Main menu

Background

ချာဘာဟာဆိပ်ကမ်းစီမံကိန်း လုပ်ငန်းအကောင်အထည်ဖော်မှု အိန္ဒိယနှင့် အီရန်တို့ အရှိန်မြှင့်တင်ဆောင်ရွက်မည်

Mon, 01/13/2020 - 14:12 -- journal_editor

      အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုက်ရှန်ကာသည် ဒီဇင်ဘာ ၂၂ ရက်က အီရန်နိုင်ငံ တီဟီရန်မြို့၌ ကျင်းပသည့် အိန္ဒိယ-အီရန် ပူးတွဲကော်မရှင် (၁၉) ကြိမ်မြောက် အစည်းအဝေးသို့ တက် ရောက်ခဲ့ရာတွင် အီရန်နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်နှင့် တွေ့ဆုံလျက် နှစ်နိုင်ငံအကြား ပို့ဆောင် ဆက်သွယ်မှု၊ ကုန်သွယ်မှုနှင့် ယဉ်ကျေး မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးအပြီး သတင်း ထုတ်ပြန်ချက်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်ကူး သန်းရောင်းဝယ်မှု ပိုမို ခိုင်မာ အားကောင်းစေရေး ဆောင်ရွက် မည်ဖြစ်ကြောင်းဖော်ပြခဲ့ပြီး ကုန်သွယ် မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ အစည်း အဝေးကို စောလျင်စွာ ကျင်းပပြုလုပ် ရန်၊ အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ကုန်သွယ်မှုသဘောတူညီချက်နှင့် နှစ် နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ် တို့ကို အပြီးသတ်ညှိနှုင်းဆောင်ရွက်ရန် နှင့် အကောက်ခွန်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရန် သဘော တူညီခဲ့ကြကြောင်း သိရှိရသည်။

     ထို့ပြင်  အီရန်နိုင်ငံ၏  အရှေ့ တောင်ဘက် ချာဘာဟာ (Chabahar)  မြို့၌ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသော Shahid Beheshti Port  ဆိပ်ကမ်းစီမံကိန်း လုပ်ငန်းများ တွင် အိန္ဒိယ၏ ပူးပေါင်းပါဝင်ဆောင် ရွက်မှုကို အရှိန်မြှင့်တင်မည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုက်ရှန်ကာ က ပြောကြားခဲ့သည်။ ၎င်းသည် အီရန် နိုင်ငံသို့ မသွားရောက်မီ ဒီဇင်ဘာလ တတိယပတ်အတွင်း ဝါရှင်တန်ဒီစီမြို့၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီရိုနှင့်တွေ့ဆုံခဲ့ရာတွင် အမေရိကန် နိုင်ငံမှ အီရန်နိုင်ငံ အပေါ်ချမှတ်ထားရှိ သည့် ပိတ်ဆို့အရေးယူမှုများမှ အဆိုပါ စီမံကိန်းအား ကင်းလွတ်ခွင့်ပြုမည်ဖြစ် ကြောင်း သဘောထားမှတ်ချက်ကို ရရှိခဲ့သည်။  အီရန်နှင့် ပါကစ္စတန် နယ်စပ်၏ အနောက်ဘက် ၆၂ မိုင်အကွာ အိုမန် ပင်လယ်ကွေ့တွင် ဖော်ဆောင်လျက်ရှိသော ချာဘာဟာ ဆိပ်ကမ်း တည်ဆောက် ရေးလုပ်ငန်းသည် ၂၀၁၆ ခုနှစ်တွင် အိန္ဒိယ၊ အီရန် နှင့် အာဖဂန်နစ္စတန်တို့ လက်မှတ်ရေးထိုးခဲ့သည့်  Trilateral agreement on Transit and Transportနားလည်မှုစာချွန်လွှာအရ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း လုပ်ငန်းတစ်ခုဖြစ်ပြီး အာဖဂန်နစ္စတန် နိုင်ငံ၏ သယ်ယူပို့ဆောင်မှုနှင့် ကုန် သွယ်မှုလုပ်ငန်းများအတွက် အီရန် နိုင်ငံမှတစ်ဆင့် ပင်လယ်ဆိပ်ကမ်းထွက် ပေါက် ရရှိစေမည်ဖြစ်သည်။ စုစု ပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံ ရှိသည့် Chabahar–Hajigak စင်္ကြန် စီမံကိန်းတွင် အိန္ဒိယနိုင်ငံသည် ချာဘာ ဟာဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်း ၌ ဒေါ်လာ ၈၅ သန်းကျော် ရင်းနှီး မြှုပ်နှံထားပြီး ဆိပ်ကမ်းလုပ်ငန်းများ အတွက် အီရန်နိုင်ငံသို့ ချေးငွေ ဒေါ်လာ သန်း ၁၅၀ ပေးအပ်ထားကြောင်း၊ ထို့အပြင် ချာဘာဟာ အထူးစီးပွားရေး ဇုန်တွင် ဒေါ်လာ ၈ ဘီလီယံ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် အီရန်နိုင်ငံနှင့် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးထားသကဲ့ သို့ အာဖဂန်နစ္စတန်နိုင်ငံရှိ သတ္တုမိုင်း များတည်ရှိရာ ံငြေေါု ဒေသနှင့် အီရန် နိုင်ငံ ဃ့ဘေေ့မေ မြို့တို့အား ဆက်သွယ် ပေးမည့် ရထားလမ်းဖောက်လုပ်ရေးစီမံ ကိန်းတွင်လည်း ဒေါ်လာ ၂ ဘီလီယံ ထည့်ဝင် ရင်းနှီးမြှုပ်နှံရန် အာဖဂန် နစ္စတန်နိုင်ငံနှင့် ကတိကဝတ်ပြုထား ကြောင်း သိရှိရသည်။

 

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့