Main menu

Background

စင်ကာပူတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး အထောက်အကူပြုအစီအမံ စတင်မည်

Fri, 01/03/2020 - 12:28 -- journal_editor

     ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒီဂျစ်တယ် အသွင်ကူးပြောင်း ဆောင်ရွက်သွားနိုင်ရေးအတွက် အထောက်အကူ ပြုမည့် Digital and Advanced Manufacturing Programme ကို စင်ကာပူနိုင်ငံရှိ စက်မှုသိပ္ပံကျောင်းတွင် ၂၀၂၀ ပြည့်နှစ်မှစ၍ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ သင်တန်းအစီအစဉ်အား ၂၀၂၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းကို စင်ကာပူကုန်သွယ်ရေး နှင့် စက်မှုဝန်ကြီးဌာန  စီနီယာဝန်ကြီးဖြစ်သူ  Dr Koh  က  ဒီဇင်ဘာ ၁၈ ရက်တွင် ကြေညာပေးခဲ့ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စင်ကာပူ၏ အခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် လုပ်ငန်းများနှင့် အလုပ်သမားများသည် ဖွံ့ဖြိုး တိုးတက်လာသော နည်းပညာများကို လက်တွေ့အသုံးချ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍသည် စင်ကာပူ၏ စီးပွားရေးအပေါ် ၂၀ ရာခိုင်နှုန်းကျော်အထိ ပံ့ပိုးပေးနေကြောင်း၊ လုပ်သားအင်အားစုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းကိုလည်း အလုပ်အကိုင်ဖန်တီးပေးထားကြောင်း၊ ဤအစီအမံမှတစ်ဆင့် ကုမ္ပဏီများက စက်မှုသိပ္ပံ ကျောင်း၏ လက်တွေ့စမ်းသပ်ခန်းများ (Labs) ကို အသုံးပြုလျက် ၎င်း တို့၏ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် လိုအပ်သော နည်းပညာများကို စူးစမ်းလေ့လာ နိုင်သည့်အပြင် အလုပ် သမားများကလည်း ဒီဂျစ်တယ်ခေတ်တွင် လိုအပ်သော နည်း ပညာများကို လိုက်ပါအသုံးပြုနိုင်သော စွမ်းရည်များ ရရှိလာ ရန် လေ့လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ ဤသင်တန်းအစီအစဉ်တွင် အလုပ်သမားများသည် စက်ရုပ်တီထွင်အသုံးချမှုပညာ၊ အင်တာနက် အသုံးချမှု၊ cloud computing နှင့် ဆိုက်ဘာလုံခြုံရေးပိုင်းများနှင့် သက် ဆိုင်သောသင်တန်းများကို တက်ရောက်လေ့လာနိုင်မည် ဖြစ်ပြီး သင်တန်းတက်ရောက်ခြင်းမှ အသိအမှတ်ပြု လက်မှတ် ရရှိမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း ကုမ္ပဏီပေါင်း ၇၀ ခန့်အထိအား သင်တန်းပြုလုပ်ပေးနိုင်ရန် ရည်မှန်းထား သည်။

 

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူနိုင်ငံ