
ထိုင်းနိုင်ငံ၏ မော်တော်ကားလုပ်ငန်းမှာ GDP ကျဆင်းမှု၊ အမေရိကန်-တရုတ် ကုန်သွယ်ရေး တင်းမာမှု၊ ပြည်တွင်း အရောင်းကျဆင်းမှုနှင့် နိုင်ငံ ခြား တင်ပို့မှုကျဆင်းခြင်းတို့အပါအဝင် အနုတ် လက္ခဏာဆောင်သော အချက်အလက်များဖြင့် လွန်စွာကြုံတွေ့နေရကြောင်း ထိုင်းစက်မှုလုပ်ငန်း ရှင်များအသင်း The Federation of Thai Industries (FTI) က ပြောကြားသည်။ ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း The Federation of Thai Industries (FTI) ၏ ပြော ကြားချက်အရ သြဂုတ်လ၌ ပြည်တွင်းအရောင်း စုစုပေါင်းမှာ အစီးရေ ၈၀၈၃၈ သာရှိပြီး ယခင် ကာလတူထက် ၆ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း၊ ဇူလိုင်လထက် သြဂုတ်လတွင် အရောင်း သုည ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ၎င်းမှာ သုံးလမြောက် ကျဆင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
FTI အသင်း၏ပြောရေးဆိုခွင့်ရှိသူ Surapong Paisit Patanapong က အချို့ဝယ်ယူသူများအနေ ဖြင့် ပြည်တွင်းဘဏ္ဍာရေးအဖွဲ့အစည်းများထံမှ ချေးငွေပယ်ချခံရမှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ဘဏ်များအနေဖြင့် သတ်မှတ် အရည်အချင်းနှင့် မပြည့်စုံသည့် ဝယ်သူသူများအတွက် ချေးငွေဆိုင်ရာ သတ်မှတ်ချက်များအား တင်းကျပ်ထားခဲ့ကြောင်း၊ အများဆုံးမှာ လူစီးကားငယ်လေးများ အတွက်ဖြစ် ကြောင်း၊ သြဂုတ်လတွင် လူစီးကားငယ် အပိုင်းမှာ ၁၃ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ရောင်းချရမှုမှာ အစီးရေအားဖြင့်၂၅၅၀၄ ရှိကြောင်း၊ ပထမရှစ်လအတွင်းရောင်းချခဲ့ရမှုမှာ အစီးရေ ၂၂၂၄၇၈ ဖြစ်ပြီး ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။ Mr.Surapong u Sports ကားအမျိုးအစား မှာ ပြီးခဲ့သည့်လက အနီရောင်အဆင့်ဖြစ်ခဲ့ကြောင်း၊ Pickups နှင့် Pickup Passenger ကားအရောင်း များမှာလည်း အလားတူ ကျဆင်းခဲ့ကြောင်း ပြော ကြားခဲ့သည်။
ပြည်ပသို့ မော်တော်ကားတင်ပို့မှုမှာ အရှေ့ အလယ်ပိုင်းမှလွဲ၍ ဒေသအများစုအတွက် သြဂုတ်လ ၌ ကျဆင်းခဲ့ကြောင်း၊ အဆိုပါဒေသများတွင်ကာလ ကြာရှည်ဖြစ်ပွားနေသော အမေရိကန် -တရုတ် ကုန်သွယ်ရေးစစ်ပွဲေ ကြာင့် စီးပွားရေးမှာနှေးကွေး ခဲ့ရခြင်းဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်း မော်တော်ကား ရောင်းချရမှုမှာ နှစ်စမှ ယခုအထိ ၅ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အလားတူ မော် တော်ကားထုတ်လုပ်မှုမှာလည်း အဆိုပါကာလအ တွက် ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ သို့ဖြစ်၍ ထိုင်းနိုင်ငံ၏ မော်တော်ကားတင်ပို့မှုမှာလည်း ကျဆင်းခဲ့ရကြောင်း Mr. Surapong က ပြောကြား ခဲ့သည်။ သြဂုတ်လတွင် ပြည်တွင်းမော်တော်ကား အရောင်းနှင့် ပြည်ပတင်ပို့ မှုမှာ ပြည်တွင်းကား ထုတ်လုပ်မှုအပေါ် ဖိအားများဖြစ်ပေါ်စေကြောင်း၊ စုစုပေါင်း ထုတ်လုပ်မှုမှာ အစီးရေ ၁၆၆၃၆၁ သာ ရှိကြောင်း၊ ယခင်နှစ် ကာလတူထက် ၈ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံ ၏ မော်တော်ကားထုတ်လုပ်မှုမှာ ၂၀၁၈ ခုနှစ်တွင် ၂ ဒသမ ၁၇ သန်းထုတ်လုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်ကထက် ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ အဆိုပါ၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့အဆင့် ၁၂ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာ့အဆင့် ၁၁ တွင်ရှိနေသည်။
Source:Bangkok Post
လွင်မျိုးဇော်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့
