ဒသမ ၂၃ ဘီလီယံကျဆင်းခဲ့ကြောင်း၊ အဓိက အားဖြင့် ဆန်တင်ပို့မှု  ၃၄ ဒသမ ၆ ရာခိုင်နှုန်း၊ သကြားတင်ပို့မှု ၁၉ ဒသမ ၄ ရာခိုင်နှုန်း၊ အေးခဲပင်လယ်စာ တင် ပို့မှု ၉ ဒသမ၅ ရာခိုင်နှုန်း၊ လတ်ဆတ် ဟင်းသီးဟင်းရွက်၊ အေးခဲဟင်းသီးဟင်း ရွက်နှင့် ပြုပြင်ထားသော ဟင်းသီးဟင်း ရွက်တင်ပို့မှု ၁၀ ရာခိုင်နှုန်းနှင့် ပီလော ပီနံတင်ပို့မှု ၁၇ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းတို့ဖြစ်သည်။
ရွှေတင်ပို့မှု ၃၁၇ ရာခိုင်နှုန်း ၊ အလှကုန်၊ ဆပ်ပြာနှင့် အသားအရေ ဆိုင်ရာကုန်ပစ္စည်းများ တင်ပို့မှု  ၁၀ ရာခိုင် နှုန်း၊ လေအေးပေးစက်တင်ပို့မှု ကိုးရာ ခိုင်နှုန်း၊ မော်တော်ဆိုင်ကယ်နှင့် မော်  တော်ဆိုင်ကယ်အစိတ်အပိုင်းများ တင် ပို့မှု ၅ ဒသမ ၇  ရာခိုင်နှုန်းတိုးတက်ခဲ့မှု ကြောင့် စက်မှုထုတ်ကုန်များအနေဖြင့် သုည ဒသမ ဝ၄ ရာခိုင်နှုန်း၊ တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄၈ ဘီလီယံတိုးတက်ခဲ့ကြောင်း သိရှိရသည်။
ရေနံဆိုင်ရာ ထုတ်ကုန်တင်ပို့မှု ၂၂ ရာခိုင် နှုန်း၊ အီလက်ထရွန်နစ် ဆား ကစ်တင်ပို့မှု၂၀ ဒသမ ၆ ရာခိုင်နှုန်း၊ ကွန်ပျူတာနှင့် အစိတ်အပိုင်းများ တင်ပို့ မှု ၁၅  ဒသမ ၅ ရာခိုင်နှုန်းနှင့် စတီးနှင့် သံမဏိထုတ်ကုန်များတင်ပို့မှု ၁၅ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ ကြောင်း သိရှိရသည်။
သွင်းကုန်တင်သွင်းမှုမှာလည်း ဇွန်လတွင် ၉ ဒသမ ၄၄ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၈ ဒသမ၂ ဘီလီယံကျဆင်းခဲ့ကာ ကုန်သွယ်မှုပိုငွေ ၃ ဒသမ ၂ ဘီလီယံကို ဖြစ်စေရန် အဓိက ဦးဆောင်စေခဲ့သည့် အချက်အလက်ဖြစ်ကြောင်း သိရှိရ သည်။
ယခုနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါ က ပထမခြောက်လအတွင်း ပို့ကုန် စုစုပေါင်း ၂ ဒသမ ၉၁ ရာခိုင်နှုန်းကျဆင်း ခဲ့ကြောင်း၊  တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၃၃ ဘီလီယံရှိကြောင်း၊ အဆိုပါကာလအတွက် ကုန်သွယ်မှု ပိုငွေ ၃ ဒသမ ၉၄ ဘီလီယံရှိကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ် အတွင်းလစဉ် ပို့ကုန်တန်ဖိုးအားပျမ်းမျှ ၂၀ မှ ၂၁ ဘီလီယံအထိ ထိန်းသိမ်း ဆောင်ရွက်သွားမည်ဆိုပါက ပို့ကုန် တင်ပို့မှုမှာ ယခုနှစ်အတွက် တစ်ရာခိုင် နှုန်းအထိ တိုးတက်လာမှာဖြစ်ကြောင်း ゞင်းက ပြောကြားခဲ့သည်။
Source:Bangkok Post

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ဗန်ကောက်မြို့