Main menu

Background

နှေးကွေးနေသည့် ဂျပန်နိုင်ငံ၏ စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် ယန်း ၂၆ ထရီလီယံ အသုံးပြုမည့် လုပ်ငန်းစဉ်တစ်ခု အစိုးရအဖွဲ့အတည်ပြု

Fri, 12/13/2019 - 15:47 -- journal_editor

      ဂျပန်နိုင်ငံ  ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အစိုးရအဖွဲ့သည် ဒီဇင်ဘာ ၅ ရက်က ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုတွင် အားနည်းနေသော နိုင်ငံ၏နှေး ကွေးနေသည့် စီးပွားရေးကို ပြန်လည် ဦးမော့လာစေရန်နှင့်    မကြာသေးမီ ကာလက မြင့်တက်လာသည့် အခွန်နှုန်း များ၏ အကျိုးသက်ရောက်မှုတို့ကို အထောက်အပံ့ပြုဖြေရှင်းနိုင်ရန် ရည် ရွယ်ချက်ဖြင့် ယန်း ၂၆ ထရီလီယံ (အမေ ရိကန် ဒေါ်လာ ၂၃၉ သန်း) ရှိသည့် စီးပွားရေး မြှင့်တင်ရေးလုပ်ငန်းစဉ်ကိုအတည်ပြုခဲ့သည်။ယအစိုးရက ပထမအဆင့်မြှင့်တင် ရေးအစီအစဉ်အနေဖြင့် သုံးနှစ်တာ ကာလကိုဗဟိုပြုပြီး စားသုံးသူများ၏ သုံးစွဲမှုအပိုင်း မြင့်တက်လာစေရေး အစီအမံများကို ငွေသားမဲ့ပေးချေခြင်းလုပ်ငန်းများ မြှင့်တင်ခြင်းနှင့် မကြာ သေးမီက ကြုံတွေ့ခဲ့ရသည့် သဘာဝ ဘေးအန္တရာယ်များမှ ပြန်လည်ထူထောင် ရေးနှင့် အခြေခံအဆောက်အအုံပိုင်း ပြန်လည်တည်ဆောက်ရေး  စသည့် အများပြည်သူဆိုင်ရာ လုပ်ငန်းများတွင် သုံးစွဲနိုင်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟုဆိုသည်။

     နိုင်ငံ၏ စီးပွားရေးပြန်လည် ဦးမော့လာစေရေးအတွက် အခိုင်အမာ ချမှတ်ထားသည့် အဆိုပါမူဝါဒလုပ်ငန်း စဉ်တွင် သဘာဝဘေးအန္တရာယ်မှ ပြန် လည်ထူထောင်ရေးအတွက် ယန်း ၇ ထရီလီယံ၊ စီးပွားရေး ပြန်လည်မြှင့်တင် မှုအတွက် ယန်း ၇ ဒသမ ၃ ထရီလီယံ၊ လာမည့် ၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် တိုကျိုအိုလံပစ်ပွဲတော်နှင့် မသန်စွမ်း အားကစားပြိုင်ပွဲများအပြီး အများပြည်သူ ဆိုင်ရာ လုပ်ငန်းများတွင် ကြုံတွေ့လာ နိုင်သည့် အားနည်းချက်များ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ယန်း ၁၁ ဒသမ ၇ ထရီလီယံအစရှိသည်ဖြင့် သုံးစွဲသွား ရန် လျာထားသည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က စီးပွား ရေးမြှင့်တင်ရေးအစီအစဉ်အတွက် သုံးစွဲ ခဲ့သည့် ယန်း၂၈ ဒသမ ၁ ထရီလီယံနှင့် နှိုင်းစာပါက ၂၀၁၉ ဘဏ္ဍာနှစ်နှင့် ၂၀၂၀ ဘဏ္ဍာနှစ်များအတွက် ဘတ် ဂျက် အပိုလျာထား ဆောင်ရွက်လိမ့်မည် ဖြစ်ကြောင်းနှင့် ယင်းဘဏ္ဍာနှစ် နှစ်ခု စလုံးအတွက် ထိုလျာထားမှုများကို ယခုလအတွင်း ဆောင်ရွက်လိမ့်မည် ဖြစ်ကြောင်း သိရသည်။ ထိုအစီအစဉ် တွင် အများပြည်သူအတွက် သုံးစွဲမှု အပိုင်းတွင် ယန်း ၁၃ ဒသမ ၂ ထရီ လီယံ သုံးစွဲမည်ဖြစ်ပြီး သဘာဝ ဘေး အန္တရာယ်ကြုံတွေ့ရသည့် ဒေသများ အတွက် အခြေခံအဆောက်အအုံများ ပြန်လည်တည်ထောင်ရေးအတွက် အတိုးနှုန်းနည်းပါးသည့် ချေးငွေအစီ အမံများပါ ပါဝင်မည်ဖြစ်သည်ဟု ဆို သည်။

   ယခုနှစ် ဇူလိုင်မှ စက်တင်ဘာ လအတွင်း ဂျပန်နိုင်ငံ၏စီးပွားရေး တိုး တက်မှုသည် ယခင်ကာလတူနှစ်များနှင့် နှိုင်းယှဉ်ပါက အနှေးကွေးဆုံးဖြစ်ပြီး တရုတ်နှင့် အမေရိကန်တို့၏ကုန်သွယ် ရေးစစ်ပွဲမှ အကျိုးဆက်အဖြစ် ယခု ကဲ့သို့ ကျဆင်းခဲ့ရခြင်း ဖြစ်သည်။ ယခုအတည်ပြုလိုက်သည့် စီးပွား ရေးပြန်လည် ဦးမော့လာစေရေး အစီ အစဉ်တွင် တိုကျိုနှင့် ဝါရှင်တန်အကြား နှစ်နိုင်ငံ    သဘောတူညီချက်သည် လာမည့် ၂၀၂၀ တွင် သက်ဝင်လာမည် ဖြစ်သည်နှင့်အညီ စီးပွားရေးလုပ်ငန်း များ၏ ထုတ်ကုန်များတိုးချဲ့တင်ပို့ရေးကို အစိုးရကအလေးထားဆောင်ရွက် သွားမည်ဟု ဆိုသည်။ အခြား အစီအစဉ် တစ်ခုအနေဖြင့် ယခင်ကာလများက စီးပွားရေးကျဆင်းလာမှုကြောင့် နေထိုင် မှုနှင့် အလုပ်အကိုင်အခက်အခဲ တွေ့ ကြုံနေကြရသည့် အသက် ၃၀ ကျော်နှင့် ၄၀ ကျော်အကြား ဂျပန်နိုင်ငံသားများ ကို အလုပ်အကိုင်သစ်များ ရှာဖွေပေး ခြင်းဖြင့်   ကူညီပံ့ပိုးပေးသွားမည်ဖြစ် သည်။ စားသုံးသူများ၏သုံးစွဲမှုကို မြှင့် တင်ရေးအစီအစဉ်တစ်ခုအဖြစ် အစိုးရ သည် လက်လီဈေးဆိုင်ငယ်ကလေးများ တွင် ငွေသားမဲ့ ပေးချေခြင်းများအတွက်  လျော့ပေါ့ပြန်အမ်းငွေ အစီအစဉ်များ ကို ပြီးခဲ့သည့် အောက်တိုဘာလမှ လာမည့် ၂၀၂၀ ဇွန်လအထိ ဆောင် ရွက်သွားမည်ဖြစ်ပြီး ထိုအစီအစဉ်အတွက် ယန်း ၂၈၀ ဘီလီယံခန့် သုံးစွဲရန် လျာ ထားသည်။

    ဂျပန်နိုင်ငံအစိုးရ၏ ယခုဆောင် ရွက်မည့် စီးပွားရေးမြှင့်တင်ရေး အစီ အမံများသည် စီးပွားရေးလုပ်ငန်းငယ် လေးများကို ပံ့ပိုးပေးရန်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်လည်း ရည်ရွယ်သည်။ စီးပွားရေးလုပ်ငန်းငယ် လေးများအတွက် ၎င်းတို့၏ ရင်းနှီး မတည်ငွေ သုံးစွဲမှု တိုးမြှင့်လာစေရန် ငွေကြေးထောက်ပံ့မည့် အစီအမံများ ကို ချမှတ်မည်ဖြစ်ပြီး ပညာရေးကဏ္ဍအတွက်လည်း အစိုးရစာသင်ကျောင်း များအတွက်လည်း ကွန်ပျူတာနှင့် အခြား သင်ထောက်ကူပစ္စည်းများ ပိုမို ပံ့ပိုး သွားမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက် ခြင်းသည် 5G network အသုံးပြုမှုကို ဦးတည်သည့် ကြိုးမဲ့အင်တာနက်စနစ် သုံးစွဲခြင်းကို ပိုမိုတွင်ကျယ်လာစေရန်လည်းဖြစ်သည်။ ယခုကဲ့သို့ ဘတ်ဂျက် ပိုမိုသုံးစွဲ ခြင်းသည် ကမ္ဘာတစ်ခွင်၌ ကျင့်သုံးလာ သည့် ပုံစံတစ်ခုဖြစ်ပြီး အစိုးရများက ထိုသို့ ပံ့ပိုးဆောင်ရွက်ခြင်းသည် ကမ္ဘာ့ စီးပွားရေး နှေးကွေးလာမှုကို ရင်ဆိုင်နိုင် စေရန် အချက်တစ်ရပ်ဖြစ်သည်။ မည် သည့်နိုင်ငံမဆို ငွေကြေးအပိုသုံးစွဲခြင်း ၏ ကောင်းကျိုးသည် အကန့်အသတ် ဖြင့်သာရှိနေပြီး အထူးသဖြင့် ဂျပန်နှင့် အီးယူတို့အတွက် ဆိုးကျိုးဘက်ကို ဦးတည် သွားနိုင်ကြောင်း၊ သို့သော်လည်း ဖွံ့ဖြိုး တိုးတက်မှုအတွက် ဘဏ္ဍာရေးပိုင်း အစီအမံများကို ဆောင်ရွက်ရုံမှတစ်ပါး အခြား ထိရောက်သည့်နည်းလမ်း ရွေး ချယ်စရာမရှိဟု တိုကျိုအခြေစိုက်စီးပွား ရေးပညာရှင် အကြီးအကဲဖြစ်သူ Ms. Harumi Taguchi  က ပြောဆိုခဲ့သည်။

 

ရင်းမြစ်။ The Japan Times, Daiwa Research Institute.

နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ တိုကျိုမြို့။