Main menu

Background

ပြည်ပကုန်သွယ်မှု မြှင့်တင်ရန် ထိုင်းနိုင်ငံပြင်ဆင်

Fri, 08/16/2019 - 11:01 -- journal_editor

  ထိုင်းအစိုးရအနေဖြင့် တိုင်းပြည်၏ကျဆင်းနေသော ပို့ကုန်ကဏ္ဍကို မြှင့်တင်ရန် အလို့ငှာထိုင်းအပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးရန်ပုံငွေမှ ထိုင်းဘတ်ငွေ ၉၅၄ သန်း ကို ခွဲဝေသတ်မှတ်ပေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါငွေများ အား အပြည်ပြည်ဆိုင်ရာ Roadshow များ၊ ရည်မှန်းသတ်မှတ်ထားသော နိုင်ငံများတွင်ကုန်စည်ပြပွဲ(Trade Fairs and Exhi-bitions) ဆိုင်ရာစီစဉ်မှုများနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများအားယှဉ်ပြိုင်စွမ်း အား မြင့်မားလာစေရန် မြှင့်တင်ပေးမည့် ကိစ္စရပ်များနှင့် အလားအလာရှိသောဈေးကွက်သစ်များကို ချိတ်ဆက်ပေးရန် ကိစ္စရပ်များအတွက် အသုံးပြုသွားမည်ဖြစ် ကြောင်း သိရှိရသည်။

  အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု မြှင့်တင်ရေးရန်ပုံငွေဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနဝန်ကြီးမစ္စတာ Jurin Laksanawisi ၏ပြောကြားချက်အရ ထိုင်းအစိုးရအနေဖြင့် ပို့ကုန်မြှင့်တင်သွားရန် ကတိပြု ကြောင်း၊ ဩဂုတ် ၁၄ ရက်တွင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများမှ ပုဂ္ဂိုလ်များပါဝင်သော ပူးတွဲကော်မတီအစည်းအဝေးကို ကျင်းပ မည်ဖြစ်ကြောင်း သိရှိရသည်။ ၎င်းကဆက်လက်ပြီး ထိုင်းနိုင်ငံ အနေဖြင့် တစ်ကမ္ဘာလုံးရှိ အခြားနိုင်ငံများကဲ့သို့ ပို့ကုန်တင် ပို့မှုကျဆင်းလျက်ရှိကြောင်း၊သို့ရာတွင် မိမိတို့အနေဖြင့် အစိုးရ နှင့် ပုဂ္ဂလိကများ ပိုမိုပူးပေါင်း၍ဈေးကွက်သစ်များတိုးတက်ရရှိအောင် ဆောင်ရွက်သွားနိုင်မည်ဆိုပါကပို့ကုန်တင်ပို့မှု ပြန်လည်မြင့် တက်လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ သည်။ ဇွန်လတွင်အစိုးရ၏ ထောက်ပံ့မှုဖြင့် အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ရန်ပုံငွေတွင် ဘတ်ငွေ ၁ ဒသမ ၁၇၉ ဘီလီယံရှိကြောင်းလည်း သိရှိရသည်။

     ဘုတ်အဖွဲ့အနေဖြင့် မဟာဗျူဟာသုံးရပ်နှင့် စီမံကိန်း (၂၀၅)ခုအား အတည်ပြုပေးခဲ့ကြောင်း၊ မဟာဗျူဟာတွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအတွက်တိုင်းပြည်၏ ယှဉ် ပြိုင်စွမ်းအားမြင့်မားတိုးတက်စေရန်၊ ကုန်သွယ်မှု ဆိုင်ရာ စေ့စပ် ဆွေးနွေးပွဲများကို ဆောင်ရွက်ရန်၊ ဒေသတွင်းစီးပွားရေးဆိုင်ရာ ပေါင်းစည်းမှု(RCEP)ကိစ္စရပ်များအား ယခုနှစ်တွင် အပြီး သတ်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန်နှင့် ထိုင်း အီးယူ FTA ဆွေးနွေးပွဲများအား ပြန်လည် စတင်ရန်တို့ ပါဝင် ကြောင်း သိရှိရသည်။

  စီးပွားရေးနှင့်ကူသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေ ဖြင့် ထိုင်း အီးယူ FTA မူဘောင်အားအစိုးရအဖွဲ့သို့ အမြန်ဆုံး တင်ပြသွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုစေ့စပ်ဆွေးနွေးရေး ဦးစီးဌာနအနေဖြင့် ပစိဖိတ်ရပ်ဝန်း ၁၁ နိုင်ငံ ပါဝင်သော ပစိဖိတ် ဖြတ်ကျော်ပူးပေါင်း ဆောင်ရွက်မှု Trans-Pacific Partnership (TPP) တွင်  ထိုင်းနိုင်ငံပါဝင်ဆောင်ရွက်ပါကရရှိမည့် အကျိုး၊ အပြစ်တို့အား အမြန်ဆုံး လေ့လာတင်ပြရန် ညွှန်ကြားထား ကြောင်း သိရှိရသ ည်။ ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် ဈေးကွက် သစ်များ ရှာဖွေ ဆောင်ရွက်ရန် အစီအမံများချမှတ်ရန် လိုအပ် သကဲ့သို့ရှိပြီး ဈေးကွက်များအား ထိန်းသိမ်းရန်လိုအပ်မှာဖြစ် ကြောင်း၊ အချို့ ယခင်ကရရှိထားပြီး ပျောက်ကွယ်သွား သည့် အီရန်ကဲ့သို့သော ဈေးကွက်များကို ပြန်လည်ဖော်ထုတ်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။ အခြားတိုးတက်မှုအနေဖြင့်  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် အေဂျင်စီ ၄၄ ခုတို့ အနေဖြင့် ဇူလိုင် လမှအောက်တိုဘာလအထိ ရာသီပေါ် သီးနှံတန်ချိန် ၂၀ဝဝဝ အား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရန် နား လည်မှုစာချွန်လွှာ(MOU)အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

 

Source:Bangkok Post

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဗန်ကောက်မြို့