Main menu

Background

တရုတ်နိုင်ငံ၏ စားသုံးသူဈေးနှုန်းများ တက်လာသော်လည်း ငွေကြေးဖောင်းပွမှု အသင့်အတင့်သာရှိ

Tue, 09/03/2019 - 11:31 -- journal_editor

     ၂၀၁၉ ခုနှစ်  ဇူလိုင်လအတွင်း တရုတ်နိုင်ငံ ၏ စားသုံးသူဈေးနှုန်းများမှာ တက်လာခဲ့သော် လည်း  ဒုတိယနှစ်ဝက်အတွင်း  ငွေဖောင်းပွမှုဖိအား အသင့်အတင့်သာ ဆက်လက်တည်ရှိလိမ့်မည်ဟု သုတေသီများက ခန့်မှန်း ထားကြသည်။ ငွေကြေးဖောင်းပွမှု၏ အဓိက အတိုင်းအတာ ဖြစ်သည့် စားသုံးသူဈေးနှုန်းအညွှန်းကိန်း (CPI) မှာ ဇူလိုင်လအတွင်း ၂ ဒသမ ၈ ရာခိုင်နှုန်း မြင့် တက်ခဲ့ပါသည်။ ဇွန်လအတွင်း၌ CPI မှာ ၂  ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့သည်။
     ထိုသို့ မြင့်တက်လာခဲ့ခြင်းမှာ CPI တွက်ချက်ရာတွင် အကြီးမားဆုံး အချိုးအစားဖြစ်သည့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်ခဲ့ရခြင်း ကြောင့်ဖြစ်သည်။ အာဖရိကဝက်တုပ်ကွေးရောဂါ ဖြစ်ပွားနေခြင်းကြောင့် ဝက်သားေ ဈးနှုန်းများ ဆက်လက်မြင့်တက်နေခြင်းနှင့် ရာသီဥတုဆိုးရွားမှုကြောင့် ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိခြင်းတို့မှာ အဓိကအကြောင်းရင်းများတွင် ပါဝင်နေသည်။ ယခုနှစ်တွင် CPI ကို သုံးရာခိုင်နှုန်း ဝန်း ကျင်၌ ထားရှိသွားရန် တရုတ်အစိုးရက ရည်မှန်း ချက်ထားရှိထားသည်။
     အညွှန်းကိန်းတွက်ချက်မှုတွင် တွေ့ရှိရသည့် သက်ရောက်မှုများအပေါ် ကုန်စည်ထောက်ပံ့မှု များ မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် တဖြည်း ဖြည်းချင်း  လျှော့ပါးသွားစေကာ၊ တရုတ်တစ်နိုင်ငံ လုံး၏ စားသုံးသူဈေးနှုန်းများ ကို တည်ငြိမ်စေရန် ထိန်းသိမ်းသွားမည်ဟု အမျိုးသားအဆင့် ဖွံ့ဖြိုး ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ အရာရှိ တစ်ဦးဖြစ်သူ YueXiuhu က ပြောကြားထားသည်။ တရုတ်နိုင်ငံသည် ၎င်း၏ သတိကြီးစွာထား သောငွေေ ကြးမူဝါဒကို အလွန်အမင်း မတင်းလွန်း မလျှော့လွန်းသည့် အနေအထားတွင် ထားရှိသွား ရန်နှင့် အခြေအနေကို တန်ပြန်သည့် ထပ်ဖန်တ လဲလဲ ပြုပြင်ပြောင်းလဲမှုများကို အချိန်မီစွာနှင့် လျော်ကန်သင့်မြတ်စွာ ပြုလုပ်သွားရန် အခိုင်အမာ  ကတိပြုထားကြောင်း ဗဟိုဘဏ်က ၎င်း၏ ဒုတိယ လေးလပတ်ငွေကြေးမူဝါဒ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ရင်းမြစ်။ Xinhua
ဒေါက်တာရွှေစင်ကို စီးပွားရေးသံမှူး (နန်နင်းမြို့)