Main menu

Background

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Siam Commercial Bank ရုံးချုပ်၌ Myanmar Day 2019 ကျင်းပ

Tue, 12/24/2019 - 15:17 -- journal_editor

       ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Siam Commercial Bank  ရုံးချုပ်ပြခန်းဆောင်၌ ဒီဇင်ဘာ ၁၈ ရက်  နံနက် ၁၀ နာရီတွင် Myanmar Day 2019 မြန်မာ MSMEထုတ်ကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားအားကျင်းပခဲ့သည်။  အဆိုပါမြန်မာ MSME ထုတ်ကုန်ပြပွဲဖွင့် ပွဲအခမ်းအနားသို့  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး   ဦးမျိုးမြင့်သန်း၊ စီးပွားရေးသံမှူး ဦးလွင်မျိုးဇော်၊   ပထမအတွင်းဝန် ဦးစိုပြေငြိမ်း ချမ်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးရာ ကော်မတီအဖွဲ့ဝင် ဦးတင်ဝင်း၊ Siam Commercial Babk President Mr.SarutRuttanaporn နှင့် Siam Commercial Bank မှ အကြီးတန်းအရာရှိ ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ Ms.VititaTheeraporn၊ မြန်မာနိုင်ငံဆိုင်ရာ Coordi-nator Ms. NwayNwayHtway နှင့် တာဝန်ရှိသူများ၊ မြန်မာ MSME လုပ်ငန်း ၁၇ ခုမှ ကုမ္ပဏီလုပ်ငန်း ရှင်များ၊ ထိုင်းနိုင်ငံ Distribution Company များ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ Myanmar Day 2019၊ မြန် မာ MSME ထုတ်ကုန်ပြပွဲသို့ မြန်မာနိုင်ငံမှ MSME လုပ်ငန်းရှင်ကုမ္ပဏီ စုစုပေါင်း ၁၇ ခုတို့မှ ပြခန်း ပေါင်း ၁၇ ခန်းတွင် မြန်မာ့ MSME ပစ္စည်းများ ဖြစ်သော မြန်မာကော်ဖီ (Genius Brand)၊မြန်မာ့ လက်ဖက်ခြောက်၊ မြန်မာ Coconut Oil၊ မြန်မာ့ ပျားရည်၊ ဟင်းခတ်အမွှေးအကြိုင်ပစ္စည်း  ထုတ်ကုန်များ၊ Premium Quality Myanmar Garlic and Chili Powder၊ Potato Chips၊ Premium Mobi Corn ၊ Khaya Green Tea၊ Casara Genius Coffee Cherry Tea၊ MayMYO Fresh Coffee ၊ Shwe Pyi Nann သနပ်ခါး၊ ShweThonedary သနပ်ခါး၊ အဘထရှူဆေး၊ Tang Tea မန်ကျည်း အနှစ်၊ Toddy Palm၏ ချင်းထန်းလျက်မှုန့်၊ ရုပ် သေးလက်ဖက်ရည် အစရှိသည့် မြန်မာ့ MSME ထုတ်ကုန်အမျိုး ၂၀ ကျော်ကို စုံလင်စွာခင်းကျင်း ပြသမိတ်ဆက် ရောင်းချပေးခဲ့ကြရာ အချို့ထုတ်ကုန်များမှာပြပွဲ ပြသချိန်သုံးနာရီခန့်အတွင်း အကုန်ရောင်းချနိုင်ခဲ့ကြသည်။

       အဆိုပါ  Myanmar Day 2019၊ မြန်မာ MSME ထုတ်ကုန်ပြပွဲတွင် ပြသသည့် Myanmar MSME  လုပ်ငန်းများအား ထိုင်းနိုင်ငံတွင် လာရောက်ပြသရန်အတွက် စုစုပေါင်းမြန်မာ MSME ကုမ္ပဏီ ၆၀ ခန့်အား၂၀၁၉ခုနှစ် ဒီဇင်ဘာ ၉ ရက် ၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဖိတ်ကြားကာ ထိုင်းဈေးကွက်၌  ထိုးဖောက်ရောင်းချရန် သင့် တော်  ကောင်းမွန်အလားအလာရှိသော လုပ်ငန်း ၂၀ အား သတ်မှတ်အချက်များနှင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။အဆိုပါ မြန်မာMSME လုပ်ငန်း ၆၀ တို့အား ၎င်းဒီဇင်ဘာ ၉ ရက် တွင် ထိုင်းသံရုံး၌ ထိုင်းနိုင်ငံသို့ မြန်မာ့ထုတ်ကုန်များတင်ပို့ရာတွင်  သိရှိဆောင်ရွက်သင့်သည့် အချက်အလက်များ၊ ဈေးကွက် ထိုးဖောက်ခြင်း၊ Distribution နှင့်  Digital Marketing ဆိုင်ရာ ဗဟုသုတများ၊ Packing နှင့် ခေတ်ပေါ် Digital နှင့် Mobile Paymaent ဆိုင်ရာ ဗဟုသုတများအား ဟောပြောပို့ချခြင်း၊ မြန်မာ MSMEလုပ်ငန်းရှင်များ၏ သိရှိလို၍ မေးမြန်းသည်များကို ရှင်းလင်း ဖြေ ကြားခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ မြန်မာ MSMEလုပ်ငန်း ၁၇ ခုတို့အနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင်  ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Siam Commercial Bank ရုံးချုပ်၌ ထိုင်းနိုင်ငံ ထင်ရှားကျော်ကြား လူသိများလှသော Distribution Company ခုနစ်ခုတို့နှင့် တွေ့ဆုံကာ Business Matching ဆွေးနွေးညှိနှိုင်းချိတ်ဆက် မှုများ အသီးသီး ဆောင်ရွက်နိုင်ခဲ့ကြသည်။

       ယခုကဲ့သို့ Myanmar Day 2019 အား ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာMSME ထုတ်ကုန်များအား ထိုင်းနိုင်ငံအပါအဝင် အာဆီယံဈေးကွက်သို့ ထိုးဖောက်တင်ပို့နိုင်ရေး မြန်မာ MSMEs လုပ်ငန်းများ၏ စွမ်းဆောင်ရည် နှင့်  ထုတ်ကုန်အရည်အသွေးများအား ကြီးထွား ဖွံ့ဖြိုးတိုးတက်လျက်ရှိသော အာဆီယံ၏စီးပွားရေး အခြေအနေနှင့်အညီ မြှင့်တင်ပေးနိုင်ရေး၊ မြန်မာ MSME ထုတ်ကုန်များ တိုးတက်မြှင့်တင်တင်ပို့နိုင်ရေး၊  မြန်မာ MSME လုပ် ငန်းရှင်များ အနေဖြင့်  ထိုင်းစားသုံးသူများ၏ လိုလားချက်၊ အလားအလာနှင့် အပြုအမူများကို  ပိုမိုသိရှိနားလည်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းသစ် များ ပိုမိုဖော်ဆောင် ဖန်တီးပေးနိုင်ရေးတို့အတွက် အဓိကရည်ရွယ်၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာန၊Siam Commercial Bank၊ မြန်မာ နိုင်ငံဆိုင်ရာ  ထိုင်းသံရုံးနှင့်  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊  မြန်မာ MSME လုပ်ငန်းရှင်များ၏ပူးပေါင်းဆောင်ရွက်မှု   ပထမအစီအစဉ်ဖြစ်ပြီး မြန်မာနိုင်ငံအခြေစိုက် Siam Commercial Bank ရုံးခွဲ၏ အဓိကကူညီပံ့ပိုးမှုများဖြင့် ယခုအစီအစဉ် ကဲ့သို့ မြန်မာ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်မြန်မာ့ MSMEထုတ်ကုန်များအား ထိုင်း နိုင်ငံနှင့် အာဆီယံဈေးကွက်သို့ ပိုမိုထိုးဖောက် တင်ပို့နိုင်ရေး  အစီအစဉ်သစ်များကို ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံအခြေစိုက်Siam Commercial Bank ရုံးခွဲ၏ ပြောကြားချက်အရ သိရှိရသည်။

 

 

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ဗန်ကောက်မြို့