Main menu

Background

ကိုလ်ကတ္တား ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်အသစ် အိန္ဒိယအခြေစိုက် IndiGo က ပျံသန်းပြေးဆွဲမည်

Fri, 09/06/2019 - 11:51 -- journal_editor

     အိန္ဒိယနိုင်ငံရှိ ပုဂ္ဂလိကပိုင် စရိတ် ကျဉ်း လေကြောင်းလိုင်းဖြစ်သော IndiGo လေကြောင်းလိုင်းသည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၀ ရက်မှစတင်၍ အိန္ဒိယ နိုင်ငံ ကိုလ်ကတ္တားမြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့အကြား လေေ ကြာင်း ခရီးစဉ်များ တိုက်ရိုက်ပျံသန်း ပြေးဆွဲ မည်ဖြစ်သည်။ IndiGo လေကြောင်းလိုင်းသည် လေယာဉ်အုပ်စုအားဖြင့် ၂၃၈ စင်းရှိပြီး အိန္ဒိယ ပြည်တွင်းဈေးကွက်၏ ၄၈ ရာခိုင်နှုန်းခန့်ကို ရရှိထားရ နေ့စဉ် လေကြောင်းဖြင့် ခရီး သွားလာသည့် ပြည်တွင်းခရီးသည် ၁၂ သန်း၏ တစ်ဝက်ကျော်အား လေကြောင်းခရီးစဉ်ပေါင်း ၁၄၀၀ ကျော်ဖြင့် သယ်ယူပို့ဆောင် လျက်ရှိသည်။ IndiGo လေကြောင်း ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ ယခု ရန်ကုန်မြို့သို့ ပျံသန်းမည့် ခရီးစဉ် အသစ်သည် ၎င်း၏ ၁၈ ခုမြောက် ပြည်ပ လေကြောင်းခရီးဖြစ်သည်။
        ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ လာရောက်သည့် ဘုရားဖူးခရီးသည် အရေအတွက်သည် တိုးတက်လျက်ရှိသည်ကို သတိပြုမိကြောင်း၊ ယခုခရီးစဉ်အသစ်သည် အိန္ဒိယနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် စီးပွား ရေးတိုးတက်မှုကို အထောက်အပံ့ပြု နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် နှစ်နိုင်ငံ အကြား ယဉ်ကျေးမှုနှင့် ကုန်သွယ်မှု ဆိုင်ရာ ဆက်ဆံရေးကိုလည်း တိုးတက် စေမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်း ဆိုင်ရာ ခရီးသည်များနှ င့် အားလပ်ရက်အပန်းဖြေ ခရီးသွားရောက်သူများ၏ လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ၎င်းတို့၏ လေကြောင်း ပျံသန်းမှုကွန်ရက်ကို ဆက်လက်တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း IndiGo မှ ၎င်း၏သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
    ယခုခရီးစဉ်အား စက်တင်ဘာ ၂၀ ရက်မှစတင်၍ နေ့စဉ်ပျံသန်းရာတွင် အသွားခရီးစဉ်အဖြစ် လေကြောင်း ပျံသန်းအမှတ်စဉ် 6E 1398 ဖြင့် ကိုလ် ကတ္တားမြို့မှ ဒေသစံတော်ချိန်နံနက် ၁၁း၃၀ နာရီတွင် ထွက်ခွာမည်ဖြစ်ေ ကြာင်း၊ အပြန်ခရီးစဉ်အဖြစ် လေကြောင်းပျံသန်း အမှတ်စဉ် 6E 1399 ဖြင့် ရန်ကုန်မြို့မှ ကိုလ်ကတ္တားမြို့သို့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။ ခရီးစဉ် တစ်ကြောင်းအတွက် ခရီးသည်တစ်ဦး လျှင် အိန္ဒိယရူပီးငွေ ၅၉၉၉ သတ်မှတ်ထားသည်။ လက်ရှိကာလ၌ ရန်ကုန်မြို့နှင့် ကိုလ်ကတ္တားမြို့အကြား Myanmar Airways, Air India,  Biman Bangladesh, Thai Airways စသည် ဖြင့် လေကြောင်း လိုင်းများစွာက နေ့စဉ် လေကြောင်းခရီးစဉ်ပေါင်း ၄၀ ကျော် ဖြင့် ပျံသန်းလျက်ရှိသော်လည်း တိုက် ရိုက်ပျံသန်းသည့် လေကြောင်းလိုင်းမှာ နှစ်ခုသာရှိသည်။ ယခု ှုညိငွသ မှ နေ့စဉ် တိုက်ရိုက်ပျံသန်းပြေးဆွဲမည့် ခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ ခရီးသွား လုပ်ငန်း ကဏ္ဍကို တိုးမြှင့်စေနိုင်ရုံသာမက မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်လိုသည့် အိန္ဒိယခရီးသည်များ၊ စီးပွားရေးလုပ် ငန်းရှင်များ၏ ခရီးသွားလာမှုကိုပါ မြှင့် တင်နိုင်မည်ဖြစ်ကြောင်း သိရှိ ရသည်။

 

နေအေးလွင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့