Main menu

Background

ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ဆန်စပါးအာမခံဈေးနှုန်းအား အဆိုပြုတင်ပြ

Fri, 09/06/2019 - 13:13 -- journal_editor

     ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr.Jurin Kaksanawisit က လယ်သမားများ၏ သီးနှံဈေးနှုန်း နိမ့်ကျနေမှုအပေါ် ကူညီရန်အတွက် ဆန်စပါးအမျိုးအစား ငါးခုအတွက်ဈေးနှုန်း အာမခံချက်ကို အဆိုပြုခဲ့ေ ကြာင်း သိရှိရသည်။ Mr.Jurin က အဆိုပြုလွှာအား လယ်သမားများ၏ကိုယ် စားလှယ်များ၊ ဆန်စပါးကုန်သည်အသင်းများ၊ အစိုးရအရာရှိများနှင့် မကြာခင်က ကျင်းပခဲ့သည့် အစည်းအဝေးမှ ညှိနှိုင်း ဆွေးနွေးဆုံးဖြတ်ချက်များ အပေါ်အခြေခံ၍ အဆိုပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းဆွေးနွေးချက်များမှ စပါးအစို ဓာတ်နှုန်း ၁၅ ရာခိုင်နှုန်းဖြင့် အများဆုံးပမာဏ ၁၄ တန်မှ တန် ၃၀ အပေါ် စပါးဈေးအာမခံမှုဆိုင်ရာ အချက်အလက်များကို ချမှတ်ရန် သဘောတူ ခဲ့ကြောင်း၊ သို့ရာတွင်ဆန်စပါးအာမခံဈေးနှုန်း အစီအစဉ်မှာ သက်တမ်းတိုစပါး သို့မဟုတ် စိုက်ပျိုးချိန်ရက် ပေါင်း ၁၀၀ ထက်နည်းသော ဆန်စပါးများအတွက် မပါဝင် ကြောင်း သိရှိရသည်။

     အဆိုပါ အာမခံဈေးနှုန်းကြေညာချက်ကြောင့်  ၃ ဒသမ ၉သန်းပမာဏရှိသော လယ်သမားများ အကျိုးခံစားခွင့်ရရှိ မည်ဖြစ်ကြောင်း၊ ယခုဆန်စပါးအာမခံဈေးနှုန်းမူဝါဒမှာ အသစ် မဟုတ်ကြောင်း ၂၀၁၁-၂၀၁၃ခုနှစ်အတွင်း ဒီမိုကရက်ပါတီ ဦးဆောင်သော အစိုးရလက်ထက်တွင် သီးနှံဈေးနှုန်း အာမခံစနစ်နှင့် အာမခံမှုတို့ကို အကောင်အထည်ဖော်ခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။ ဆန်စပါးဈေးနှုန်းအာမခံအစီအစဉ်တွင် အကယ်၍ ဈေးကွက်ထဲရှိ ဈေးနှုန်းသည်သတ်မှတ်ထားသော ဈေးနှုန်းအောက် ရောက်ရှိခဲ့ပါက အလျော်အစားပေးမည့် အစီအစဉ် များပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယခုနှစ်အတွက် စပါးအမျိုးအစားငါးမျိုးအား အဆိုပါအစီအစဉ်အတွက် ရွေး ချယ်ခဲ့ကြောင်းသိရှိရသည်။ ၎င်းတို့မKhao Chao၊ Chao hom Mali(Jasmine rice)၊ Khao hom Changwat၊ Chao hom Pathum Thani၊ Chao niao(Sticky rice) တို့ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါအစီအစဉ်တွင် လယ် သမားများအနေ ဖြင့် Khao Chao စပါးအတွက်အာမခံဈေးနှုန်းအား တစ်တန် လျှင် ဘတ် ၁၀၀၀၀ ဖြစ်ကြောင်း၊ သို့ရာတွင် အသိအမှတ်ပြု ထားသော တန် ၃၀ ထက်ကျော်လွန်ခွင့်မရှိကြောင်း သိရှိရ သည်။
       Chao hom Mali(Jasmine rice) စပါးအတွက်အများဆုံး ၁၄ တန်အထိ တစ်တန်လျှင် ဘတ် ၁၅၀၀၀ ဖြင့် အာမခံဈေး သတ်မှတ်ပေးထားကြောင်း၊ Khao hom Changwat စပါး အတွက် အများဆုံး ၁၆ တန်အထိ တစ် တန်လျှင် ဘတ် ၁၄၀၀၀ ဖြင့် အာမခံဈေးသတ်မှတ်ပေးထားကြောင်း၊ Chao hom Pathum Thani  စပါးအတွက် အများဆုံး ၂၅ တန်အထိ တစ်တန်လျှင် ဘတ် ၁၁၀၀၀ ဖြင့် အာမခံဈေးသတ်မှတ်ပေးထား ကြောင်း၊ Chaoniao (Stickyrice) စပါးအတွက် အများဆုံး၁၆ တန်အထိတစ်တန်လျှင်ဘတ် ၁၂၀၀၀ ဖြင့် အာမခံဈေး သတ် မှတ်ပေးထားကြောင်း သိရှိရသည်။ အဆိုပါစပါးအာမခံဈေးနှုန်းကို အမျိုးသားဆန်စပါး မူဝါဒကော်မတီမှ အတည်ပြုပေး လိမ့်မည်ဖြစ်ကြောင်းနှင့် ဆက်လက်ပြီးနောက်ဆုံး အတည်ပြုအမိန့်ရရှိစေရန် အစိုးရ အဖွဲ့သို့ ကြေညာချက်မထုတ်ပြန်မီ အတည်ပြုမိန့်ရရှိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  အခြားသော ထုတ်လုပ်မှု ကုန်ကျစရိ တ်လျော့ချရေးနှင့် အပိုကုန်ကျစရိတ် များလျော့ချရေးအစီအမံများကိုလည်း ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ Pathum Thani မှလယ်သမားတစ်ဦးဖြစ်သော Sonpit Aimthong ကအဆိုပါ စပါးဈေးနှုန်း အာမခံအစီအစဉ်အား ကြိုဆိုကြောင်း၊ ၎င်းတို့အနေဖြင့် အစိုဓာတ်နှုန်း  ၂၅ ရာခိုင် နှုန်းဖြင့် စပါးတစ်တန်လျှင် ဘတ်ငွေ ၆၅၀၀ မှ ၇၀၀၀ အထိ သာ ရရှိခဲ့ကြောင်း၊ အကယ်၍ အစိုးရအနေဖြင့် စပါး တစ်တန်လျှင် အာမခံဈေးနှုန်း ဘတ် ၁၀၀၀၀ သတ်မှတ်မည်ဆိုပါက လယ်သမားများအနေဖြင့် ဆက်လက်အသက်ရှင်ရပ်တည်နိုင် လိမ့်မည်ဖြစ်ကြောင်း ၎င်း ကပြောကြားခဲ့သည်။

 

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့။