Main menu

Background

တရုတ်တွင် ရွှေလက်ဝတ်တန်ဆာဝယ်လိုအား ဆက်လက်မြင့်မားနေ

Tue, 09/03/2019 - 11:48 -- journal_editor

      တရုတ်နိုင်ငံ၏ ရွှေသတ္တုတူးဖော် ထုတ်လုပ်သောကဏ္ဍတွင် ခေတ်မမီ တော့သော ထုတ်လုပ်ရေး အသုံးအဆောင် များကို ပိတ်သိမ်းခြင်းနှင့် ၎င်း၏ စက်မှုဆိုင်ရာ တည်ဆောက်မှုပုံစံကို အမြင့်ဆုံး ဖြစ်စေရန် ပြုလုပ်နေမှု များကြောင့် ထုတ်လုပ်မှုများ ကျဆင်းနေသော်လည်း ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်တို့၏ ရွှေဝယ်ယူမှုမှာ  မက်ထ ရစ်တန်ချိန် ၅၂၃ ဒသမ ၅၄ တန်ရှိခဲ့ကာ ယမန် နှစ်ကထက်  ၃ ဒသမ ၂၇ ရာခိုင် နှုန်း ကျဆင်း ခဲ့ကြောင်း တရုတ်ရွှေ အသင်းမှ ထုတ်ပြန်ချက်အရ သိရှိရသည်။ ရွှေချောင်းများ  ဝယ်ယူမှုမှာ ယခင်နှစ်က ထက် ၁၇ ဒသမ ၂၉ ရာခိုင်နှုန်းကျဆင်းခဲ့ကာ တန်ချိန် ၁၁၀ ဒသမ ၅၁တန်သာ ရှိခဲ့ပြီး၊ ရွှေပြားများ ဝယ်ယူမှုမှာ ၂၉ ဒသမ ၂၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ၂ ဒသမ ၉ တန်သာ ရှိခဲ့ သည်။ လုပ်ငန်းများတွင် အသုံးပြုရန် ရွှေဝယ်ယူမှုမှာ သုည ဒသမ ၆ ရာခိုင် နှုန်းကျဆင်းခဲ့ကာ ၅၁ ဒသမ ၃၆ တန်ရှိ ခဲ့သည်။  ထိုကဲ့သို့ တရုတ်တွင် ရွှေဝယ် လိုအား ကျဆင်းခဲ့ရခြင်းတွင် ရွှေဈေး နှုန်းများ မြင့်တက်ခြင်းကလည်း အကြောင်းရင်းတစ်ရပ်ဖြစ်ခဲ့သည်။
    သို့ရာတွင် ပြည်တွင်း ရွှေလက်ဝတ်တန်ဆာ ဝယ်လိုအားမှာမူ ကမ္ဘာ့ ရွှေလုပ်ငန်းကို တွန်းအား ပေးနေသည် မှာ ကာလကြာရှည်လာပြီဖြစ်သည်။  ၂၀၁၉ ခုနှစ် ပထမခြောက်လအတွင်း လက်ဝတ် တန်ဆာဝယ်လိုအားမှာ တန် ချိန် ၃၅၈၈ ဒသမ ၇၇ တန်သို့ တဖြည်း ဖြည်းတက်သွားခဲ့ရာ ယခင်နှစ်က ထက် ၁ ဒသမ ၉၇ ရာခိုင်နှုန်းဝန်းကျင် တိုး တက်လာခဲ့သည်ကို တွေ့ရသည်။ လက် ဝတ်တန်ဆာ ဝယ်လိုအားတက်ရခြင်း မှာ ပိုမိုကောင်းမွန်သော ဒီဇိုင်း၊ အမျိုး အစားနှင့် ပိုမိုမြင့်မားစွာတန်ဖိုးမြှင့် ထုတ်လုပ်လာခြင်းတို့ကြောင့် ဖြစ်သည်။
    တစ်နည်းအားဖြင့်   ဆိုရလျှင် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုရန် လိုအပ်ချက်များ ကျဆင်းနေသည့်အတွက် ရွှေချောင်း၊ ရွှေပြားဝယ်လိုအားကျဆင်း နေသော်လည်း ဝယ်ယူသူများ၏ လို အပ်ချက်များ မြင့်တက်လာခြင်းေ ကြာ င့် ရွှေလက်ဝတ်ရတနာဝယ်လိုအား မြင့် မားလာနေသည်။ ယခုနှစ် ပထမခြောက်လအတွင်း ရှန်တုန်း၊ ဟဲနန်၊ ယူနန်၊ မွန်ဂိုလီးယား အတွင်းပိုင်းနှင့် ဂန်းဆု အပါအဝင် ရွှေ သတ္တုအများဆုံးထွက်ရှိသော ပြည်နယ် များတွင် စုစုပေါင်းရွှေသတ္တုထွက်ရှိမှု  ၆၂ ဒသမ ၉၁ တန်ရှိခဲ့ပြီး နိုင်ငံအဆင့် စုစုပေါင်းထွက်ရှိမှု၏ ၄၁  ရာခိုင်နှုန်း နီးပါးပါဝင်နေကာ၊ ယခင်နှစ်ကထက် ခုနစ်ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။ ရွှေသတ္တုထွက်ရှိမှုမှာ ယခင်နှစ်ကထက် ငါးရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ ကာ တန်ချိန် ၁၅၃ ဒသမ ၈၉ တန် ထွက်ရှိခဲ့ပြီး၊ ရွှေမဟုတ်သော သတ္တုများ ထွက်ရှိမှုမှာ တန်ချိန် ၂၇ တန်နီးပါးသို့ ၆ ဒသမ ၅ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။ တရုတ်ဗဟိုဘဏ်၏ ထုတ်ပြန် ချက်အရ  ဇွန်လကုန်တွင်  ရွှေအရန် သိုလှောင်ထားရှိမှုမှာ တန်ချိန် ၁၉၂၆ ဒသမ ၅၅ တန်သို့ရောက်ရှိခဲ့ပြီး ခုနစ်လ ဆက်တိုက် တက်လာခဲ့ခြင်းဖြစ်သည်။

 

ရင်းမြစ်။ China Daily
ဒေါက်တာရွှေစင်ကိုစီးပွားရေးသံမှူး (နန်နင်းမြို့)