Main menu

Background

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အရေးသစ်များ ထိုင်းအစိုးရခွင့်ပြု

Thu, 09/26/2019 - 14:17 -- journal_editor

    အမေရိကန်-တရုတ်ကုန်သွယ် ရေးစစ်ပွဲအကြား ၎င်းတို့၏ ထုတ်လုပ်မှု အခြေစိုက်လုပ်ငန်းများရွှေ့ပြောင်းလာကြမည့်   နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အတွက် အစိုးရအဖွဲ့က အခွင့်အရေး သစ်များကို ခွင့်ပြုပေးခဲ့သည်။ အဆို ပါ အစီအစဉ်တွင် အခွန်ဆိုင်ရာ ကင်းလွတ် ခွင့်နှင့်သက်သာခွင့်များ၊ နိုင်ငံတစ်ခုခြင်း အလိုက် အထူးရင်းနှီးမြှုပ်နှံဇုန်များနှင့် ရင်းနှီးမြှုပ်နှံမှုများ  အဆင်ပြေစေရန် နိုင်ငံခြားစီးပွားရေး   အက်ဥပဒေအား အနာဂတ်တွင်ပြင်ဆင်ေ ရးတို့ ပါဝင်သည်။ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ၏ နိုင်ငံရေးရာဒုတိယအတွင်းရေးမှူး ချုပ် Kobasak Pootrakool က အဆိုပါ အစီအစဉ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်ေ စမည့် နည်းပညာအသစ်များအတွက် အခွင့်အရေးပေးမည့် အစီအစဉ်များ လည်း  ပါဝင်ကြောင်း၊  ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေးအဖွဲ့ Board of Investment (BOI) ၏ ဦးစားပေးအစီအစဉ်တွင် မပါ ရှိသော စီမံကိန်းများအတွက် အခွန်ဆိုင်ရာ အထူးအခွင့်အရေးပေးမည့် အစီအစဉ် များ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
     အဆိုပါအစီအစဉ်တွင် စီးပွားရေး လုပ်ငန်းများအနေဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ခေတ်ရှေ့ပြေး နေသော နည်းပညာများနှင့်ပတ်သက်၍ ရင်းနှီး မြှုပ်နှံများ (သို့မဟုတ်) နည်းပညာအသစ် များကို သင်တန်းပေးခြင်း အတွက် ကုန်ကျစရိတ်များကို ကော်ပိုရိတ်ဝင်ငွေ ခွန်မှ ၂၀၀ ရာခိုင်နှုန်း မှ ၂၅၀ ရာခိုင်နှုန်း အထိ နုတ်ယူသက်သာခွင့်ကို ခံစားနိုင် ကြောင်း၊ ခေတ်ရှေ့ပြေးနေသော နည်း ပညာများကို တတ်ကျွမ်းနားလည်သည့် မြင့်မားသော ကျွမ်းကျင်မှုအဆင့်ရှိ ပုဂ္ဂိုလ်များကို ခန့်ထား ဆောင်ရွက်ခြင်း အတွက် ကုန်ကျစရိတ်လစာများကို ၂၀၁၉-၂၀၂၀ ကာလအတွင်း ဝင်ငွေခွန် ဆောင်ထိုက်သော ဝင်ငွေမှ ယခုလက်ရှိ သုည ရာခိုင်နှုန်းမှ ၁၅၀ ရာခိုင်နှုန်းအထိ တိုးြ    မှင့်နုတ်ယူ သက်သာခွင့်ပြုမည်ဖြစ် သည်။
        BOI အနေဖြင့် ခေတ်ပေါ်နည်း ပညာကဏ္ဍတွင် လုပ်ကိုင်နေသော ကုမ္ပဏီ ပေါင်း ၅၀၀၀ ခန့်မှ ၎င်းင်းတို့၏ လုပ်သား ၄၀၀၀၀ ခန့်အတွက် အဆိုပါ နုတ်ယူ သက်သာခွင့်များ လျှောက်ထားတင်ပြ ကြလိမ့်မည်ဟု ခန့်မှန်း ထားသည်။ စီးပွား ရေးတိုးတက်မှုအနေဖြင့် ဘဏ္ဍာရေး ဝန်ကြီး Uttama က ပြည်တွင်းစားသုံး သုံးစွဲမှုမြှင့်တင်နိုင်ရန်  Value-Added-Tax (VAT) ခုနစ် ရာခိုင်နှုန်းအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံသက် တမ်းတိုးမြှင့်ခြင်းကို ယမန် နေ့တွင် အစိုးရအဖွဲ့က အတည်ပြုပေးခဲ့ ကြောင်း ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် အဆိုပါ (VAT) အခွန်သက်တမ်းထပ်မံတိုးမြှင့်လိုက် ခြင်းကြောင့် အခွန်ရရှိမှုဘတ်ငွေ ၂၄၀ ဘီလီယံခန့် လျော့ကျ ဆုံးရှုံးလိမ့်မည်ဟု ခန့်မှန်းထားပါသည်။ ဇန်နဝါရီလမှ ဇူလိုင်လအထိ ပထမခုနစ်လအတွင်း (VAT) အခွန်ကောက်ခံရရှိမှုမှာ နှစ် အလိုက်တွင် သုည ဒသမ ၅ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ကြောင်း၊ အဓိကမှာ  ပြည်တွင်းစားသုံး   သုံးစွဲမှု   နှေးကွေး ကျဆင်းခြင်းကြောင့်ဖြစ်ကြောင်း သိရှိ ရသည်။

 

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့။