Main menu

Background

နွေဦးရာသီပွဲတော်ကာလအတွင်း တရုတ်မြို့ငယ်များတွင် သွင်းကုန်ပစ္စည်းများရောင်းချမှု ပိုမိုမြှင့်တင်နိုင်မည်

Mon, 02/03/2020 - 10:37 -- journal_editor

    ယခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကျရောက် မည့် တရုတ်နွေဦးရာသီပွဲတော်ကာလအတွင်း မြို့ပြနှင့်အလှမ်းဝေးသည့် မြို့ငယ်များမှ တရုတ် စားသုံးသူများအတွက် ဘယ်လ်ဂျီယံမှ ဘီယာ၊ ထိုင်းမှ ဆန်၊ အမေရိကန်မှ ပန်းသီး၊ နယူးဇီလန်မှ ကီဝီသီး၊ အမဲသားနှင့် နွားနို့၊ နော်ဝေမှ ဆာလ်မွန် ငါး၊ ကနေဒါ အာတိတ်ဒေသမှ ပုစွန်နှင့် ချီလီမှ ချယ်ရီသီးများစသည်တို့မှာ  ဈေးဝယ်ရန် စာရင်း တွင် ထည့်ထားကြသည်များအနက် တစိတ်တပိုင်း ဖြစ်ကြသည်။ တရုတ်၏နွေဦးရာသီပွဲတော်ကာလတွင် မိသားစုများ ပြန်လည်စုဝေးကြရုံသာမက ဆွေမျိုး မိတ်ဆွေသူငယ်ချင်းများသို့လည်း လက်ဆောင် များ ပေးလေ့ရှိကြသည်။ ယခုအခါ တရုတ်ပြည်သူများ၏ ဝင်ငွေမြင့် မားလာသောကြောင့် ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများမှာ ပထမနှင့် ဒုတိယတန်း မြို့တော် ကြီးများ၌သာမက  တတိယမှ ပဉ္စမတန်း မြို့များ အထိ စတိုးဆိုင်များနှင့် အွန်လိုင်းမှ ရောင်းချ သောနေရာများမှတစ်ဆင့် ပျံ့နှံ့ရောက်ရှိသွားပြီ ဖြစ်သည်။ သစ်သီးဝလံ၊ နို့၊ သကြားလုံးများနှင့် ချောကလက်များမှာ မြို့ငယ်များမှ ဝယ်လိုအား မြင့်မားသော ကုန်ပစ္စည်းများ ဖြစ်ကြသည်။

    ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၅ ရက်အထိ နွေဦးရာသီပွဲတော် ဈေးရောင်းပွဲပြုလုပ်ခဲ့ရာ တတိယတန်းနှင့် အောက် အဆင့် မြို့များမှ စုစုပေါင်း ဝယ်ယူမှုမှာ ယခင်နှစ် ကထက် ၅ ဒသမ ၆ ဆ တိုးတက်လာခဲ့သည်။ ပြည်ပမှ သွင်းကုန်တင်သွင်းမှုမှာ ယခင်နှစ်က ထက် ၉ ဒသမ ၈ ဆ ပိုမိုလာခဲ့သည်ကို တွေ့ရသည်။ ဖူးကျန့်ပြည်နယ်ရှိ  Putian၊ ကျင်းစုပြည် နယ်ရှိ Jiangyin၊ ကွမ်တုန်းပြည်နယ်ရှိ Zhuhai မြို့များအပါအဝင်မြို့ကြီးနှင့် ပိုမိုဝေးလံသော မြို့ငယ်အချို့တို့၌ ရောင်းချရမှု ပမာဏမှာ ယမန်နှစ်ကထက် နှစ်ဆပိုမိုခဲ့သည်။ တတိယ တန်းနှင့်အောက် မြို့ငယ်များတွင် နွားနို့၊ နူးညံ့ သော တစ်ရှူးစက္ကူနှင့် အခန်းအပူချိန်တွင် ထားရှိ နိုင်သော ဒိန်ချဉ်များရောင်းချရမှုမှာ ထိပ်တန်း အဆင့် သုံးဆင့်တွင်ရှိသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ပြည်ပ မှတင်သွင်းသည့် သစ်သီးဝလံများ စားသုံးမှုမှာ ယခင်နှစ်ကထက် ၂ ဒသမ ၂ ဆ မြင့်တက်ခဲ့သည်။ တင်သွင်းသည့် သစ်သီးဝလံများအနက် ငှက် ပျောသီး၊ ချီလီချယ်ရီသီးနှင့် တောကြက်မောက်သီး တို့မှာ အရောင်းရဆုံးဖြစ်သည်။ နွေဦးရာသီပွဲတော် ပိုမိုနီးကပ်လာချိန်တွင် သွင်းကုန်ပစ္စည်းများရောင်းချမှုမှာ ယမန်နှစ်က ထက် ၂ ဒသမ ၃ ဆ တိုးတက်ပြီး နို့မှုန့်၊ အစေ့ အဆန်နှင့် အဝတ်လျှော်ဆပ်ပြာမှုန့်များ ရောင်းချ မှုမှာ သုံးဆအထက် ပိုမိုများပြားမည်ဟု ခန့်မှန်း ထားသည်။  ထို့ပြင် သရေစာအစားအစာများနှင့် ဘီစကစ်များ၊ အရက်များမှာလည်း ရောင်းအား ကောင်းလေ့ရှိသည်။

      Amazon  ဝက်ဘ်ဆိုဒ်က ၎င်း၏ အွန်လိုင်း အထူးဈေးရောင်းပွဲတော်ကို ဇန်နဝါရီ    ၁၃ ရက်နေ့တွင် စတင်ခဲ့သည်။  Walmart China ကလည်း ၎င်း၏ စတိုးဆိုင်ပေါင်း ၄၀ဝ ကျော်နှင့် အွန်လိုင်းဖြန့်ချိရေးလမ်းကြောင်းများတွင် Lunar New Year Street  အရောင်းမြှင့်တင်ရေးပွဲကို ကျင်းပ နေပြီဖြစ်သည်။ များသောအားဖြင့် နွေဦးရာသီ ပွဲတော်ရောင်းချမှုတန်ဖိုး၏ ၆၆ ရာခိုင်နှုန်းမှာ တန်ဖိုးကြီးနှင့် တန်ဖိုးအလယ်အလတ်ရှိသော အရက်ယမကာများဖြစ်ပြီး ငါးအရှင်၊ ကဏန်း၊ ပုစွန်နှင့် အခြားပြည်ပမှ တင်သွင်းသည့် ပင်လယ်စာ များရောင်းချမှုမှာလည်း ယမန်နှစ်ကထက် ၅၀ ရာခိုင်နှုန်း တိုးတက်လာသည်။ ယခုအခါ e-Commerce ၏ ထိုးဖောက် ဝင်ရောက်မှုကြောင့် မြို့ငယ်များမှ စားသုံးသူ များမှာ နိုင်ငံတကာမှ ကုန်စည် အမျိုးမျိုးကို ရွေးချယ်ဝယ်ယူနိုင်ကြပြီ ဖြစ်သည်။ တရုတ်နိုင်ငံ တွင် ပထမနှင့် ဒုတိယတန်းမြို့ကြီးများတွင် နေထိုင်သူဦးရေမှာ ၄၂၇ သန်းသာရှိပြီး၊ တတိယတန်းနှင့်အောက်မြို့ငယ်များတွင် မှီတင်း နေထိုင် သူဦးရေ ၉၅၃ သန်းကျော်ရှိသဖြင့် ၎င်းမြို့ငယ် များတွင် နေထိုင်နေသူများမှာ နွေဦးရာသီဈေး ရောင်းပွဲတော်များအတွက် သွင်းကုန်ပစ္စည်းများ ကို ဝယ်ယူကြမည့် ဖောက်သည် အသစ်များဖြစ် လာသည်။

      သွင်းကုန်ပစ္စည်းများနည်းတူ တရုတ်ကုန် အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ထားသော ပစ္စည်း များမှာလည်း လူကြိုက်များကြပါသည်။ နောက် နှစ်အတွက် တရုတ်ပြက္ခဒိန်၏ ကိုယ်စားပြုအရုပ် ဖြစ်သည့် ြွကက်ရုပ်ပါဝင်သည့် ပစ္စည်းများကိုလည်း လူကြိုက်များပါသည်။ မြို့ငယ်များတွင် နေထိုင်သူများ၏ ဝယ် ယူမှုပမာဏမှာ ၂၀၁၇ ခုနှစ်တွင် အမေရိကန် ဒေါ်လာ  ၂ ဒသမ ၃  ထရီလီယံရှိခဲ့ပြီး၊ ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉ ထရီလီယံရှိလာမည်ဖြစ်ကြောင်း၊ ၎င်းအချိန် ကာလတွင် တရုတ်တစ်နိုင်ငံလုံး၏ ပုဂ္ဂလိက စားသုံးမှုဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၈ ထရီလီယံ ရှိလာမည်ဟု တရုတ်စီးပွားရေး သုတေသီ Robin Xing က ခန့်မှန်းထားသည်။ တရုတ်နိုင်ငံ၏  တတိယတန်းနှင့် အောက် မြို့များနှင့် ကျေးလက်ဒေသတွင် နေထိုင်သူဦးရေ မှာ စုစုပေါင်း လူဦးရေ၏ ၇၀ ရာခိုင်နှုန်းရှိပြီး၊ ၂၀၁၉ ခုနှစ် ပထမကိုးလအတွင်း ၎င်းနေထိုင်သူ များ၏ ဝင်ငွေတိုးတက်မှုမှာ မြို့ပြထက် ပိုမိုမြင့် မားခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် နွေဦးရာသီပွဲတော်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်မှစ၍ စတင် ကျင်းပသွားမည်ဖြစ်သည်။

 

ရွှေစင်ကို၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နန်နင်းမြို့