Main menu

Background

GSP အခွင့်အရေးများ ဖယ်ရှားခြင်းသည် အသေးအဖွဲဖြစ်ဟု အမေရိကန် မှတ်ယူ

Mon, 11/25/2019 - 11:27 -- journal_editor

        အမေရိကန် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီး Wilbur Ross က အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ထိုင်းပို့ကုန်များ အပေါ် ကုန်သွယ်မှုဆိုင်ရာ အထူး အခွင့်အရေးအနေနှင့် ပေးအပ်ထားခဲ့သော အကောက်ခွန်ကင်း လွတ်ခွင့် အခွင့်အရေး Generalized System of Preferences (GSP) ကို ဖယ်ရှားရန် အမေရိကန်၏ လတ်တလောဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပြောကြားရာတွင် ဧပြီလ၌ စတင်သက်ရောက်မည့် အခွန် ကင်းလွတ်ခွင့်  ပြန်လည်ရုပ်သိမ်းမည့် ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်း ရန် အချိန်ရှိသေးကြောင်းနှင့် အဆိုပါကိစ္စမှာ အသေးအဖွဲကိစ္စမျှသာဖြစ် ကြောင်း ထပ်လောင်းအတည်ပြုပြော ကြားခဲ့သည်။ အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန်နိုင်ငံက ကြီးမှူး ကျင်းပခဲ့သည့် အင်ဒိုပစိဖိတ် စီးပွားရေး ဖိုရမ်တွင် Mr.Ross က အခွန် ကင်းလွတ်ခွင့်ကိစ္စနှင့်ပတ်သက်၍ နား လည်မှုလွဲမှားမှုအပေါ် ရှင်းလင်းပြော ကြားခဲ့ခြင်းဖြစ် သည်။ GSP ကိစ္စမှာ အချိုးအစား ပမာဏ အရ သေးငယ်ကြောင်း၊ ထိုင်း GDP ၏ ၇၀ ရာခိုင်နှုန်းမှာ ပို့ကုန်မှဖြစ်ပြီး အမေ ရိကန်ဒေါ်လာ ၃၄၀ ဘီလီယံအထိ ရှိကြောင်း၊ ယမန်နှစ်က အမေရိကန် နိုင်ငံသို့ GSP အခွင့်အရေးအရ တင်ပို့ သည့် ပို့ကုန်ပမာဏတန်ဖိုးမှာ အမေ ရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံရှိ ကြောင်း၊   ၎င်းတို့ထဲမှ   အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံတန်ဖိုး ရှိသည့် ပစ္စည်းများအတွက်ကိုသာ အခွန် ကင်းလွတ်ခွင့်ကို ပြန်လည် ရုပ်သိမ်း မှာဖြစ်ကြောင်း သိရှိရသည်။ အောက်တို ဘာလတွင် အမေ ရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးUS Trade Representative (USTR) မှ ထိုင်းနိုင်ငံအားပေးအပ်ထားသည့် GSP အခွင့်အရေးအား အဆုံးသတ်မည်ဟု ပြောကြားခဲ့ကြောင်း၊  ၎င်းတွင်  ထိုင်း ပင်လယ်စာများ အပါအဝင် ကုန်ပစ္စည်း အမျိုးအစား ၅၇၃ မျိုးအကျုံးဝင်မည် ဖြစ်ကြောင်း၊ ျွှ့ အနေဖြင့် ွှဏ ပြန်လည် ရုပ်သိမ်းမှုမှာ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုကြောင့် ဖြစ် ကြောင်း ကိုးကားပြောကြားခဲ့သည်။

       စီးပွားရေးနှင့်  ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးက အမေရိကန်က သတ် မှတ်မည့် သွင်းကုန် အခွန် ၄ ဒသမ ၅ ရာခိုင်နှုန်းကြောင့်  နောက်နှစ် အတွက် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၂၈ ဒသမ ၈ သန်းမှ  ၃၂ ဒသမ ၂ သန်း (သို့ မဟုတ်) ပို့ကုန်တင်ပို့မှု အားလုံး၏ သုည ဒသမ ဝ၁ ရာခိုင်နှုန်းခန့် လျော့နည်း သွားဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံမှာ ထိုင်း GDP ၏သုည ဒသမ  ၃၈ ရာခိုင်နှုန်းရှိကြောင်းနှင့် အဆိုပါ အခွန် ကင်းလွတ်ခွင့် ပြန်လည်ရုပ်သိမ်း မည့် ကုန်ပစ္စည်းများအပေါ် ပျမ်းမျှ သွင်း ကုန်ခွန် ၄ ဒသမ ၅ ရာခိုင်နှုန်း ကောက်ခံ လိမ့်မည်ဖြစ်ကြောင်း၊ သို့ရာတွင် ယခု အချိန်မှစ၍၂၀၂၀ ခုနှစ် ဧပြီလ သွင်း ကုန်အခွန် ကောက်ခံမည့် အချိန်အထိ အလုပ်သမားအခွင့်အရေးကိစ္စအပေါ် ပြန်လည်ဆွေးနွေးရန် အချိန်ရှိသေးကြောင်း Mr.Ross က ပြောကြားခဲ့သည်။ ယခုဆောင်ရွက်မည့် အမေရိကန် ဒေါ်လာပမာဏမှာ  ထိုင်း  GDP  နှင့် နှိုင်းယှဉ်ပါက မပြောပလောက်ကြောင်း၊ သွင်းကုန်အခွန်ကောက်ခံမည့်ကိစ္စမှာလက်ရှိထိုင်းပို့ကုန်များအပေါ် သက် ရောက်လျက်ရှိသည့် ဘတ်ငွေတန်ဖိုး မြင့်တက်နေမှုနှင့်အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ သက်ရောက်မှုတို့ အပေါ် ထပ်ဆင့်သက်ရောက်စေမည့် အချက်တစ်ချက်ဖြစ်လည်းဖြစ်ကြောင်း သိရှိရသည်။ USTR ၏ ပြောကြားချက်အရ ထိုင်းနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်တွင် အမေရိကန်သို့ ပို့ကုန်တန်ဖိုးအမေရိ ကန်ဒေါ်လာ ၃၁ ဒသမ ၉ ဘီလီယံ တင်ပို့ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံမှ တင်သွင်းမှုမှာ တန်ဖိုးအမေရိကန် ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံရှိကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် အမေရိကန် ဒေါ်လာ ၁၉ ဒသမ ၃ ဘီလီယံကုန်သွယ် ရေးလိုငွေပြလျက်ရှိသည်။ GSP အစီအစဉ်အတွက် နိုင်ငံ များအနေဖြင့် GSP အခွင့်အရေးရရှိ စေရန် အချက်အလက်တချို့ လိုအပ် ကြောင်း၊ ၎င်းတို့အနက်တစ်ခုမှာ အလုပ် သမား အခွင့်အရေးများဖြစ်ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအား အလုပ် သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ပေးရန် ဖြစ် ကြောင်း MichaelHeath က ပြောကြား ခဲ့ပါသည်။ မိမိတို့အနေဖြင့် အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍    လွန်ခဲ့သော ခြောက်နှစ်က ထိုင်းအစိုးရအား ပြောကြား ခဲ့သော်လည်း ယခုအထိ ဆောင်ရွက် ခြင်းမရှိကြောင်း ၎င်းက ပြောကြားခဲ့ သည်။

       ယခု အခွန်ကင်းလွတ်ခွင့်အား ရုတ်တရက်ရုပ်သိမ်းမည့် ကိစ္စမှာ အမေ ရိကန်အနေဖြင့် ထိုင်းနှင့်ကုန်သွယ်မှု ပြုရာတွင်လိုငွေပြနေမှုမှာ အကြောင်း ခြင်းရာ တစ်ချက်ဖြစ်သကဲ့သို့ အမေရိကန် မှ ထိုင်းသို့တင်ပို့နေသည့် လယ်ယာ ထွက်ကုန်များအပေါ် ထိုင်းနိုင်ငံ၏ အချို့ သောဓာတု ဗေဒပစ္စည်းများအပေါ် ပိတ်ပင်မည့် ဆုံးဖြတ်ချက်ကြောင့်လည်း ဖြစ်တန်ရာရှိနေခြင်းဖြစ်သည်။ အမေရိကန်ကုမ္ပဏီ အများအပြား မှာ EEC တွင် လက်ရှိအောင်မြင်လျက်ရှိ ကြောင်း၊ Ford Motor Co  နှင့် Jelly Belly ကုမ္ပဏီတို့ကဲ့သို့သော ကုမ္ပဏီ များဖြစ်ကြောင်း၊ EEC တွင် အခြေပြု၍ ထုတ်လုပ်မှုဆောင်ရွက်လျက်ရှိသော အမေရိကန်ကုမ္ပဏီများက ၎င်းတို့အနေ ဖြင့် ထိုင်းရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ထံမှ ကောင်းမွန်သော ပြုမူဆက်ဆံမှုများ ရရှိကြခြင်းကြောင့် အဆင်ပြေစွာ ဆောင် ရွက်နေကြသည်ဟု မိမိအားပြောကြား ကြကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ရင်းနှီး မြှုပ်နှံမှုများအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ တွင် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမည့် အမေရိကန်ကုမ္ပဏီ များရှိကြောင်း Mr. Heath က ပြောကြား ခဲ့သည်။ ဖိုရမ်တွင် အမေရိကန်အခြေစိုက် ဖန်ထည်ပစ္စည်းများ ထုတ်လုပ်သည့် Gurrdian Industries  ကုမ္ပဏီမှ ၎င်းတို့ အနေဖြင့် ထိုင်းနိုင်ငံတွင် ၎င်းတို့၏ ဒေသဆိုင်ရာ ရုံးချုပ်အား ဖွင့်လှစ်တော့ မည်ဖြစ်ကြောင်းကို ကြေညာခဲ့သည်။ Mr.Heath က ၎င်းမှာ ထိုင်းနိုင်ငံ၏ ဈေး ကွက်ဆိုင်ရာ ဆွဲဆောင်မှုများကြောင့် ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

Source:Bangk Post                                                                

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ဗန်ကောက်မြို့။