Main menu

Background

အမေရိကန်၏ လယ်ယာထွက် ပို့ကုန်များအပေါ် သွင်းကုန်ခွန် လျှော့ချရန် အိန္ဒိယ စဉ်းစားမည်

Fri, 12/13/2019 - 16:14 -- journal_editor

    ၂၀၁၉ ခုနှစ် နိုဝင်ဘာလ တတိယ ပတ်အတွင်း အိန္ဒိယနိုင်ငံနှင့် အမေ ရိကန်နိုင်ငံတို့အကြား အဆင့်မြင့်အရာရှိ များအဆင့် ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင် အိန္ဒိယဘက်မှ အကောက်ခွန်လျော့ချ သက် သာခွင့်ပြုရန် ထည့်သွင်းစဉ်းစားမည့် ကုန်စည် အမယ်ပေါင်း ၄၀ ခန့်ကို သတ် မှတ်နိုင်ခဲ့သည်။ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေး နှင့် စက်မှုဝန်ကြီး Mr. Piyush Goyal နှင့် အမေရိကန် ကုန်သွယ်ရေးကိုယ်စား လှယ် Mr. Robert Lighthizer တို့ နိုဝင် ဘာလ လဆန်းပိုင်း၌ တွေ့ဆုံခဲ့ကြပြီး နောက်ပိုင်းတွင် နှစ်နိုင်ငံကုန်သွယ်ရေး ဆွေးနွေးမှုများ၌ တိုးတက်မှုများ ရရှိ လာခဲ့ကြောင်း၊ အိန္ဒိယဘက်မှ သွင်းကုန် ခွန်လျော့ချရန် ထည့်သွင်းစဉ်းစားမည့် စာရင်းတွင် အခွံမာသစ်စေ့သီး (pistachio)၊ သစ်ကြားသီးနှင့် ပန်းသီးတို့အပါအဝင် အမေရိကန်၏ လယ်ယာထွက်ကုန်စည် များ ပါဝင်သော်လည်း နို့ထွက်ပစ္စည်း နှင့် အချို့သောပဲမျိုးများမှာ ဆွေးနွေးရာ ၌ ပါဝင်ခြင်းမရှိကြောင်း၊ နှစ်ဖက်အရာရှိ များသည်   ဆေးပစ္စည်းကိရိယာများ ကုန်သွယ်မှုအတွက် အခွန် သုညရာခိုင် နှုန်းအထိ လျှော့ချနိုင်ရေး ညှိနှိုင်းဆွေး နွေးလျက်ရှိကြောင်း အိန္ဒိယနိုင်ငံရှိ  Economic Times သတင်းဌာနက ဖော်ပြသည်။

     အိန္ဒိယ၏   နို့ထွက်ပစ္စည်းနှင့် ဆေးပစ္စည်းကိရိယာများ တင်သွင်းမှုနှင့် စပ်လျဉ်း၍ ဈေးနှုန်းထိန်းချုပ်ဆောင်ရွက် မှုသည်   အမေရိကန်နိုင်ငံအတွက် အိန္ဒိယနှင့် ကုန်သွယ်ရေး ညှိနှိုင်းဆွေး နွေးရာတွင် အဓိကအဖြေရှာရမည့်ကိစ္စ ရပ်အဖြစ် ပါဝင်လျက်ရှိသည်။ နှစ်ဖက် စလုံး၌ ထိခိုက်လွယ်သည့် ကိစ္စရပ်များ ရှိနေသော်လည်း ယခုကဲသို့ အပြုသဘော ဆောင်သည့် ရလာဒ်များအရ နှစ်နိုင်ငံ ကုန်သွယ်မှု သဘောတူညီချက်အား မကြာမီကာလများအတွင်း အပြီးသတ် နိုင်ဖွယ်ရာရှိကြောင်း သုတေသီများက သုံးသပ်လျက်ရှိသည်။

 

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့