Main menu

Background

အိန္ဒိယတွင် သိုလှောင်ထားသည့် ပဲစင်းငုံများ ပြည်တွင်းဈေးကွက်သို့ ရောင်းချလျက်ရှိ

Thu, 09/12/2019 - 15:15 -- journal_editor

     အိန္ဒိယနိုင်ငံ၌ ၂၀၁၉ ခုနှစ် မိုးရာသီ ပဲစင်းငုံစိုက်ပျိုးမှု ပမာဏသည် ယခင်နှစ်စိုက်ဧကထက် ပိုမိုတိုးချဲ့စိုက်ပျိုးထား ရှိပြီးဖြစ်၍ နိုင်ငံပိုင်ရောင်းဝယ်ရေးလုပ်ငန်းဖြစ်သော အိန္ဒိယ အမျိုးသားစိုက်ပျိုးရေးဈေးကွက်မြှင့်တင်မှု သမဝါယမလီမိတက် (NAFED) သည် ၎င်းလက်ဝယ်၌ အရန်သိုလှောင် ဝယ်ယူ ထားရှိသည့် ပဲစင်းငုံများအနက် အချို့ကို ပြည်တွင်းဈေးကွက် သို့ ပြန်လည်ရောင်းချနေပြီဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ပဲစင်းငုံစိုက်ပျိုးမှုမှာ ယခုနှစ် မိုးရာသီ၌ သြဂုတ် ၂၃ ရက်အထိ ဟက်တာ ၄၃ ဒသမ ၄၂၉ သိန်း စိုက် ပျိုးထားရှိပြီးဖြစ်ရာ ၂၀၁၈-၁၉ ခုနှစ် သီးနှံစိုက်ပျိုးရေးရာသီ ကာလရှိ ဟက်တာ ၄၃ ဒသမ ၂၆၁ သိန်းစိုက်ပျိုးခဲ့မှုထက် အနည်းငယ်မျှပိုမိုပြီး လုံလောက်ေ သာ စိုက်ဧကရရှိခဲ့သည်။ အထူးသဖြင့် Karnataka, Andhra Pradesh, Telangana နှင့် Uttar Pradesh ပြည်နယ်များ၌ ယခင်နှစ် ပဲစင်းငုံစိုက်ဧကထက် တိုးချဲ့စိုက်ပျိုးနိုင်ခြင်းဖြစ်သည်။

    ပဲစင်းငုံဝယ်ယူသိုလှောင်ထားရှိမှုမှ နှစ်ဟောင်းလက် ကျန်အဖြစ် Karnataka, Maharashtra နှင့် Gujarat ပြည် နယ်များ၌ ကျန်ရှိနေသော ပဲစင်းငုံ ၄၀၂၅၉ တန်အား NAFEDက ပြည်တွင်းဈေးကွက်အတွင်း တင်ဒါစနစ်ဖြင့် ဖြန့်ဖြူး ရောင်းချခြင်း ဖြစ်သည်။ ယခုကဲ့သို့  အရန်သိုလှောင်ထားသည့် ပဲစင်းငုံများ ရောင်းချမှုသည် ဒီဇင်ဘာလ၌ စတင်ထွက်ရှိလာနိုင်သည့် သီးနှံအသစ်များ ဝယ်ယူသိုလှောင်ရန်အတွက် သိုလှောင်ရုံ နေရာများအား အရန် သင့် ရှင်းလင်းထားပြီးဖြစ်စေသကဲ့သို့ လာမည့်ပွဲ တော်ရာသီချိန်၌ ဈေးနှုန်းမြင့်တက်မှုအား ကြိုတင် ကာကွယ်ထားပြီးဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း ပဲစင်းငုံဈေးနှုန်းမှာ အကျဘက်တွင် ရှိနေ ခဲ့ရာမှ ယခင်နှစ်အထွက်နှုန်းကျဆင်းမှုနှင့် ယခုနှစ် မုတ် သုံရာသီ အစောပိုင်း၌ မိုးရွာသွန်းမှုနည်းပါးလျက် စိုက်ပျိုးရေ ရရှိမှုအရ စိုက်ဧကလျော့ကျနိုင် ခြေရှိခြင်းတို့က ၂၀၁၉ ခုနှစ် ဧပြီလမှစ၍ ဈေးနှုန်းတက်ရိပ်ပြလာစေခဲ့သည်။ ယခုနှစ် စိုက်ပျိုးထွက်ရှိမည့် ပဲစင်းငုံများအတွက် အနိမ့်ဆုံးထား၍ ဝယ်ယူရမည့် ဈေးနှုန်းအား ယခင်နှစ်ထက် ၂ ဒသမ ၂ ရာခိုင် နှုန်းပိုမိုလျက် ၁၀၀   ကီလိုဂရမ်လျှင် ရူပီး   ၅၈၀၀ အထိ တိုးမြှင့်သတ်မှတ်ပေးခဲ့သည်။ ပဲစင်းငုံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် စက်တင်ဘာနှင့်အောက်တိုဘာ မိုးနှောင်းကာလတွင် မိုးရေချိန်ရရှိမှု ဆက်လက်ကောင်းမွန်ရန် မျှော်လင့်လျက်ရှိကြသည်။

 

နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့။