Main menu

Background

သကြားထုတ်လုပ်မှုအပေါ် အထောက်အပံ့ပေးမှုနှင့် ပတ်သက်၍ အိန္ဒိယကို WTO စစ်ဆေး

Thu, 09/12/2019 - 15:17 -- journal_editor

     အိန္ဒိယနိုင်ငံ၏ ပြည်တွင်းသကြားထုတ်လုပ်မှုအပေါ် အထောက်အပံ့ပေးမှုများသည် ကမ္ဘာ့သကြားရောင်းလိုအားကို   အလွန်အကျူးဖြစ်စေသည်ဟု သြစတြေးလျ၊ ဘရာဇီးနှင့် ဂွါတီမာလာတို့၏ တိုင်ကြားချက်အရ ကမ္ဘာ့ကုန် သွယ် ရေးအဖွဲ့ (WTO) အနေဖြင့် အိန္ဒိယကို စတင်စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။ သြစတြေးလျ၊ ဘရာဇီးနှင့် ဂွါတီမာလာတို့က အိန္ဒိယနိုင်ငံ၏ ဆောင်ရွက် ချက်များသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အခြေခံစည်းမျဉ်း ဥပဒေများကို ချိုး ဖောက်ခြင်း ရှိ/မရှိ ခုံသမာဓိဖွဲ့၍ စစ်ဆေးပေးရန် ဒုတိယအကြိမ် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ပထမအကြိမ်တောင်းဆိုမှုကို အိန္ဒိယနိုင်ငံက တားမြစ်ခဲ့သော်လည်း ယခုအကြိမ်တွင် ကမ္ဘာ့ကုန်သွယ်ေ ရးအဖွဲ့က ခုံသမာဓိအဖွဲ့ ဖွဲ့စည်းပြီး စစ် ဆေးရန် သဘောတူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

    ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အနေဖြင့် ဥပဒေများနှင့် ကိုက်ညီခြင်းမရှိသော အဖွဲ့ဝင်နိုင်ငံများကို ကုန်သွယ်ရေး ပိတ်ပင်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။  သြစတြေးလျကုန်သွယ်ရေးဝန်ကြီး ဆီမွန်ဘရင်မင်ဂမ်က ယင်း ကိစ္စနှင့် ပတ်သက် ၍ အိန္ဒိယနိုင်ငံနှင့် ညှိနှိုင်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ခြင်းကြောင့် ဘရာဇီးနှင့် ဂွါတီမာလာတို့နှင့် ပူးပေါင်းပြီး ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အိန္ဒိယနိုင်ငံသည် သကြား စက်ရုံများအား ကြံဝယ်ယူခြင်းနှင့် ထုတ်လုပ်ပြီး သကြားပြန်လည်ရောင်းချခြင်းတို့အတွက် အနိမ့်ဆုံးဈေးသတ်မှတ်ဆောင်ရွက်လျက် ရှိရာ ယင်းအနိမ့်ဆုံးဈေး သတ်မှတ်ခြင်းသည် ကမ္ဘာ့သကြားထုတ်လုပ်မှုများထက် ထုတ်လုပ် စရိတ် ကြီးမြင့်ပြီး သန်း ၆၀ ခန့်ရှိသော အိန္ဒိယ ကြံစိုက်ပျိုးသူများကို ကာကွယ်ရန်ဖြစ်ကြောင်း၊ သို့သော် ဝန်ထမ်းပေါင်း ခြောက်သိန်းခန့်ရှိသော သကြား စက်ရုံများမှာ ကြွေးကျန်များစွာရှိနေကြောင်း၊ အဆိုပါကြွေးးကျန်များကို ပြန်လည် ပေးဆပ်နိုင်ရန် အနိမ့်ဆုံး သကြားရောင်းဈေးကို ၇ ရာခိုင်နှုန်းအထိ တိုးမြှင့်ရေးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းက သတ်မှတ်ခဲ့ကြောင်း သိရသည်။

    သြစတြေးလျ၊ ဘရာဇီးနှင့် ဂွါတီမာလာတို့က အိန္ဒိယနိုင်ငံသည် သကြားထုတ် လုပ်မှုအပေါ် အထောက်အပံ့ပေးမှုများသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကတိ ကဝတ်များနှင့် ကိုက်ညီခြင်းမရှိဘဲ ကမ္ဘာ့သကြားဈေးကွက်ကို ကျဆင်းစေသည့် အပြင် သကြားထုတ်လုပ်မှုစရိတ် တစ်ပေါင်လျှင် ၁၂ ဆင့်အထိ ဆက်လက်ကျဆင်း စေကြောင်း၊ ထို့ကြောင့် အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်မှုအပေါ် ထောက်ပံ့မှုကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှတစ်ဆင့် စစ်ေ ဆးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 အောင်မျိုးမြင့်