Main menu

Background

အိန္ဒိယကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံက ပါဝင်ပြသခဲ့

Thu, 10/24/2019 - 14:04 -- journal_editor

       အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာသံရုံးသည် မြန်မာ့ထုတ်ကုန် ပစ္စည်းများ ဈေးကွက်ပိုမိုရရှိလျက် ကုန်သွယ်မှုမြှင့်တင်ရန်၊ ခရီးသွားလုပ်ငန်းများတိုးတက်ကောင်းမွန်စေရန်၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများမြှင့် တင်နိုင်ရန်အတွက် ပြပွဲများနှင့် ဆွေး နွေးပွဲများကို သံရုံး၌ အခါအားလျော်စွာ ကျင်းပသကဲ့သို့ အိန္ဒိယနိုင်ငံရှိ စီးပွား ရေးအဖွဲ့အစည်းများက စီစဉ်ကျင်းပ သည့် ကုန်စည်ပြပွဲများနှင့် ဆွေးနွေး ပွဲများတွင်လည်း ပါဝင်ပြသဆောင်ရွက် လျက်ရှိသည်။ အိန္ဒိယနိုင်ငံ Uttar Pradesh ပြည် နယ် Noida မြို့၊ Sector 62 ရှိ Inter-national  Trade  Expo  Centre   ၌ အောက်တိုဘာ ၂ ရက်မှ ၆ ရက်အထိ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် Delhi International Trade Fair (DITF)  ၂၀၁၉  ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်း၊     လေကြောင်း ပို့ဆောင်ရေးလုပ်ငန်း စသည်ဖြင့် ဈေး ကွက်မြှင့်တင်မှုများကို ပါဝင် ဆောင် ရွက်နိုင်ရန် မြန်မာသံရုံးမှ မြန်မာနိုင်ငံ ပြခန်းတစ်ရပ် ပါဝင်ခင်းကျင်းပြသခဲ့ သည်။

         ယခုကုန်စည်ပြပွဲအား အိန္ဒိယ နိုင်ငံရှိ BRICS Chamber of Comm-erce and Industry, United India Chamber Of Commerce and Indu-stry, PHD Chamber Of Commerce and Industry, Noida Entrepreneurs Association နှင့် အစိုးရပိုင် စီးပွားရေး လုပ်ငန်းဖြစ်သော National Small Industries Corporation (NSIC) တို့၏ အထောက်အပံ့ဖြင့် စီစဉ်ကျင်းပခြင်း ဖြစ်သည်။ မြန်မာသံရုံးအနေဖြင့် မြန်မာ နိုင်ငံထွက် ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း၊ မြေထောက်ပဲ၊ နှမ်းဖြူ၊ နှမ်း နက်စသည့် သီးနှံနမူနာများနှင့်အတူ အင်္ဂလိပ် ဘာသာဖြင့် ပြုစုထားသည့် သီးနှံအလိုက် လက်ကမ်းစာစောင်များ၊ သီးနှံမျိုးစုံ၏ ဗီနိုင်းပိုစတာများ၊ ကုန်သွယ်မှု မြှင့် တင်ရေးစာစောင်များ၊ မြန်မာနိုင်ငံရှိ အထင်ကရ ခရီးသွားနယ် မြေဒေသများ ၏ အချက်အလက်များအား ဖော်ပြ ထားသည့်  လက်ကမ်းစာစောင်များ၊ မြေပုံစာရွက်များ၊ ဗီနိုင်း ပိုစတာများဖြင့် ခင်းကျင်းပြသခဲ့သည်။ ခရီးသွားလုပ်ငန်း မြှင့်တင်မှုနှင့် ရင်းနှီး မြှပ်နှံမှုမြှင့်တင်ရေး Video clips များကိုလည်း ဖွင့်လှစ်ပြသ ခဲ့သည်။ ထို့ပြင် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာလက်ရာများကို ကျယ်ပြန့်စွာ သိရှိစေရန်     ယွန်းထည်ပစ္စည်းများ၊ ကျောက်စီပန်းချီကားများနှင့် လက်မှု အနုပညာပစ္စည်းများကို ပြသခဲ့ပြီး တန်ဖိုးနည်း ကျောက်စိမ်းပုတီးလည်ဆွဲ၊ ပုတီး လက်ကောက်၊ လက်စွပ်နှင့် ချည် ထည်  လွယ်အိတ်  စသည့်  လက်မှု ပစ္စည်းအချို့ကိုလည်း ခင်းကျင်း ရောင်းချ ပေးခဲ့သည်။

          ပြပွဲခင်းကျင်းပြသသည့်ငါးရက် တာကာလအတွင်း မြန်မာပြခန်းသို့ ဒေသခံအိန္ဒိယပြည်သူအများအပြား လာရောက်ကြည့်ရှုကြပြီး သိရှိလိုသည် များမေးမြန်းလျက် မြန်မာ့လက်မှုအနု ပညာပစ္စည်းများအား ဝယ်ယူအားပေး ကြသည်။ ပြပွဲသို့ လာရောက်သူ အများ စုသည် မြန်မာပြခန်းတွင် ခင်းကျင်း ပြသထားသည့် ပဲမျိုးစုံ၊ နှမ်းနှင့်တန်ဖိုး နည်း ကျောက်စိမ်းပုတီးလည်ဆွဲ၊ ပုတီး လက်ကောက် စသည့်ပစ္စည်းများအား နယူးဒေလီမြို့၏ အနီးပတ်ဝန်းကျင်၌ လက်လီဝယ်ယူရရှိနိုင်မည့် အရောင်း ဆိုင်နှင့် အင်တာနက်ဝက်ဘ်ဆိုက်မှ မှာယူရရှိနိုင်မည့် အခြေအနေတို့ကို မေးမြန်းသကဲ့သို့ အချို့ကလည်း မြန်မာ နိုင်ငံ၌    ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်မှု၊ ပို့ကုန်သွင်းကုန် လုပ်ကိုင်နိုင်မှု၊ မြန်မာ နိုင်ငံရှိ ကုမ္ပဏီလုပ်ငန်းများနှင့် ချိတ် ဆက်ဆောင်ရွက်နိုင်မည့် အခြေအနေ နှင့်     ခရီးသွားရောက်လည်ပတ်ရန် အတွက် သိကောင်းစရာများကို စုံစမ်း ကြပါသည်။ ၎င်းတို့၏ စုံစမ်းမေးမြန်း ချက်များအရ မြန်မာ့ပဲမျိုးစုံအား အိန္ဒိယ နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိသည်ကို သိရှိသူနည်းပါးကြောင်း တွေ့ရှိရပြီး အော်ဂဲနစ် လယ်ယာထွက်ကုန်များ အပေါ် အထူးစိတ်ဝင်စားမှုရှိကြောင်း လေ့လာတွေ့ရှိရသည်။ ပြပွဲ၌ မြန်မာနိုင်ငံပြခန်း ပါဝင် ပြသခဲ့ရာတွင်    စီးပွားရေးလုပ်ငန်း အချင်းချင်း ချိတ်ဆက်ပေးနိုင်မှုထက် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများနှင့် ခရီး သွားလုပ်ငန်းတို့အတွက် ဈေးကွက်မြှင့် တင်မှုကို ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

 

နေအေးလွင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ နယူးဒေလီမြို့။