Main menu

Background

ကမ္ဘာ့လယ်ယာထွက်စားသောက်ကုန် ကုန်သွယ်မှုတွင် အီးယူဦးဆောင်လျက်ရှိ

Fri, 09/20/2019 - 12:51 -- journal_editor

     ၂၀၁၈ ခုနှစ်တွင် အီးယူ၏ လယ်ယာထွက် စားသောက်ကုန် တင်ပို့ မှု ယူရို ၁၃၈ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး အီးယူအနေဖြင့် ကမ္ဘာ့လယ်ယာထွက် စားသောက်ကုန်တင်ပို့မှု  အများဆုံး အဖြစ် ရပ်တည်နေကြောင်း သိရသည်။ ၂၀၁၈ ခုနှစ်တွင် အီးယူ၏ လယ်ယာ ထွက်ကုန်တင်ပို့မှုသည် စက်ပစ္စည်း၊ အခြားကုန်ထုတ်ပစ္စည်းများနှင့် ဓာတု ဗေဒပစ္စည်းများ၏ နောက်စတုတ္ထနေရာ တွင် ရပ်တည်ခဲ့ပြီး၊ အီးယူ၏ စုစုပေါင်း ကုန်စည်တင်ပို့မှု၏ ၇ ရာခိုင်နှုန်း ရှိခဲ့ ကြောင်းလည်း သိရှိရသည်။ အီးယူတွင် လယ်ယာစိုက်ပျိုးရေးနှင့် စားသောက် ကုန်တို့နှင့် ဆက်နွှယ်နေသည့် စက်မှု လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်း များမှ အလုပ်အကိုင် ၄၄ သန်းနီးပါးကို ပံ့ပိုးပေးထားကြောင်း၊ စားေ သာက်ကုန် ထုတ်လုပ်ခြင်းနှင့် ဆင့်တက်ပြုပြင်ခြင်းလုပ်ငန်းတို့သည် အလုပ်အကိုင်ရရှိမှု၏ ၇ ရာခိုင်နှုန်းရှိပြီး၊ value added စုစု ပေါင်း၏ ၃ ဒသမ ၇ ရာခိုင်နှုန်းရှိသည် ဟု သိရှိရသည်။ ဈေးကွက်အခြေပြု ဘုံလယ်ယာ စိုက်ပျိုးရေးဆိုင်ရာမူဝါဒသည် လယ်ယာထွက်ကုန် ကုန်သွယ်မှုတွင် အီးယူ၏အောင်မြင်မှုအား အဓိကပါဝင် အကျိုးပြု ခြင်းဖြစ်ကြောင်း၊ အီးယူ၏ ဘေးကင်းလုံခြုံမှုရှိပြီး၊ စဉ်ဆက်မပြတ် ထုတ်လုပ် နိုင်သည့် အာဟာရပြည့်ဝေ သာ အရည် အသွေးမီပစ္စည်းများအား ထုတ်လုပ်နိုင်မှု ဂုဏ်သတင်းသည် ကမ္ဘာ့ဈေးကွက်တွင် ယခုကဲ့သို့ နေရာရစေခြင်းဖြစ်ကြောင်း၊ ဥရောပကော်မရှင်အနေဖြင့် အီးယူ၏ အရေးကြီးသော ကဏ္ဍများအား လုံ လောက်သည့် ကာကွယ်မှုပေးခြင်းဖြင့် လယ်ယာထွက်ကုန် စိုက်ပျိုးထုတ်လုပ် သူများကို ကမ္ဘာတစ်ဝန်းဈေးကွက် အခွင့် အလမ်းများမှ အကျိုးကျေးဇူးရရှိစေရန် ကူညီပေးမည်ဖြစ်ကြောင်း ဥရောပ ကော်မရှင် ၏ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဌာန၏ ကော်မရှင် နာဖြစ်သူ Phil Hogan က ပြောကြား ခဲ့ကြောင်းသိရသည်။
  အီးယူ၏ လယ်ယာထွက် စားသောက်ကုန်တင်ပို့မှုဆိုင်ရာ ထိပ် တန်းဈေးကွက်နိုင်ငံ ငါးနိုင်ငံမှာ အမေ ရိကန်ပြည်ထောင်စု၊ တရုတ်၊ ဆွစ်ဇာလန်၊ ဂျပန်နှင့် ရုရှားနိုင်ငံတို့ဖြစ်ကြပြီး၊ အီးယူ ပို့ကုန်၏ ၄၀ ရာခိုင်နှုန်းရှိကြောင်း သိရ သည်။ အီးယူလယ်သမားများအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် ညှိနှိုင်းဆွေးနွေးဆဲ ကုန်သွယ်မှုသဘော တူညီချက်များအပြင် ဥရောပကော်မရှင်အနေဖြင့် ကော်မရှင်နာ Phil Hogan ဦးဆောင်သည့် အဆင့်မြင့် အရာရှိခရီးစဉ်များ  သွားရောက်ခြင်းအပါအဝင် ပို့ကုန်မြှင့်တင်ရေး ဆောင်ရွက်ချက်များ မှတစ်ဆင့် အီးယူ၏ ပို့ကုန်လုပ်ငန်းရှင်များအား ဈေးကွက်သစ်များရရှိရေး ကူညီဆောင်ရွက်ပေးနေကြောင်း၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် များအတွင်း ကော် မရှင်နာ Phil Hogan သည်  အီးယူမှ ထုတ်လုပ်သူလုပ်ငန်းရှင်များ လိုက်ပါလျက် တရုတ်၊ ဂျပန်နှင့် အာရပ်စော် ဘွားများ ပြည်ထောင်စု စသည့်နိုင်ငံ များသို့ သွားရောက်ခဲ့ကြောင်း သိရသည်။ အီးယူအနြေ ဖင့် အဓိကတင် သွင်းသည့် လယ်ယာထွက်ကုန်အမျိုးအစားသုံးမျိုးရှိသည်။ ပထမ တစ်မျိုးမှာ အီးယူတွင် စိုက်ပျိုးထုတ်လုပ်ခြင်း မရှိသည့် Tropical Fruit၊ ကော်ဖီနှင့် လတ် ဆတ်သစ်သီးဝလံ(သို့မဟုတ်)သစ်သီး ခြောက်များြ ဖစ်သည်။ အဆိုပါထုတ် ကုန်များ အီးယူသို့ တင်သွင်းမှုမှာ ၂၀၁၈ ခုနှစ်တွင် တင်သွင်းမှုပမာဏ၏ ၂၃ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ဒုတိယတင်သွင်းသည့် အမျိုးအစားမှာ တိရစ္ဆာန်အစားအစာပစ္စည်းများ ဖြစ်သည့် ဆီထုတ်ပြီးသည့် ကြိတ်ဖတ်များ နှင့် ပဲပိစပ်များဖြစ်ပြီး တင်သွင်းမှု၏ ၁၀ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း၊ တတိယ အမျိုးအစားမှာ ဆင့်တက်ပြုပြင်ခြင်း လုပ်ငန်းများ၏ ပါဝင်ပစ္စည်းများဖြစ် သည့် ဆီအုန်းကဲ့သို့သော ထုတ်ကုန် များ ဖြစ်ကြောင်း လေ့လာသိရှိရသည်။ အီးယူ အနေဖြင့် အမေရိကန်နိုင်ငံမှ လယ်ယာ ထွက်ကုန်ပစ္စည်းများ တင်သွင်းမှုမှာ လျင်မြန်စွာ တိုးတက်လာလျက်ရှိပြီး၊ ၂၀၁၈ ခုနှစ် တွင် ၁၀ ရာခိုင်နှုန်း တိုး တက်မှုနှင့်အတူ အီးယူ၏ လယ်ယာ ထွက် စားသောက်ကုန်တင်သွင်းမှု ထိပ် တန်းနိုင်ငံဖြစ်လာခဲ့ကြောင်း သိရှိရသည်။

 

ရင်းမြစ် - (https://europeansting.com)
ကျော်စိန်ဝင်း (စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့။)