Main menu

Background

မဟာပင်လယ်အော်ဒေသမှ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နေသည့် ကွမ်ရှီးပေပုပင်လယ်ကွေ့

Thu, 09/12/2019 - 15:22 -- journal_editor

    သြဂုတ် ၂၈ ရက်တွင် ၂၀၁၉ ကွမ်ရှီးပေပု ပင်လယ်ကွေ့စီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ပွဲကို ကျင်းပ ခဲ့ပြီး ကွမ်ရှီးနှင့် ကွမ်တုန်း-ဟောင်ကောင် -မကာအို မဟာပင်လယ်အော်ဒေသ တို့အကြား စီမံကိန်း ၁၆ ခုအပေါ် သဘော တူညီမှုများ ရရှိခဲ့သည်။ ကွမ်ရှီးပေပုပင်လယ်ကွေ့စီးပွားရေးဇုန်တွင်ရှိသည့် မြို့တော်များနှင့် စက်မှုဇုန်များမှ တက်ရောက်သူဦးရေ ၂၀၀နီးပါးအပြင်၊ မဟာပင်လယ်အော် ဒေသဘက်မှ ဇီဝဆေးဝါး၊ လျှပ်စစ် သတင်း အချက်အလက်၊ ပစ္စည်းအသစ် များ၊ စွမ်းအင်အသစ်၊ ဓာတုဗေဒဆိုင်ရာ၊ ထောက်ပို့   သယ်ယူပို့ဆောင်ရေးနှင့် အခြားလုပ်ငန်းများမှ ကိုယ်စားလှယ် များပါ တက်ရောက်ခဲ့ကြသည်။ နှစ်ဦး နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက် ရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အပြန် အလှန်ဖလှယ်မှုများကို စူးစမ်းရှာဖွေရန်၊ အသိဉာဏ်ပစ္စည်းဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန်နှင့် ပေါင်းစည်းထားသော ဖွံ့ဖြိုးမှုများကို ရှာဖွေရန် အဆိုပါ မြှင့်တင်ရေး အစည်း အဝေးတွင် လာရောက်စုရုံးခဲ့ကြခြင်း ဖြစ်သည်။

    ပေပုပင်လယ်ကွေ့ စီးပွားရေးဇုန် ၏ ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ  Wei Ran က  ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ သင်္ဘောပြေးဆွဲရေး၊ စက်မှုလုပ်ငန်းနှင့် စွမ်းရည်နယ်ပယ်တို့၏ အလွန်အရေး ပါမှုကို သိရှိကြလျက် ယင်းနယ် ပယ်များတွင်  မဟာပင်လယ်အော်ဒေသနှင့် ပူးပေါင်းဆောင်ရွက်မှု တောင့်တင်းခိုင် မာရေးကို မျှော်မှန်းလျက်ရှိကြောင်း ပြော ကြားခဲ့သည်။ ယခုကျင်းပခဲ့သည့် မြှင့်တင်ရေး ပွဲ၏ ရည်ရွယ်ချက်မှာ ကွမ်ရှီးနှင့် ရှမ်း ကျန့်တို့အကြား ပူးပေါင်းဆောင်ရွက် ရေးနှင့် ထိရောက်စွာဖလှယ်ရေးကို မြှင့်တင်ရန်၊ စီးပွားရေးပတ်ဝန်းကျင်ကို တိုး မြှင့်ရန်နှင့်  ရင်းနှီးမြှုပ်နှံသူများနှင့် စွမ်းရည်များအတွက် အရည်အသွေး ပိုမိုကောင်းမွန်ပြီး ထိရောက်သည့် ဝန် ဆောင်မှု များကို ပံ့ပိုးကူညီပေးရန်ဖြစ် ကြောင်း ၎င်းက ပြောကြားခဲ့သည်။

     မြှင့်တင်ရေးပွဲတွင် ကွမ်ရှီးပေပု ပင်လယ်ကွေ့ စီးပွားရေးဇုန်နှင့် အနောက် ပိုင်းကုန်းမြေ- ပင်လယ်ကုန်သွယ်ရေး စြင်္ကံတို့၏  အောင်မြင်မှုများနှင့် အခွင့် အလမ်းများ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ စီးပွားရေးပတ် ဝန်းကျင်၊ ပေဟိုင်၊ ဖန်ကျင်းကန်နှင့် ကွင်းကျိုးတို့၏ စက်မှုဇုန်များအကြောင်းတို့ကို မိတ်ဆက်ခဲ့သည်။ မြှင့်တင်ရေးပွဲအပြီး သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည့် စီမံကိန်း ၁၆ ခုတို့မှာ စက်မှုလုပ်ငန်းအလိုက် လိုက်ဖက်ရာ အတွဲြ ပုခြင်း၊ ကိရိယာတန်ဆာ ပလာများထုတ်လုပ်ခြင်း၊ ဇီဝဆေးဝါး နှင့် ဂေဟစနစ်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ကာကွယ်ခြင်းကဲ့သို့သော နယ်ပယ်များကို ခြုံငုံမိပါသည်။ ဤသည်တို့မှာ  စက်မှုလုပ်ငန်းဆိုင်ရာ တည် ဆောက်မှုကို အမြင့်ဆုံးဖြစ်စေရေး ထပ်မံတိုးချဲ့ပေးနိုင်ပြီး  ပေပုပင်လယ် ကွေ့စီးပွားရေးဇုန်ဖွံ့ဖြိုးရေးနှင့် အဆင့် မြှင့်တင်ရေးကို အထောက်အကူပြုသွား နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ရင်းမြစ်။ en.gxzf.gov.cn

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး (နန်နင်းမြို့)