Main menu

Background

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကုန်သွယ်ရေးတိုးတက်လာ

Tue, 09/03/2019 - 11:33 -- journal_editor

     တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ယူနန်ပြည်နယ်သည် ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိကာလအတွင်း ရပ်ဝန်းနှင့် လမ်းကြောင်းနိုင်ငံများ နှင့် ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၇ ဘီလီယံရရှိခဲ့သဖြင့် ယမန်နှစ်ကထက် ၁၆ရာခိုင်နှုန်း တိုးတက်လာခဲ့သည်ကို တွေ့ရသည်။ ကူမင်းအကောက်ခွန်ဌာနမှ ထုတ်ပြန်ချက်အရ ရပ်ဝန်းနှင့် လမ်းကြောင်း နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏမှာ ပြည်နယ်တစ်ခုလုံး၏ စုစုပေါင်း သွင်းကုန် ပို့ကုန်ပမာဏ၏ ၇၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
      ယခုနှစ် ပထမ ခုနစ်လအတွင်း ယူနန်ပြည်နယ်မှ ရပ်ဝန်းနှင့်လမ်းကြောင်း နိုင်ငံများသို့ ပို့ကုန်ပမာဏမှာ ယွမ် ၃၄ ဒသမ ၄ ဘီလီယံရှိခဲ့ကာ ယခင်နှစ်က ထက် ၂၂ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ယူနန်ပြည်နယ် ထဲသို့ ရပ်ဝန်းနှင့် လမ်းကြောင်းနိုင်ငံများထံမှ သွင်းကုန်ပမာဏမှာ ယွမ် ၅၆ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ကာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၂ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ ပြည်နယ်အကောက်ခွန်ဌာန၏ အဆိုအရ လျှပ်စစ်သုံးပစ္စည်းများနှင့် ဓာတ်မြေသြဇာတင်ပို့မှုများမှာ လျင်မြန်စွာတိုးတက်လာကြောင်းနှင့် လယ်ယာ ထွက်ကုန်နှင့် လုပ်သားအင်အားသုံး ကုန်ပစ္စည်းများမှာ ဆက်လက်တိုးတက်နေ ကြောင်း သိရသည်။ ထို့ပြင် ယူနန်ပြည်နယ်တွင် စွမ်းအင်၊ သတ္တုရိုင်းနှင့် အခြား သွင်းကုန်ပစ္စည်းများမှာ ပုံမှန်တိုးတက်နေကြောင်းလည်း တွေ့ရှိရသည်။

 

ရင်းမြစ်။ xinhuanet.com
ဒေါက်တာရွှေစင်ကို စီးပွားရေးသံမှူး (နန်နင်းမြို့)