Main menu

Background

တောင်ကိုရီးယား လယ်ယာမြေအများစုကို အသက် ၆၀ ကျော်တို့ကပိုင်ဆိုင်

Fri, 09/20/2019 - 13:02 -- journal_editor

    တောင်ကိုရီးယားနိုင်ငံ၏ လယ်ယာမြေအများစုကို အသက် ၆၀ ကျော် သူများက  ပိုင်ဆိုင်ထားသည်ဟု ကိုရီး ယားကျေးလက်စီးပွားရေးအဖွဲ့ KREI က စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန် သည့် ကိန်းဂဏန်းများအရ  သိရ ကြောင်း ယွန်းဟပ်သတင်းတွင် ဖော်ပြ သည်။ ထို့ကြောင့် နိုင်ငံ၏လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ရေရှည်တည်တံ့ရေးအတွက် စိုးရိမ်မှုများမြင့်တက်လျက်ရှိသည်။ ကိုရီးယားစာရင်းရုံးမှ  နောက်ဆုံးရရှိသော နောက်ဆုံးကိန်းဂဏန်း များအရ နိုင်ငံအတွင်းရှိ စိုက်ပျိုးနိုင် သော လယ်မြေများ၏ ၈၁ ရာခိုင်နှုန်း ကို အသက်အရွယ်ကြီးသူများက ပိုင်ဆိုင်ထားပြီး လယ်ယာမြေ၏ ၄၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်သူများမှာ အသက် ၇၀ ကျော်အရွယ်များဖြစ်ကြ သည်။ ကျေး လက် လယ်ယာစိုက်ပျိုး ရေး လူ့အဖွဲ့အစည်းတွင် အသက် အရွယ်ကြီးရင့်သူ များပြားနေခြင်းက ဤကဏ္ဍ   တိုးတက်ကောင်းမွန်ရေး အတွက် ရှေ့သို့ခရီးရန်အခက်အခဲရှိ နေသည်ကို ထင်ရှားစွာ  ပြသလျက်ရှိ ကြောင်း KREI က ပြောသည်။
    လယ်ယာစိုက်ပျိုးရေးကဏ္ဍကို နှစ်ပေါင်းများစွာ ထိန်းထားနိုင်ရေးအတွက် တောင်ကိုရီးယားအစိုးရသည် ထောက်ပံ့ကြေးများနှင့်  အခြားမက်လုံး အမျိုးမျိုးတို့ကိုပေး၍ ဆောင်ရွက်လျက်ရှိသည်။ သို့သော်လည်း မြို့ပြ တွင်နေ လိုသော လူငယ်မျိုးဆက်များကြားတွင် သီးနှံစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးကို စိတ်ဝင်စားမှု ကျဆင်းလျက်ရှိသည်။ လယ်ယာမြေ ပိုင်ဆိုင်မှုကို ကြည့်ပါက အသက်(၅၀) ဝန်းကျင်ရှိ သူများ၏ ပိုင်ဆိုင်မှုက ၁၅ ရာခိုင်နှုန်း၊ အသက်(၄၀) ဝန်းကျင်ရှိသူများ၏ ပိုင်ဆိုင်မှုက ၃ ဒသမ ၇ ရာခိုင်နှုန်းနှင့် အသက် (၄၀)အောက်ရှိသူများ၏ ပိုင်ဆိုင်မှုက သုည ဒသမ ၂ ရာခိုင်နှုန်းသာရှိကြောင်း  ကိန်းဂဏန်းများအရ သိရသည်။

 

စံမီအောင်