Main menu

Background

ဂျပန်အစိုးရကယန်း ၁၀ မီလီယံနှင့်အထက် ရင်းနှီးမြှုပ်နှံထားသည့် ထွန်းသစ်စလုပ်ငန်းများကို အခွန်လျှော့ချပေးရန် ပြင်ဆင်နေ

Fri, 12/13/2019 - 15:44 -- journal_editor

    ဂျပန်နိုင်ငံအစိုးရ အုပ်ချုပ်ရေးပိုင်း အရာရှိများသည် ယန်း ၁၀ မီလီယံနှင့် အထက်  ရင်းနှီးမြှုပ်နှံဆောင်ရွက်နေ သည့် ထွန်းသစ်စအသေးစားနှင့် အလတ်စား လုပ်ငန်းများကို အခွန်လျှော့ချပေး ရန် ပြင်ဆင်လျက်ရှိသည်။ အုပ်ချုပ်ရေးပိုင်းအရာရှိများ အနေ ဖြင့်  လက်ရှိကာလ  တုံ့ဆိုင်းနေသည့် နိုင်ငံ၏ စီးပွားရေးအင်အားကို ပြန် လည်ရှင်သန်တိုးတက်လာစေရန် နည်း လမ်းတစ်ခုအဖြစ် လာမည့်   ၂၀၂၀ ဘဏ္ဍာရေးနှစ်မှ အစပြုကာအခွန်ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များပါဝင် သည့် ရည်မှန်းချက်ကို ၂၀၂၀ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်အကောင် အထည် ဖော်ရန် ပြင်ဆင်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်မှုသည် အမေရိကန်၊ တရုတ် နှင့် အီးယူနိုင်ငံများရှိ ထွန်းသစ်စ လုပ် ငန်းများနှင့် နှိုင်းယှဉ်ပါက နောက်ကျ နေသည့် ဂျပန်ထွန်းသစ်စလုပ်ငန်းများ အတွက် တီထွင်ဆန်းသစ်မှုအပိုင်းတွင် အဓိကအထောက်အပံ့သဖွယ် ဖြစ်သည်။

    ကုမ္ပဏီကြီးများအနေဖြင့် ယန်း ၁၀ဝ မီလီယံနှင့်အထက် ရင်းနှီးမြှုပ်နှံ ရန် လိုအပ်ပြီး အခွန်ကင်းလွတ်လျှော့ ချခွင့်ရရှိရန် လိုအပ်သည့် သတ်မှတ်ချက်များ ပြည့်မီရမည်ဖြစ်သည်။ ယခု ပြင်ဆင်နေသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် အခွန်လျှော့ချ မည့်အစီအစဉ်သည် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကာလ အစောပိုင်းကတည်း က တည်ထောင်ထားသော စာရင်းဝင် ကုမ္ပဏီမဟုတ်သည့် လုပ်ငန်းများနှင့် ကုမ္ပဏီကြီးများက ဦးဆောင်သည့် ကော်ပိုရေးရှင်း အစုအဖွဲ့ဝင်မဟုတ် သော လုပ်ငန်းငယ်လေးများအတွက် ရည်ရွယ်ကျင့်သုံးဆောင်ရွက်မည်ဖြစ် သည်။

    အဆိုပါ  လုပ်ငန်းငယ်လေးများ အနေဖြင့် အနည်းဆုံးတစ်နှစ်တာကာလ ရှိသည့် ထွန်းသစ်စလုပ်ငန်းရှယ်ယာ ဝေစုရှိထားရန် လိုအပ်ကြောင်းဖြင့် ထို အခွန်ကင်းလွတ်သက်သာခွင့်ကို မမှန် မကန်တောင်းခံခြင်း   မပြုလုပ်နိုင်ရန် ကာကွယ်ထားသည်။ ထွန်းသစ်စ လုပ် ငန်းငယ်လေးများအတွက် အခွန်လျှော့ချ ပေးမည့်အစီအစဉ်သည် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းမှ ရရှိမည့် ဝင်ငွေခွန်၏ ငါးရာခိုင် နှုန်းကို လျှော့ချသွားမည်ဖြစ်ပြီး လုပ် ငန်းလေးများအနေဖြင့် ဆုံးရှုံးနစ်နာမှု အတွက် တစ်စုံတစ်ခုသော ငွေပမာဏ ကို အရန်ငွေအဖြစ် ထားရှိဆောင်ရွက်ခွင့်ပြုမည့်အစီအစဉ်များကိုပါ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရင်းမြစ်။  The Japan Times, Asahi Shimbun

နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့။