Main menu

Background

စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများ မြှင့်တင်ရန် အခွန်ကောက်ခံမှု နှုန်းထားများ အိန္ဒိယအစိုးရလျှော့ချ

Wed, 10/02/2019 - 12:40 -- journal_editor

     အိန္ဒိယအစိုးရသည်စီးပွားရေး တိုးတက်မှုနှုန်း  ကျဆင်းလျက်ရှိပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ ပြည်တွင်း ဈေးကွက်၌ပါဝင်ဆောင်ရွက်လိုမှု နည်း ပါးနေခြင်းကို  ကုစားရန်နှင့် စီးပွားရေး လုပ်ငန်းငယ်များ၏ လုပ်ကိုင်ဆောင် ရွက်မှုများအပေါ် တွန်းအားပေးရန် အတွက် ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း စီးပွားရေးလုပ်ငန်းများအတွက် အတိုး နှုန်းသက်သာသည့် ချေးငွေများရယူနိုင် စေရန်အစိုးရပိုင်ဘဏ်များသို့ ဘဏ္ဍာ ငွေဖြည့်ဆည်းခြင်း၊ ပြည်ပမှေ ငွကြေး ထည့်ဝင်ရင်းနှီးမြှုပ်နှံသူ (Foreign Portfolio Investment) များ၏ Equities အစုရှယ်ယာများ လွှဲပြောင်းရောင်းချမှု အပေါ် အပိုဆောင်းကြေးငွေကောက်ခံ မှုအား ရုပ်သိမ်းခြင်း၊ ကုမ္ပဏီငယ်များ၏ အမှန်ရှိသင့်သည့် လုပ်ငန်းတန်ဖိုး ထက် ပိုမို၍ အစုရှယ်ယာများ ထုတ်ဝေရောင်းချမှုမှရရှိသော ငွေကြေး အရင်း အနှီးအပေါ် Angel tax ခေါ် ဝင်ငွေခွန် ကောက်ခံမှုအား ကင်းလွတ်ခွင့်ပြုခြင်း စသည့်  ဘဏ္ဍာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
    ယခုတစ်ဖန် အဓိကကျသည့် ပြောင်းလဲမှုတစ်ရပ်အဖြစ် စီးပွားရေး လုပ်ငန်းကြီးများအပေါ် ကောက်ခံလျက်ရှိသည့် ကော်ပိုရိတ်လုပ်ငန်းအခွန် (corporate tax) ကို သိသာစွာလျှော့ချ မှု ပြုလုပ်ခဲ့သည်။ စက်တင်ဘာ ၂၀ ရက် တွင် ဘဏ္ဍာရေးဝန်ကြီး Ms. Nirmala Sitharaman က ကော်ပိုရိတ်လုပ်ငန်း အခွန်အား ၂၂ ရာခိုင်နှုန်းသို့ လျှော့ချ မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်း စတင်ထူထောင်ဆောင်ရွက်မှုကို မြှင့်တင်သည့်အနေဖြင့် အောက်တိုဘာ ၁ ရက်နောက်ပိုင်း ကုန်ထုတ်လုပ်မှုနယ်ပယ် ၌ မှတ်ပုံတင်ဆောင်ရွက်သည့် ကုမ္ပဏီ ငယ်များ၏ ကော်ပိုရိတ်လုပ်ငန်းအခွန် ကို ၁၅ ရာခိုင်နှုန်းသာ ပေးဆောင်စေမည် ဖြစ်ကြောင်း၊ သို့ရာတွင် ၎င်းလုပ်ငန်းငယ်များသည် ၂၀၂၃ ခုနှစ် မတ်  ၃၁ မတိုင်မီ ကာလအတွင်း အပြည့်အ၀ လုပ်ငန်းလည်ပတ် လုပ်ကိုင်နိုင်ရမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။ အိန္ဒိယနိုင်ငံ၌ လက်ရှိကာလတွင် နှစ်စဉ် လုပ်ငန်းလည်ပတ်ငွေရူပီးလေး ဘီလီယံအထိရှိ သည့် ကုမ္ပဏီများအပေါ် ကော်ပိုရိတ်လုပ်ငန်းအခွန် ၂၅ ရာခိုင် နှုန်းကောက်ခံပြီး အဆိုပါ လည်ပတ်ငွေ ပမာဏထက်ကျော်လွန်သည့် လုပ်ငန်း ကြီးများကိုမူ ၃၀ ရာခိုင်နှုန်း ကောက်ခံလျက်ရှိသည်။ သို့ဖြစ်ရာ ကုမ္ပဏီများ အေ နဖြင့် အခွန်နှုန်းထား လျှော့ချမှုမှ ပိုထွက်လာမည့်ငွေပမာဏအား လုပ်ငန်း တိုးချဲ့ခြင်း၊ လုပ်သားအင်အားတိုးမြှင့် ခြင်း၊ ထုတ်လုပ်မှုမြှင့်တင်ရန် လိုအပ် သည့် ပစ္စည်းကိရိယာများ ဖြည့်ဆည်းခြင်း စသည်တို့တွင် အသုံးပြုနိုင် မည်ဖြစ်သည်။
       အိန္ဒိယအစိုးရ၏ ယခုပြောင်းလဲ လုပ်ဆောင်မှုသည် ပြည်ပရင်းနှီးမြှုပ်နှံ သူများ၏ ယုံကြည်မှုကို မြှင့်တင်နိုင် မည်ဖြစ်သကဲ့သို့ ပြည်တွင်းလုပ်ငန်းရှင် များ၏ ပြည်ပဈေးကွက်၌ ယှဉ်ပြိုင်နိုင် စွမ်းကို ကောင်းမွန်စေမည်ဖြစ် သည်။ ထို့အပြင် ကုမ္ပဏီများ၏ လုပ်ငန်းတိုး ချဲ့လုပ်ကိုင်မှုများမှ အလုပ်အကိုင် အခွင့် အလမ်းဖန်တီးနိုင်မှုကိုလည်း အထောက် အပံ့ဖြစ်စေမည်ဖြစ်သည်။ သို့ရာတွင် အခြားတစ်ဖက်၌ အစိုးရ၏ နှစ်စဉ်အခွန် ကောက်ခံရရှိမှုမှ ရူပီး‌ငွေ ၁၄၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၄ ဘီလီယံခန့်) အထိ လျော့နည်းစေမည် ဖြစ်ပြီး အစိုးရ၏ဘဏ္ဍာရေးလိုငွေ ပြနေမှုကိုလည်း မြင့်တက်စေမည်ဖြစ်သည်။ လေ့လာသူများက အစိုးရ၏ ရည်မှန်းချက်ကို ရရှိနိုင်ရေးသည် ကုမ္ပဏီ များ၏ လုပ်ဆောင်မှုအပေါ် မူတည် လျက်ရှိကြောင်း၊ မော်တော်ကားထုတ် လုပ်သည့်လုပ်ငန်းမှ ဘီစကစ်မုန့် ထုတ် လုပ်ရောင်းချသည့် လုပ်ငန်း အဆင့်ထိ ဝယ်လိုအားများ ကျဆင်းနေသည့်အချိန်တွင် စွန့်စားလုပ်ကိုင်ဆောင်ရွက်လို သည့် ကုမ္ပဏီနည်းပါးကြောင်း၊ သို့ဖြစ် ရာ အလုပ်အကိုင် ဖန်တီးမှုထက် အလုပ် အကိုင်လျော့ကျမှုမရှိစေရေး ထိန်းသိမ်း နိုင်သည့် အနေအထားသာရှိကြောင်း သုံးသပ်ပြောဆိုလျက်ရှိသည်။

 

 နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့။