Main menu

Background

၂၀၂၀ ပြည့်နှစ်အတွက် အခြေခံလုပ်အားခအား တောင်ကိုရီးယားတိုးမြှင့်

Fri, 08/16/2019 - 11:09 -- journal_editor

         တောင်ကိုရီးယားနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အတွက် အခြေခံလုပ်အားခအား တစ်နာရီလျှင် ကိုရီးယားဝမ် ၈၅၉၀ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၃) သို့ တိုးမြှင့်လိုက်ကြောင်း၊ ၎င်းသည် လက်ရှိ အခြေခံ လုပ်အားခနှုန်းဖြ စ်သော တစ် နာရီလျှင် ကိုရီးယား ဝမ် ၈၃၅၀ ၏ (၂ ဒသမ ၉)ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်ခြင်း ဖြစ်ပြီး၊ ၁၉၈၈ ခုနှစ်တွင် လုပ်အားခ စနစ်ကို စတင်ကျင့်သုံးခဲ့ချိန်မှစ၍ တတိယအနိမ့်ဆုံးနှုန်း ဖြင့်တိုးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ သည်။ စီးပွားရေးတိုးတက်မှုနှုန်း နှေးနေ သည့်အနေအထားတွင် စီးပွားရေး လုပ်ငန်းငယ်များအတွက် ဘဏ္ဍာရေးပြဿနာများကို ပိုမိုရင်ဆိုင်လာရဖွယ်ဖြစ် ကြောင်း၊ ယခုကဲ့သို့ နှုန်းအနည်းငယ်သာ တိုးမြှင့်ပေးလိုက်ခြင်းသည် ၂၀၂၂ ခုနှစ်တွင် အခြေခံလုပ်အားခနှုန်းအား ကိုရီးယားဝမ် ၁၀ဝဝဝ ဖြစ်စေရမည်ဟူ သော သမ္မတမွန်ဂျေးအင်၏ ရွေးကောက် ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလအတွင်း ကတိ ပြုခဲ့မှုမှာ အောင်မြင်ရန်မဖြစ်နိုင်ကြောင်း၊ အဖွဲ့ဝင်၂၇ ဦးပါဝင်သည့် အခြေခံလုပ် အားခ သတ်မှတ်ရေးကော်မရှင်အနေ ဖြင့် အခြေခံ လုပ်အားခနှုန်းအတွက် ၁၃  နာရီကြာ ဆွေးနွေးခဲ့ပြီးနောက် အတည်ပြုခဲ့ခြင်းဖြစ်သည်။

    စီမံခန့်ခွဲမှုဆိုင်ရာနှင့် ပြည်သူ့ ရေးရာတို့မှ အဆိုပြုသောနှုန်းထား ၈၅၉၀ ဝမ်နှင့် ၈၈၈၀ ဝမ်တို့တွင် အဖွဲ့ ဝင် ၁၅ ဦးမှ ၈၅၉၀ ဝမ်ကိုလည်းကောင်း၊  ၁၁ ဦးမှ ၈၈၈၀ ဝမ်ကိုလည်းကောင်း အသီးသီးဆန္ဒမဲပေးခဲ့ကြပြီး၊ မဲပေးရန် ပျက်ကွက်သူတစ်ဦးရှိခဲ့ကြောင်း၊ အခြေခံလုပ်အားခအား ယခုတစ်ကြိမ် တိုးမြှင့်လိုက်သည့် ၂  ဒသမ ၉ ရာခိုင်နှုန်း သည် ၂၀၁၈ ခုနှစ်အတွက် တိုးမြှင့်ခဲ့သည့် ၁၆ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် အတွက် တိုးမြှင့်ခဲ့သည့် ၁၀ ဒသမ ၉ ရာခိုင်နှုန်းတို့နှင့် နှိုင်းယှဉ်လျှင် သမ္မတ မွန်ဂျေးအင်၏ အာဏာရသက်တမ်း အတွင်း အနိမ့်ဆုံးနှုန်းထားတစ်ခုလည်း ဖြစ်ကြောင်း သိရှိရသည်။

     အခြေခံလစာနှုန်းအတွက် ယခု ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ၂၀၁၉ ခုနှစ် ဩဂုတ် ၅ ရက်တွင် ဥပဒေအရ အလုပ်သမားရေးရာဝန်ကြီးက တရားဝင် အတည်ပြု ကြေညာသွားမည်ဖြစ် ကြောင်း၊ ထိုအချိန်မတိုင်မီ သဘော ထားကွဲလွဲမှုများအတွက် ပြန်လည် သုံး သပ်ရန် တောင်းဆိုနိုင်သေးသည့်အတွက် မကျေနပ်သည့်  သမဂ္ဂများအနေဖြင့် ထိုသို့တောင်းဆိုမှုကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ယခုတစ်ကြိမ် တိုးမြှင့် မှုသည် ၁၉၉၈ ခုနှစ်၊ အာရှဘဏ္ဍာရေး အကျပ်အတည်း ရင်ဆိုင်ရပြီးချိန်တွင် တိုးမြှင့်ခဲ့သည့် ၂ ဒသမ ၇ ရာခိုင်နှုန်း နှင့် ၂၀၁၀ ခုနှစ်၊ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ရင်ဆိုင်ရပြီးချိန်တွင် တိုးမြှင့်ခဲ့သည့် ၂ ဒသမ ၇၅ ရာခိုင်နှုန်း တို့ပြီးလျှင် တတိ ယမြောက် အနိမ့်ဆုံး နှုန်းဖြစ်နေသည့်အတွက် တောင်ကိုရီး ယားနိုင်ငံ  အလုပ်သမားသမဂ္ဂများ အသင်းချုပ်အနေဖြင့် ကပ်ဆိုး အန္တရာယ်ဟု တင်စားခေါ်ဝေါ်လိုက်ကြောင်း၊ သမ္မတ မွန်ဂျေးအင်၏ မဲဆွယ်စည်းရုံးရေးကာလတွင် အလုပ်သမားများအရေးအား အလေးထားသဖြင့် အခြေခံလုပ်အားခနှုန်းကို ၁၀ဝဝဝ ဝမ်အထိတိုးမြှင့်ပေးနိုင်ရေး ဆောင်ရွက်မည့်ကတိနှင့် နိုင်ငံ၏စီးပွားရေးအခြေအနေအား ဖြေရှင်းရမည့် ကိစ္စတို့သည် အယူဝါဒနှစ်ခြမ်းကွဲ ကာ အားပြိုင်၍ အနှစ်သာရမရှိသည့် အခြေ အနေဖြစ်နေကြောင်း The Korea Times  သတင်းစာတွင် ရေးသားဖော်ပြထားသည်။

 

ဝင်းပပသူ

စီးပွားရေးသံမှူး၊ ဆိုးလ်မြို့