Main menu

Background

တည်ငြိမ်နေပြီဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွားရေး

Fri, 01/03/2020 - 12:24 -- journal_editor

     တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ယခုနှစ်ကုန်ပိုင်းအထိ တည်ငြိမ်နေပြီး ခိုင်မာသောဖွံ့ဖြိုးမှုများကို ထိန်းထား နိုင်ကြောင်း၊ ရေရှည်အပြုသဘော ဆောင်သည့် စီးပွားရေးတိုးတက်မှု လမ်းကြောင်းမှာ ပြောင်းလဲဖွယ်မရှိ ကြောင်း ထိပ်တန်းစီးပွားရေးမူဝါဒချ မှတ်သူတစ်ဦးက မှတ်ချက်ပြုပြောကြား ခဲ့သည်။ အမျိုးသားစာရင်းအင်းဌာနက ထုတ်ပြန်သည့်အချက်အလက်များအရ ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း စီးပွား ရေးအခြေအနေမှာ မျှော်မှန်းထားသည် ထက် ပိုမိုကောင်းမွန်ခဲ့ကြောင်း၊ ဝက်သား ရောင်းချနိုင်မှု ပြန်လည်ကောင်းမွန်လာ ပြီဖြစ်သည့်အတွက် ရည်မှန်းထားသည့် အားလုံးခြုံငုံပါဝင်သည့်  စားသုံးသူ အညွှန်းကိန်းမှာ နဂိုသတ်မှတ်ထား သည့် သုံးရာခိုင်နှုန်းတွင် ရှိနိုင်မည်ဖြစ် ကြောင်း သိရသည်။ သို့ရာတွင် ဝက်သားဈေးနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်အထိ တက်နေဦးမည်ဖြစ်သောကြောင့် လာမည့် နွေဦးရာသီပွဲတော်  ကာလအတွင်း စားသုံးသူဈေးနှုန်း ဖောင်းပွနိုင်ကြောင်း၊ ယခုအခါ တရုတ်နိုင်ငံက အရေအတွက် ထက် အရည်အသွေးကို ဦးစားပေး သည့် ဖွံ့ဖြိုးမှုပုံစံဘက်သို့ လျင်မြန်စွာ ကူးပြောင်းနေသည့် ကာလဖြစ်ကြောင်း၊ ထိုကာလအတွင်း ပိုမိုနက်နဲသော ပြုပြင် ပြောင်းလဲမှုများနှင့် တံခါးဖွင့်ပေးမှုများကို ဆောင်ရွက်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ၁၁ လအတွင်း တရုတ် နိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်မှု မှာ တည်ငြိမ်စွာ တိုးတက်ခဲ့ပြီး အမေ ရိကန်ဒေါ်လာ  ၁၂၄၄ ဒသမ ၄ ဘီလီယံ သို့ ရောက်ရှိခဲ့ကြကာ ယခင်နှစ်ကထက် ၂ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ခဲ့ ခြင်း ဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွင်း တရုတ် ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ ၆ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့သည့်အတွက် ယခင်မှန်းဆချက် ၆ မှ  ၆ ဒသမ ၅ အကြား ရာခိုင်နှုန်းကို ပြည့်မီခဲ့သည်။

မြို့ငယ်များဆီမှ ဝယ်လိုအားမြင့်မား လာ

     ထို့ပြင် စတုတ္ထနှင့် ပဉ္စမအတန်း အစား မြို့များမှ တိရစ္ဆာန်များ၊ အလှကုန် များနှင့် အရေပြားပြုပြင်ထိန်းသိမ်းသည့် ပစ္စည်းများဝယ်လိုအားမှာ ၅၀ ရာခိုင် နှုန်းကျော်၊ အိမ်သုံးပစ္စည်းများ၊ စာအုပ် များ၊ မိခင်နှင့် ကလေးအသုံးအဆောင်များ၊ ဆေးဝါးနှင့်ကျန်းမာရေး စောင့် ရှောက်မှုကုန်ပစ္စည်းများ၊ အဝတ်အထည် များ ဝယ်လိုအား ၂၀ မှ၄၀ ရာခိုင်နှုန်း ကြားရှိခဲ့သဖြင့် ၂၀၁၈ ခုနှစ်ကထက် ပိုမိုတိုးတက်ခဲ့သည်။ ထိုကဲ့သို့ တိုးတက်လာခြင်းမှာ ယင်းမြို့များတွင်  နေထိုင်သူများ၏ လူနေမှုအဆင့်အတန်း  မြင့်လာခြင်း၊ ဝင်ငွေတိုးလာခြင်းတို့ကြောင့်    အထူး သဖြင့် ၂၀၁၉ ခုနှစ် ပထမကိုးလအတွင်း မြို့ပြတွင်နေထိုင်သူတို့ထက် ကျေးလက် တွင် နေထိုင်သူတို့၏ ဝင်ငွေက ပိုမို လျင်မြန်စွာ တိုးတက်လာခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် ၎င်းတို့မှာ နာမည် ကြီးအမှတ်တံဆိပ်ဖြင့် ကုန်စည်များကို ဝယ်ယူသင့်သည် ဟူသော အသိအမြင် နည်းပါးသေးကြောင်း၊ အရည်အသွေး မြင့်ကုန်ပစ္စည်းများနှင့် စစ်မှန်သော ဝန်ဆောင်မှုများကို ဝယ်ယူလိုမှု တိုး တက်လာမည်ဟု မျှော်လင့်ကြောင်း Morgan Stanley ၏ တရုတ် စီးပွားရေး ပညာရှင်အကြီးအကဲ Robin Xing က မှတ်ချက်ပြုထားသည်။ Nielsen စာရင်းအင်းကုမ္ပဏီမှ ပြုစုထားသော စာရင်းများအရ တတိယ တန်းမြို့များတွင် နေထိုင် သူဦးရေ ၉၅၃သန်းရှိကာ ပထမတန်းနှင့် ဒုတိယ တန်းမြို့များတွင်နေထိုင်သူဦးရေမှာ ၄၂၇ သန်းရှိကြောင်း သိရသဖြင့် မြို့ ငယ်လေးများတွင် နေထိုင်သူများထံမှ ဝယ်လိုအားအများပြားကို ရရှိနိုင်သည့် အခွင့်အလမ်းရှိကြောင်း သုံးသပ်ရရှိ သည်။

မိမိအသက်ထက်  နုပျိုသော ပစ္စည်း များကို ပိုမိုဝယ်ယူလိုလာ

       တရုတ်လူမျိုး လက်ကိုင်ဖုန်းသုံး စွဲသူများသည် မိမိတို့ဝါသနာပါသည် များကိုလေ့လာနိုင်ရန် ၎င်းတို့၏ ဖုန်း ထဲ၌ Application များထည့်သွင်းထားကြသည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ပေကျင်း၌ ပြုလုပ်ခဲ့သော အသက် ၂၀ နှစ်မှ ၅၉ နှစ်ကြား စမတ် ဖုန်း အသုံးပြုသူ အယောက် ၅၀ဝ၀ကို စစ်တမ်း ကောက်ယူခဲ့ရာ သက်ကြီးပိုင်း ပုဂ္ဂိုလ်များက လူငယ်များက ဖန်တီး သည့် အပြုသဘောဆောင်သော အတွေး အမြင်များကို လက်သင့်ခံကြကြောင်း၊ ဖြေကြားသူများ၏ ၃၅ ရာခိုင်နှုန်းက နာမည်ကြီးအမှတ်တံဆိပ်များနှင့် လက် ကိုင်ဖုန်းနှင့် ကွန်ပျူတာကဲ့သို့သော နည်းပညာဆိုင်ရာ အသုံးအဆောင်များ နှင့် ဝန်ဆောင်မှုများကို ဂရုထားသည်ဟု ဖြေကြားကြကြောင်း၊ ၎င်းရာခိုင်နှုန်းမှာ ဂျပန်နှင့် အမေရိကရှိ ဖြေကြားသူတို့ ထက် ပိုမိုကြောင်း သိရသည်။ ထို့ပြင် ဖြေကြားသူများ၏ ၁၆ ရာခိုင်နှုန်းက နာမည်ကြီးအမှတ်တံဆိပ် ဖြစ်သည့်  အဝတ်အထည်၊ ဖိနပ်နှင့် အိတ်များကို အထူးအလေးထားကြ ကြောင်း၊ တရုတ်နိုင်ငံတွင် သက်ကြီး ပိုင်းစုံတွဲများမှာ နှစ်ပတ်လည် နေ့များ ကျင်းပရန်အတွက်    မင်္ဂလာဆောင် ဓာတ်ပုံများ ပြန်လည်ရိုက်ကူးကြခြင်း၊ သက်လတ်ပိုင်းမိခင်များက အလှပြင်နည်းများကိုလေ့လာကြခြင်း၊ သက်ကြီးပိုင်းပုဂ္ဂိုလ်များက ကွန်ပျူတာဂိမ်း ကစားကြခြင်း  စသည် တို့ကို ပြုလုပ် ကြပြီး လူငယ်များ၏ ဖန်တီးမှုများကို တကြွ်ကစွာ လိုက်ပါဆောင်ရွက်ကြ ကြောင်း၊ တစ်နေရာတည်းတွင် ရပ် တန့်၍ ကျန်နေခြင်းမျိုးထက် မတူညီ သော အသစ်များကို စူးစမ်းလိုကြကြောင်း ဈေးကွက်လေ့လာစာတမ်းက ဖော်ပြ ထားသည်။ တရုတ်နိုင်ငံမှ  လက်ကိုင်ဖုန်း အသုံးပြုသူများသည် ဂျပန်နှင့် အမေရိ ကန်နိုင်ငံများမှ အသုံးပြုသူများထက် အစားအစာမှာယူသော appများ၊ ကားငှားသည့်appများ၊ မိုဘိုင်းလ်မှ ငွေ ချေခြင်းများကို ပိုမိုပြုလုပ်ကြကြောင်း၊ လာမည့်နှစ်တွင် ကုန်စည်နှင့် ဝန်ဆောင် မှုများ ပိုမိုဝယ်ယူရန် စိတ်ပါဝင်စား ကြောင်း၊ စစ်တမ်းကို ဖြေကြားသူတို့၏ ၇၇ ဒသမ ၇ ရာခိုင်နှုန်းမှာ တတိယတန်း နှင့် စတုတ္ထတန်းအဆင့် မြို့များတွင် နေထိုင်သူများဖြစ်သဖြင့် တရုတ်ပြည် တွင်းဈေးကွက်တွင် ငွေကြေးဖြုန်းအား ရှိသော ဈေးဝယ်သူ အသစ်များဖြစ် သည်ကို သက်သေပြနေကြောင်း သိရှိရ သည်။

 

ဒေါက်တာရွှေစင်ကို

စီးပွားရေးသံမှူးမြန်မာသံရုံး၊ နန်နင်းမြို့။