Main menu

Background

စားနပ်ရိက္ခာစိတ်ချလုံခြုံမှုရှိစေရေးအတွက် ဆောင်ရွက်နေသည့် တရုတ်နိုင်ငံ၏ ခြေလှမ်းများ

Tue, 11/05/2019 - 12:19 -- journal_editor

         ကမ္ဘာ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်း နီးပါး ရှိလာတော့မည့် တရုတ်နိုင်ငံသည် ၎င်း၏ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် အခြားနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်သွားမည်ဖြစ် ကြောင်း တရားဝင်ကြေညာချက်တစ် စောင်ကို အောက် တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံတွင် ကမ္ဘာ့စိုက် ပျိုးမြေစုစုပေါင်း၏ ကိုးရာခိုင်နှုန်းရှိပြီး ရေချိုသယံဇာတရရှိမှုမှာ တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် ခြောက် ရာခိုင် နှုန်းရှိသည်။  ၎င်းတို့ကိုအသုံးပြု၍ တရုတ်နိုင်ငံမှ စားနပ် ရိက္ခာ ထုတ်လုပ် မှုမှာ ကမ္ဘာ့ထုတ်လုပ်မှုစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းရှိသည်။ တရုတ်နိုင်ငံတွင် လူတစ်ဦးချင်း တစ်နှစ်လျှင် ကောက်ပဲသီးနှံ စားသုံး မှုမှာ ၄၇၀ ကီလိုဂရမ်ရှိကာ ၁၉၉၆ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၄ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။ ထို့ပြင် ၂၀၁၈ ခုနှစ်အတွင်း လူတစ်ဦးချင်း၏ အခြားအစားအစာများ စားသုံးမှု နှုန်းနှင့် ၁၉၉၆ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ဆီ ၃၅ ဒသမ ၇ ရာခိုင်နှုန်း၊ ဝက်သား၊ အမဲသားနှင့်ဆိတ်သား ၅၅ ရာခိုင်နှုန်း၊ ရေထွက်ကုန်များ ၇၂ ဒသမ ၅ ရာခိုင် နှုန်း၊ နို့ ၃၃၃ ဒသမ ၃ ရာခိုင်နှုန်း၊ ဟင်း သီးဟင်းရွက် ၁၀၄ ဒသမ ၂ ရာခိုင်နှုန်း၊ သစ်သီးဝလံ ၁၇၆ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့သည်။ တရုတ်လူမျိုးများ၏ လူနေမှု အဆင့်အတန်းများ မြင့်မားလာသဖြင့် ကစီဓာတ် ပါဝင်သော အစားအစာများ ကို စားသုံးမှုအချိုးမှာ ကျဆင်းလာပြီး အဆီနှင့် အရည်အသွေးမီ အသား ဓာတ်ပါဝင်သော အစားအစာများ စားသုံးမှုမှာ မြင့်တက်လာပါသည်။ အထူးသဖြင့် ပိုမိုကျန်းမာစေသော အစားအစာများကို ရွေးချယ် ဝယ်ယူ မှုများ ပြုလာကြသည်။ တရုတ်နိုင်ငံ၏ အမျိုးသား ကျန်းမာရေးကော်မရှင်မှ ထုတ်ပြန်ချက်အရ  တရုတ်လူမျိုးတစ် ဦး၏ ပျမ်းမျှတစ်နေ့စားသုံးမှုမှာ ၂၁၇၂ ကယ်လိုရီရှိပြီး အသားဓာတ် ၆၅ ဂရမ်၊ အဆီ ၈၀ ဂရမ်နှင့် ကစီဓာတ် ၃၀၁ ဂရမ်ပါဝင်ပါသည်။  ကျေးလက်ဒေသများတွင် လည်း အစိုးရ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအစီအစဉ်ဖြင့် လယ်သမားများ၏ ဝင်ငွေ တိုးတက်စေရန် စီစဉ် ပေးလာ သောကြောင့်  ကောက်ပဲသီးနှံနှင့် အခြားအစားအစာများ ဝယ်ယူမှုများ တိုးပွားလာနေသည်။ တရုတ်နိုင်ငံ တွင် ၁၉၇၇ ခုနှစ်၌ ဆင်းရဲနွမ်းပါးသူ သန်း ၇၇၀ ရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ် အကုန်၌ ၁၆ ဒသမ ၆ သန်းမျှသာ ကျန် ရှိတော့သည်ကို တွေ့ရပါသည်။ တရုတ် နိုင်ငံသည် ကမ္ဘာ့ ကုလသမဂ္ဂ၏ ထောင် စုနှစ် ရည်မှန်းချက်တစ်ခုဖြစ် သည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးပန်းတိုင် ကို ရောက်ရှိလာသော ပထမဆုံးနိုင်ငံ လည်းဖြစ်သည်။

       တရုတ်နိုင်ငံသည် ကောက်ပဲ သီးနှံကဏ္ဍတွင် အထွက်နှုန်း၊ ခေတ်မီ သောဖြန့်ဖြူးမှု၊  တိုးတက်ဆောင်ရွက် ထားသော အစားအစာထောက်ပံ့ပေး သည့် ပုံစံနှင့် တဖြည်းဖြည်းတိုးတက် လာမှုတို့ကို ရရှိထားသည်။ ၂၀၁၆ ခုနှစ် အ ကုန်တွင် အာဖရိကနိုင်ငံများနှင့် စိုက်ပျိုးရေး၊ မျိုးစေ့သိုလှောင်ရေး၊ စိုက်ပျိုးရေးဆိုင်ရာ စက်ပစ္စည်းများနှင့် စိုက်ပျိုးရေး ထုတ်ကုန်ပြုပြင်ထုတ်လုပ် ခြင်းစသည်တို့အပါအဝင် တရုတ် နိုင်ငံ က စိုက်ပျိုးရေးဆိုင်ရာ ပံ့ပိုးကူညီပေး သော အစီအစဉ် ၅၀ဝ နီးပါးရှိခဲ့ သည်။၂၀၁၈ ခုနှစ်အတွင်း နိုင်ငံ အတွင်း ကောက်ပဲသီးနှံထွက်ရှိမှုမှာ စုစုပေါင်း စားနပ်ရိက္ခာထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကျော် ပါဝင်ခဲ့ပါသည်။ ယခု အခါ ပြည်တွင်း၌ ထုတ်လုပ်သော ဆန် နှင့် ဂျုံတို့က ပြည်တွင်း စားသုံးမှုကို ဖြည့်ဆည်းပေးနိုင်ပြီဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်း ပြည်ပနိုင်ငံများမှ ပဲပိစပ် မက်ထရစ် တန်ချိန် ၈၈ သန်း တင်သွင်းမှုအပါအဝင် ကောက်ပဲသီးနှံတင်သွင်း မှုစုစုပေါင်း မက်ထရစ်တန်ချိန် ၁၁၆ သန်းရှိခဲ့ပြီး ၁၉၉၆ ခုနှစ်ကထက် ကိုးဆတိုးမြင့်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံက စားနပ်ရိက္ခာ ဖူလုံရေး အတွက် အခြားနိုင်ငံများနှင့် ဆက် လက်၍ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကြေညာစာတမ်းတွင် ဖော်ပြထားပါသည်။ တရုတ်နိုင်ငံသည် ၎င်းကောက် ပဲသီးနှံထုတ်လုပ်သည့် စွမ်း ရည်ကို တစိုက်မတ်မတ် တိုးမြှင့်လာလျက်ရှိရာ ၂၀၁၈ ခုနှစ်အကုန်၌ စိုက်ပျိုးမြေ ဟက်တာ ၁၃၄ ဒသမ ၈၈ သန်းရှိပြီး ၁၉၉၆ ခုနှစ်ကထက် ၄ ဒသမ ၈ သန်းသာ ပိုမိုလာခြင်းဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်အကုန်၌ ကောက်ပဲ သီးနှံစိုက်ပျိုးမြေမှာ ၁၉၉၆ ခုနှစ်က ထက် ဟက်တာ ၄ ဒသမ ၅ သန်း ပိုမို လျက် ဟက်တာ ၁၁၇ သန်းအထိရှိ လာပါသည်။ ထို့ပြင် အဆင့်မြင့် လယ်ယာမြေ ဖွံ့ဖြိုးရေး၊ အထွက်နှုန်းနည်းပါးသော လယ်ယာမြေများကို အဆင့်မြှင့် တင်ရေးနှင့် စိုက်ပျိုးမြေအရေအတွက်၊ အရည်အသွေးနှင့် ဂေဟစနစ်တို့ကာ ကာကွယ်မှုမြှင့်တင်ရေးတို့အတွက် အလုံးစုံခြုံငုံမိသော အစီအမံတစ်ရပ် ကိုလည်း အကောင်အထည်ဖော်ခဲ့ပါ သည်။  မိုးခေါင်ခြင်း သို့မဟုတ် ရေကြီး ခြင်းဖြစ်ပေါ်စဉ်အတောအတွင်း ရိတ် သိမ်းမှုကို အာမခံပေးသော၊ အထွက် နှုန်း မြင့်မားသော၊ ကောင်းမွန်သော ဂေဟစနစ်ရှိသော အဆင့်မြင့်လယ် ယာမြေများကိုလည်း ဖော်ထုတ်တည် ဆောက်ထားပါသည်။ တရုတ်နိုင်ငံသည် ဆန်၊ ဂျုံနှင့် ပြောင်းကဲ့သို့သော ကောက်ပဲသီးနှံ များအတွက်  မြေဟက်တာ သန်း ၆၀ လျာထားပြီး၊ ပဲပိစပ်နှင့် ကြက်ဆူစေ့ အတွက် မြေဟက်တာ ၁၅ သန်းလျာ ထားပါသည်။ တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်းတွင် ဆန်၊ ပြောင်းနှင့် ပဲပိစပ်သီးနှံများ၏ သာလွန်ကောင်း မွန်သော စက်မှုဆိုင်ရာလမ်းကြောင်းကို အခိုင်အမာ တည်ဆောက်ထားရှိကာ၊ ဂျုံ၊ အထူးပြုပြောင်းနှင့် အသားဓာတ် ပါဝင်မှုမြင့်မားသော ပဲပိစပ်တို့ကို တရုတ်နိုင်ငံမြောက်ပိုင်း လွင်ပြင်တွင် အများအပြား စိုက်ပျိုး ထုတ်လုပ်သည်။ ရန်စီမြစ် စီးပွားရေးလမ်း ကြောင်းတွင် အရည်အသွေးမြင့် အထူး ဂျုံနှင့် စပါးသီးထပ်စိုက်ပျိုးသည့် အဓိကနေ ရာရှိပါသည်။  အနောက် တောင်ပိုင်း တွင် ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူးကိုလည်း ကောင်း၊ အရှေ့တောင်နှင့် တောင်ပိုင်း တွင် စပါးနှင့် အာလူးကို သီးထပ်စိုက်ပျိုး ၍လည်းကောင်း၊ အနောက်မြောက် ပိုင်းတွင် အရည်အသွေးမြင့် ဂျုံ၊ ပြောင်း၊ အာလူးတို့ကိုလည်းကောင်း အသီးသီး စိုက်ပျိုးကြသည်။

         အရည်အသွေးမီ အစားအစာ စီမံကိန်းကို အကောင်အထည်ဖော်မှု အရ ကောက်ပဲသီးနှံ အရည်အသွေးနှင့် စိတ်ချလုံခြုံမှုစစ်ဆေးရေးနှင့် ထိန်း ကျောင်းစောင့်ကြည့်ရေးစနစ်ကို နိုင်ငံတော်အဆင့်မှ ခြောက်ဖွဲ့၊ ပြည် နယ် အဆင့်မှ ၃၂  ဖွဲ့၊ စည်ပင်သာယာ ရေးအဆင့်မှ ၃၀၅ ဖွဲ့နှင့် စီရင်စု အဆင့်မှ ၉၆၀ဖွဲ့တို့ဖြင့် ပေါင်းစပ်ဖွဲ့ စည်းထားပါသည်။ စိတ်ချရသော ကောက်ပဲသီးနှံများနှင့် စားသုံးဆီများ ထုတ်လုပ်ပံ့ပိုးမှု မြင့်မားလာစေရန် လည်း ကောက်ပဲသီးနှံနှင့် စားသုံးဆီ များ၏ အရည်အသွေးကို မြှင့်တင်ရန် စံသတ်မှတ်ချက်များကို ချမှတ်ထုတ် ပြန်လျက်ရှိသည်။ ထို့ပြင် ပြောင်း၊ ပဲပိစပ်၊ ဆန်နှင့် ဂျုံတို့၏ မျိုးကွဲများတိုးတက်ဖြစ်ထွန်း ရေးနှင့် အကောင်းဆုံးမျိုးစိတ်များ၏ အထွက်နှုန်းတိုးတက်ကောင်းမွန်လာ စေရန်လည်း ဆောင်ရွက်နေသည်။ စူပါဆန် ၊ မျိုးပေါင်းစပ်ထားသော ပြောင်းနှင့် ပြုပြင်ထားသော ဂျုံတို့ကို စိုက်ပျိုးသွားနိုင်ရေးအတွက် များစွာထိ ရောက်မှုရှိသော နည်းပညာဖြင့်  အဆင့်ငါးဆင့် သို့မဟုတ် ခြောက်ဆင့် ခန့်ခွဲကာ အဆင့်မြှင့်ဆောင်ရွက်သွား ရန်ရှိသည်။  တရုတ်သိပ္ပံပညာ ရှင် Yuan Longping  စိုက်ပျိုးထားသော မျိုး ပြောင်းထားသည့် စူပါဆန်၏အထွက် နှုန်းမှာ တစ်ဟက်တာလျှင် တန်ချိန် ၁၈ ဒသမ ၁ တန် နီးပါးရှိပါသည်။ စိုက်ပျိုး ရေး ကဏ္ဍတွင် စိုက်ပျိုးရေးဆိုင်ရာသိပ္ပံ ပညာနှင့် နည်းပညာများ အသုံးချမှုမှာ ၂၀၁၈ ခုနှစ်တွင် ၅၈ ဒသမ ၃ ရာခိုင် နှုန်း ရောက်ရှိလာခဲ့ပြီး ၁၉၉၆ ခုနှစ်က ထက် ၁၅ ဒသမ ၅ ရာခိုင်နှုန်း တိုးတက် လာခြင်းဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ပိုမို လွတ်လပ်သော ကုန်သွယ်ရေးကို အား ပေးလျက်ရှိပြီး၊ ၎င်း၏ အထိခိုက်မခံ သော ဂျုံ၊ ပြောင်းနှင့် ဆန်တင်သွင်းမှု အပေါ် အရေအတွက်ကန့်သတ်ခြင်းမှ အပ ၎င်း၏ စားသောက်ကုန် ဈေးကွက် ကြီးကို အခြားနိုင်ငံများနှင့် ‌မျှဝေထားရှိ ပါသည်။ တရုတ်နိုင်ငံရှိ နိုင်ငံခြားမှ လာရောက်တည်ထောင်ထားသော လုပ်ငန်းများသည် စားသောက်ကုန် များကို ပိုမိုထုတ်လုပ်လာပြီး၊  ဝင်ငွေတိုး တက်ရရှိလျက်ရှိကြသည်။ စားသောက်ကုန်များ တင်ပို့ခြင်း နှင့် တင်သွင်းခြင်းတို့အတွက်လည်း နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းပေါင်း ၆၀ ကျော်တို့ဖြင့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်များကို နှစ်နိုင်ငံချင်းအနေဖြင့်ရော၊ နိုင်ငံစုံ အနေဖြင့်ပါ ချုပ်ဆိုထားရှိသည့်အတွက် ကမ္ဘာ့လူဦးရေအကြီးဆုံးဖြစ်သော နိုင်ငံ ကြီး၏ ရှေ့သို့ရောက်နေသော ခြေလှမ်း များနှင့် စားသောက်ကုန်နှင့် လယ်ယာ ထွက်ကုန်များအပေါ် မည်ကဲ့သို့တိုး တက် ပြောင်းလဲဆောင်ရွက်နေသည်ဟူ သည့်အကြောင်းများကို လေ့လာသိရှိ နိုင်ကြစေရန် ရေးသားဖော်ပြအပ်ပါ သည်။

 

ရင်းမြစ်၊ China Daily (၁၅-၁၀-၂၀၁၉)                                           

ဒေါက်တာရွှေစင်ကို

စီးပွားရေးသံမှူး (နန်နင်းမြို့)