Main menu

Background

ဂျပန်နိုင်ငံထွက် ပစ္စည်းအဟောင်းများတွင် ရေဒီယိုသတ္တိကြွမှု ရှိ/မရှိ တောင်ကိုရီးယား တင်းတင်းကျပ်ကျပ် စစ်ဆေးမည်

Tue, 09/03/2019 - 11:41 -- journal_editor

      တောင်ကိုရီးယားနှင့် ဂျပန်တို့အကြား စီးပွားရေးနှင့်  နိုင်ငံရေးပိုင်း သဘောထားတင်းမာနေစဉ် တောင်ကို ရီးယားနိုင်ငံက ပြီးခဲ့သည့်သြဂုတ် ၁၅ ရက်က ဂျပန်နိုင်ငံမှတင်သွင်းသည့် recycle ပစ္စည်းသုံးမျိုးအပေါ် ရေဒီယို သတ္တိကြွမှုအပိုင်းတင်းတင်းကျပ်ကျပ် စစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ဂျပန်နှင့်ရုရှားမှ တင်သွင်းသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၊ တာယာများ၊ ဘက်ထရီများအပေါ် ရေဒီယို သတ္တိကြွမှုပိုင်းစစ်ဆေးခြင်းများကို တောင်ကိုရီး ယား နိုင်ငံအနေဖြင့် ယခင်က သုံးလတစ်ခါစစ်ဆေးမှုအစား ယခုမှစ၍ တစ်လအတွင်း ဆောင်ရွက်မည် ဖြစ်သည်ဟု ဆိုးလ်ရှိသဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကဆိုသည်။ ယွန်ဟပ် သတင်းဌာန၏အဆိုအရ ရေဒီယိုသတ္တိကြွ စစ်ဆေးမှုများသည် ဂျပန်နှင့်ရုရှားနိုင်ငံတို့မှတင်သွင်းလာသည့် အဆိုပါ ပစ္စည်းများတွင် ပတ်ဝန်းကျင်ညစ်ညမ်း မှုကိုဖြစ်နိုင်ခြေရှိသည့်အတွက် ကန့် သတ်မှုများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
      အဆိုပါသတင်းနှင့်ပတ်သက်၍ဆိုးလ်ရှိ သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြည်သူ လူထု၏ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံ မှုနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအလို့ငှာ ထိုကဲ့သို့ စစ်ဆေးေ ဆာင်ရွက်မှုများ ကြပ်မတ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းဆိုသည်။ ပြီးခဲ့သည့်ဇူလိုင်လအတွင်းက ဂျပန်နိုင်ငံအနေဖြင့် တောင်ကိုရီးယား နိုင်ငံသို့    ဆီးမီးကွန်ဒတ်တာများနှင့် display panel  များထုတ်လုပ်မှုတွင် အသုံးပြုသည့် အဓိကဓာတုပစ္စည်းများ တင်ပို့ရာတွင် အဆင့်ဆင့်စစ်ဆေးမှုများ နှင့်ထိန်းချုပ်မှုအစီအမံများချမှတ်ခဲ့သည်။  တောင်ကိုရီးယားဘက်ကမူ အဆိုပါတင်းကျပ်သည့် အစီအမံများ ချမှတ်ခြင်းသည် ၎င်းတို့၏နည်းပညာစက်မှုလုပ်ငန်း များကိုအဟန့်အတား ဖြစ်စေရန် ရှေးယခင်ကနှစ်နိုင်ငံအကြား အငြင်းပွားနေခဲ့သည့်အတင်းအကျပ်အလုပ်သမားစေခိုင်းခဲ့မှုကိစ္စနှင့် ဆက် စပ်အရင်းခံပြု၍ထိုသို့ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်ဟုဆိုသည်။
     ကိုရီးယားသို့ ကျောက်မီးသွေး ပြာတင်သွင်းမှုများ အားလုံးနီးပါးသည် ဂျပန်နိုင်ငံမှတင်သွင်းမှုများဖြစ်ကြပြီး ၎င်းသွင်းကုန်များအပေါ်တောင်ကိုရီးယားကအပူစွမ်းအင်စက်ရုံများမှထွက်ရှိသည့်ဘေးထွက်ပစ္စည်းများအပေါ် ရေဒီယိုသတ္တိကြွမှုစစ်ဆေးခြင်းများ ပြုလုပ်ခြင်းသည် တိုကျိုကချမှတ်ခဲ့သည့်တင်းကျပ်သည့်ပို့ကုန်စည်းမျဉ်းများကို တန်ပြန်သည့်သဘောပင်ဖြစ်သည်ဟု အများကယူဆနေကြသည်။ ပြီးခဲ့သည့်သြဂုတ် ၁၅ ရက်တွင် တောင် ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး က ဂျပန်နိုင်ငံ၏ ၂၀၁၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဖူကူရှီးမားနျူကလီး ယားဓာတ်ပေါင်းဖိုပြိုကျပျက်စီးမှု၏အကျိုးသက်ရောက်မှုအဖြစ် နောက် ဆက်တွဲဆိုးကျိုးများဖြစ်နိုင်ခြေအပေါ် ထိထိေ ရာက်ရောက်စစ်ဆေးဆောင် ရွက်ရန်ဆော်သြခဲ့သည်။
    အဆိုပါ ဂျပန်နိုင်ငံ၏နျူကလီးယား ဓာတ်ပေါင်းဖိုပြိုကျခဲ့သည့်နောက် ပိုင်းတွင် ဂျပန်နိုင်ငံရှိစီရင်စုရှစ်ခုမှရေထွက်ကုန်အမျိုးအစားအချို့အပေါ် ပိတ်ပင်ကန့်သတ်မှုများ ဆောင်ရွက်ခဲ့ သည်။ ၎င်းနောက်၂၀၁၃ ခုနှစ် အရောက် တွင် ယင်းစီရင်စုရှစ်ခုမှ ရေထွက်ကုန် အားလုံးအပေါ် ဘေးကင်းလုံခြုံမှု အသိအမှတ်ပြုလက်မှတ် လိုအပ်ချက်ရှိခြင်း နှင့် အဆိုပါရေထွက်ကုန်များတွင် ရေဒီယိုသတ္တိကြွမှုများ တွေ့ရှိခဲ့ရခြင်းတို့ ကြောင့် တောင်ကိုရီးယားနိုင်ငံ က ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

ရင်းမြစ်။ The Japan Times, Aug 16, 2019
 နန္ဒာဝင်း၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ တိုကျိုမြို့