Main menu

Background

E-COMMERCE ကြောင့် တရုတ်၏ အသေးစားဈေးကွက်များ တိုးတက်ဖြစ်ထွန်းလာ

Mon, 11/25/2019 - 11:23 -- journal_editor

       တရုတ်နိုင်ငံ၏ အစွန်အဖျားရှိ မြို့တော်များနှင့်  မြို့ငယ်များတွင် E-commerce  ကြောင့် တိုးတက်မှုများ မျှော်မှန်းသည်ထက်ပိုမိုရရှိခဲ့ကာ ယင်း ဒေသများရှိ လက်လီကုမ္ပဏီများမှာ လည်း ကုန်ဝယ်ယူမှု အများအပြားရှိခဲ့ သည့်အပြင်  ပြိုင်ဆိုင်မှုအား အလွန် များပြားသည့် မြို့တော်ကြီးများရှိဈေး ကွက်များပြင်ပတွင် စီးပွားရေးအခွင့် အလမ်းသစ်များ ပေါ်ထွန်းလာလျက် ရှိကြောင်း လေ့လာသူများ၏ပြောကြား ချက်များအရ သိရသည်။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း အွန် လိုင်းပေါ်မှာ ဝယ်ယူကြသူ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှာ ဝေးလံသော မြို့တော် များနှင့် မြို့ငယ်လေးများဆီမှဖြစ်ကာ ၎င်းတို့အွန်လိုင်းဈေးဝယ်နေရာတွင် မှတ်ပုံတင်ပြီး တစ်နှစ်အတွင်းလူတစ် ဦး လျှင်ပျမ်းမျှ ယွမ် ၂၀ဝ၀ (အမေရိကန် ဒေါ်လာ ၂၈၁ ဒေါ်လာ)တန်ဖိုးခန့်ဝယ် ယူကြကြောင်း တရုတ် ၏ E-commerce ကုမ္ပဏီကြီးဖြစ်သည့် Tmall  နှင့် Taobao  တို့၏ ဥက္ကဋ္ဌ Jiang Fan  က မှတ်ချက်ပြု ထားပါသည်။

       ဗြိတိန်နိုင်ငံမှ အိမ်ထောင်စုသုံး ပစ္စည်းများကို    ပြုလုပ်ရောင်းချသူ Dyson   ၏ ပြောကြားချက်အရ ယခုနှစ် အတွင်း တရုတ်နိုင်ငံသို့ ရောင်းချရာ တွင်  မြို့ပြနှင့် မနီးမဝေးမြို့များမှ အရောင်းတိုးတက်မှုနှုန်း ၂၁ ရာခိုင်နှုန်း နှင့် နှိုင်းယှဉ်လျှင်ဝေးလံသော မြို့များမှ အရောင်းတိုးတက်မှုနှုန်း ၁၁၈ ရာခိုင် နှုန်းရှိခဲ့သည်ကို တွေ့ရကြောင်း၊ စီရင်စု အဆင့်ရှိ ရပ်ကွက်များမှ လျှပ်စစ် သွား ပွတ်တံ၊ ပန်းကန်ဆေးစက်နှင့် ကြမ်း တိုက်ပေးသည့်စက်ရုပ်များ ဝယ်ယူမှု နှုန်းမှာ ၃၅ ရာခိုင်နှုန်းပိုမိုများပြားလာ ကြောင်း သိရသည် ။ ယခုအခါ တရုတ်နိုင်ငံ၏ စီးပွား ရေးကို စားသုံးမှုများက အဓိက မောင်း နှင်ပေးနေပြီး အားလပ်ရက်များ၊ ညဘက် အထူးဈေးလျှော့ရောင်းချမှုများနှင့် ဝေးလံသော ဈေးကွက်များ ကဲ့သို့သော နယ်ပယ်များတွင် စားသုံးမှုနှုန်း တိုး တက်လာအောင် အစိုးရက လှုံ့ဆော် ဆောင်ရွက်ပေးနေကြောင်း၊ အထူးသဖြင့် လူသုံးကုန်ပစ္စည်းများ ကဲ့သို့သော ဈေး ကွက်အစိတ်အပိုင်းတွင် ဖွံ့ဖြိုးပြီး မြို့ တော်များ၌ ဝယ်လိုအား တက်လာစေ ရန် ဆောင်ရွက်နိုင်မှု ခက်ခဲလာသည့် အတွက် ဝေးလံသော မြို့တော်များမှာ ဖွံ့ဖြိုးမှုမောင်းနှင်အား အသစ်များဖြစ် လာကြောင်း တရုတ် စားသုံးသူများ အသင်းမှ ဒုတိယအထွေထွေအတွင်း ရေးမှူးချုပ် Dong Zhuli က ပြောကြား ထားသည်။

        Consultancy Accenture  မှ ပြုလုပ်ထားသည့် ဈေးကွက်သုတေသန အစီရင်ခံစာအရ ယခုအခါ ဝင်ငွေ အဆင့် တိုးမြင့်လာခြင်း၊ သတင်းအချက် နည်း ပညာကို ပိုမိုအသုံးပြုလာခြင်းနှင့် မြို့ပြ အဆင့်သို့ လျင်မြန်စွာ ကူးပြောင်းလာ ခြင်းတို့ကြောင့် တရုတ်နိုင်ငံ၏ စုစုပေါင်း စားသုံးမှုတွင် ဝေးလံသောဒေသများ၏ မြို့များမှ စားသုံးမှုရာခိုင်နှုန်းမှာ ၇၀ ရာခိုင်နှုန်းခန့် ပါဝင်နေကြောင်း၊ ကြီး မားသော လက်လီဈေးကွက်ရှိသော တရုတ်နိုင်ငံ၏ ခိုင်မာသော လက်လီ ရောင်းချမှု တိုးတက်မှုနှုန်းမှာ ဝေးလံ သောဒေသရှိမြို့များတွင် ပုန်းကွယ်နေ ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် မြို့တော်ကြီး များမှ လက်လီ အရောင်း တိုးတက်မှုနှုန်း ခုနစ်ရာခိုင်နှုန်းရှိချိန်၌  ဝေးလံသော ဒေသရှိ တတိယအဆင့်နှင့် ၎င်းအောက် အဆင့်မြို့များမှ လက်လီ အရောင်း တိုးတက်မှုနှုန်းမှာ ၁၅ ရာခိုင်နှုန်းရှိခဲ့ ကြောင်း၊ တရုတ်နိုင်ငံ၏ မဟာဗျူဟာ ဖြစ်သည့် အင်တာနက်ဖွံ့ဖြိုးစေခြင်းနှင့် ဝေးလံသောဒေသများမှ မြို့များနှင့် မြို့ငယ်များ၏ စားသုံးမှုကို အားပေး ခြင်းတို့နှင့်အညီ  ဝေးလံသော မြို့များ ၏ လူသုံးကုန်ပစ္စည်းဈေးကွက်များမှာ ချဲ့ထွင်လာနေကြောင်း သိရသည်။ ဝင်ငွေအလယ်အလတ်ရရှိသည့် မိသားစုများ တိုးပွားလာသဖြင့်  ဈေး နှုန်းမြင့်သည့် ပစ္စည်းများကိုလည်း ကြို ကြားကြိုကြား ဝယ်ယူလာကြသည်လည်း ရှိလာပါသည်။ အင်တာနက်မှ ဈေးဝယ် ယူသူများသည် အင်တာနက်ပေါ်တွင် အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်သည့် ကြော်ငြာများကိုလည်း ကြည့်ရှုဝယ်ယူ ကြပါသည်။  အင်တာနက်ပေါ်တွင် ရောင်းချသည့်အချိန်၌ ၎င်းတို့၏ဒေသ များတွင်  ဆိုင်များ ဖွင့်လှစ်ထားပါက အရောင်းပိုမိုမြှင့်တင်ရာရောက်သည်။

        တရုတ်နိုင်ငံ၏ နှစ်စဉ်အထူး ဈေး ရောင်းပွဲတော်ကျင်းပလေ့သည့် နိုဝင် ဘာ ၁၁ ရက်တွင် အွန်လိုင်း ကုမ္ပဏီကြီး ဖြစ်သည့် Alibaba ၏ ရောင်းချခဲ့ရမှုမှာ ယွမ်ငွေ ၂၆၈ ဒသမ ၄ ဘီလီယံ (အမေ ရိကန်ဒေါ်လာ၃၈ ဒသမ ၄ဘီလီယံ) ရှိခဲ့ကာ ယမန်နှစ် နိုဝင်ဘာ ၁၁ ရက် တွင် ရောင်းချခဲ့မှုထက် ၂၅ ဒသမ ၇ ရာခိုင်နှုန်းပိုမိုခဲ့သည်။ ၎င်းရောင်းချရငွေ များအနက် အလှကုန်များနှင့် ပရိဘောဂ များကို မှာယူမှုများ၏ ၆၀ ရာခိုင်နှုန်းမှာ အငယ်စားမြို့များနှင့် ကျေးလက်ဒေသ များမှဖြစ်ကြသည်။  အိမ်တွင်ပြုလုပ် သော အသားအရေထိန်းသိမ်းသည့် ပစ္စည်းများ၊  Media အမှတ်တံဆိပ်အိမ် သုံးပစ္စည်းများကို ဝယ်ယူလိုမှုလည်း ပိုမို များပြားလာသည်။ သို့ရာတွင် ဝေးလံသောဒေသများ ရှိ မြို့များသို့ ဈေးကွက်တိုးချဲ့ရ သည်မှာ များစွာ လွယ်ကူခြင်း မရှိလှဘဲ ကုမ္ပဏီ များ၊ လုပ်ငန်းများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းပုံစံများကို ဈေးကွက် တိုးချဲ့မည့် မြို့များရှိ လူနေမှုပုံစံများနှင့် လိုက်လျော ညီထွေဖြစ်စေရန် ပြင်ဆင်ရသည်များ လည်းရှိပါသည်။ Alibaba ၏ Hema Fresh Market သည် အနားဝန်းကျင်မှ ဆိုင်များသို့ လတ်လတ်ဆတ်ဆတ် ကုန် ပစ္စည်းပံ့ပိုးပေးနိုင်မည့် တတိယအဆင့် နှင့် စတုတ္ထအဆင့်မြို့တော်များအတွက် ပုံစံရေးဆွဲထားသည့် ဆိုင်အသေးစား များအပါအဝင် လက်လီရောင်းချမှုပုံစံ လေးမျိုးကို ဖွံ့ဖြိုးသွားရန် ရည်ရွယ်ချက် ချမှတ်ထားသည်။ မကြာမီက ဟိုင်နန်လေကြောင်း လိုင်းသည် ၎င်း၏ခရီးစဉ်များကို ဒုတိယ အဆင့် မြို့တော်များမှ အပြည်ပြည်ဆိုင်ရာ လေဆိပ်များဆီသို့ တိုးချဲ့ပြေးဆွဲလာ သည်။ ဝေးလံသောဒေသများ၏ မြို့တော် များဆီမှ မိသားစုများ ပိုမိုအကျိုးဖြစ် ထွန်းစေရန် နိုင်ငံရပ်ခြားတွင် အဆင့် မြင့်ပညာ လေ့လာသင်ကြားနိုင်ရေး အတွက် တရုတ် CITIC ဘဏ်က ၎င်း ၏ ပညာရေးဆိုင်ရာ ချေးငွေများကို ပြင်ဆင်ရေးဆွဲထုတ် ချေးပေးလျက်ရှိ သည်။ အွန်လိုင်းပညာရေး၊   ခရီးသွား လုပ်ငန်းနှင့်   အိမ်တွင်းသန့်ရှင်းရေး လုပ်ငန်းတို့အပါအဝင်   ဝန်ဆောင်မှု ကဏ္ဍများမှာလည်း ဖွံ့ဖြိုးရန် အလား အလာရှိကြောင်း သိရှိရသည်။

 

Source : China Daily

 ဒေါက်တာရွှေစင်ကို စီးပွားရေးသံမှူး(နန်နင်းမြို့)