Main menu

Background

စင်ကာပူ၊ နယူးဇီလန်နှင့် ချီလီနိုင်ငံတို့အကြား ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများ အပြီးသတ်ကြောင်း ထုတ်ပြန်ကြေညာ

Thu, 02/06/2020 - 13:13 -- journal_editor

    စင်ကာပူ၊ နယူးဇီလန်နှင့် ချီလီ သုံးနိုင်ငံအကြား ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ် Digital Economy Partnership Agreement – DEPA) လက်မှတ်ရေးထိုး နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများ ကို    အပြီးသတ်လိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၂၁ ရက်တွင် ပူးတွဲထုတ်ပြန် ကြေညာခဲ့သည်။ ယင်းသဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ကျင်းပပြုလုပ်မည့် အာရှ-ပစိဖိတ်   စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး တွင် လက်မှတ်ရေးထိုးသွားနိုင်ရန် မျှော် မှန်းထားကြောင်း၊ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုတွင် ကူးသန်းရောင်းဝယ် ရေးနှင့် ကုန်သွယ်ရေးတို့၏ သဘော သဘာဝများ ပြောင်းလဲလာသောကြောင့် စီးပွားရေးလုပ်ငန်းများအတွက် အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရန် နယ်စပ် ဖြတ်ကျော် လုပ်ငန်း ချိတ်ဆက်ဆောင် ရွက်မှု ပုံစံသစ်များကို ပေါ်ပေါက်လာ ရေး ဆောင်ရွက်ပေးရန် အရေးကြီးလာ ကြောင်း၊ DEPA သည် စင်ကာပူ၏ လွတ်လပ်သော ကုန်သွယ် ရေးကွန်ရက် များကို ပံ့ပိုးပေးမည့်အပြင်၊ အခြေခံကျ သော ဒစ်ဂျစ်တယ်ကုန်သွယ်ရေး စည်း မျဉ်းစည်းကမ်းများ ဖွံ့ဖြိုးလာစေရန် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ (WTO) တွင် အီလက်ထရောနစ် ကူးသန်းရောင်းဝယ် ရေး(E-commerce) ဆိုင်ရာ ပူးတွဲထုတ် ပြန်ချက် ဦးဆောင်ဦးရွက်ပြုမှုအစီ အစဉ် (Joint Statement Initiative) ၌ ပူးတွဲဆော်သြသူအဖြစ် စင်ကာပူ၏ ကြိုးပမ်း ဆောင်ရွက်မှုများအပေါ် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ၎င်းတို့သုံးနိုင်ငံအကြား စီးပွားရေး ဆက်ဆံမှုများ ခိုင်မာအားကောင်းလာ စေပြီး ဒစ်ဂျစ်တယ်ဆိုင်ရာ ချိတ်ဆက် ဆောင်ရွက်မှုများ တိုးတက်လာမည်ဖြစ် ကြောင်း စင်ကာပူကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr Chan Chun Sing  က ပြောကြားသည်။

      စင်ကာပူတွင် ပြုလုပ်ခဲ့သည့် အဆိုပါ ပူးတွဲကြေညာချက် လက်မှတ် ရေးထိုးပွဲအခမ်းအနားသို့ နယူးဇီလန် ကုန်သွယ်ရေးနှင့် ပို့ကုန်မြှင့်တင်ရေးဝန်ကြီးဌာန ဝန်ကြီး Mr David Parker နှင့် ချီလီ ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr Rodrigo Yanez တို့ က တက်ရောက်၍ လက်မှတ်ရေးထိုး ခဲ့ကြသည်။ DEPA သည် နိုင်ငံများအကြား ဒစ်ဂျစ်တယ်ကွန်ရက်ချိတ်ဆက်မှု ပိုမို ကောင်းမွန်လာစေရေးနှင့် ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့၏ ဒစ်ဂျစ်တယ်ကုန် သွယ်ရေးဆိုင်ရာ နိုင်ငံတကာစည်းမျဉ်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ အတွက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ စာရွက်စာတမ်းမလိုသော ကုန်သွယ်မှု၊ အီလက်ထရောနစ် ပြေစာစနစ်၊ ဒစ်ဂျစ် တယ်သက်သေခံအထောက်အထား၊ ငွေရေးကြေးရေးဆိုင်ရာ နည်းပညာ၊ မှတ်ဉာဏ်တု၊ ပုဂ္ဂိုလ်ရေးအချက်အလက် ကာကွယ်မှု၊ အွန်လိုင်းအသုံးပြု၍ ဝယ်ယူ သုံးစွဲသူများအား ကာကွယ်မှု၊ အချက် အလက်စီးဆင်းမှု၊ အချက်အလက် တီထွင်ဆန်းသစ်မှု၊ SMEs များအတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့် အလမ်းများ၊ ဒစ်ဂျစ်တယ်ဖြင့် အားလုံး ပါဝင်ဆောင်ရွက်နိုင်မှုစသည့် အကြောင်း အရာများ ပါဝင်ကြောင်း၊ ဒစ်ဂျစ်တယ် ကုန်သွယ်ရေးအတွက် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများသာမက ပေါ် ပေါက်လာမည့် ဒစ်ဂျစ်တယ်ဆိုင်ရာ လုပ်ငန်းနယ်ပယ်သစ်များတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

   နိုင်ငံဖြတ်ကျော် E-commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနေသော် လည်း ထောက်ပံ့ပို့ဆောင်ရေးပိုင်းမှ ငွေပေးချေမှုပိုင်းအထိ လုံခြုံစိတ်ချမှု ရှိစေရန် စိန်ခေါ်မှုများရှိနေ ဆဲဖြစ်ပြီး သတင်းအချက်အလက်   ထိန်းချုပ်မှု ဆိုင်ရာ  မူဝါဒများကလည်း  ကမ္ဘာ့ ဒစ်ဂျစ်တယ်စီးပွားရေးကို ခြိမ်း ခြောက် မှုရှိနေကြောင်း၊ မကြာမီက ဆွေးနွေးမှု များ အပြီးသတ်ခဲ့သော အဆင့်မြှင့်တင် ၍ ချုပ်ဆိုမည့် အမေရိကန်၊ မက္ကဆီကို နှင့် ကနေဒါနိုင်ငံတို့အကြား လွတ်လပ် သောကုန်သွယ်ရေးသဘောတူစာချုပ် သည် ဒစ်ဂျစ်တယ်စီးပွားရေးအပေါ် ဦးစားပေးမှုရှိသည့် ပထမဆုံး လွတ်လပ် သောကုန်သွယ်ရေး စာချုပ်များအနက် မှ တစ်ခုဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ချုပ်ဆိုခဲ့သော အီးယူ - ဂျပန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် တွင်လည်း ဒစ်ဂျစ်တယ်ကုန်သွယ်ရေး နှင့်ပတ်သက်၍ ကတိကဝတ်များ စွာ ပါဝင်ကြောင်း၊   စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ အစည်း (OECD) ၏ ဒစ်ဂျစ်တယ်ကူး ပြောင်းရေး  ဦးဆောင်ဦးရွက်ပြုမှု  အစီ အစဉ်တွင် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက် မှုအတွက် ဘက်ပေါင်းစုံမှလိုက်လျော ညီထွေမှုရှိသော မူဝါဒများချမှတ် ဆောင် ရွက်သွားရန် ရည်ရွယ်ကြောင်း၊ စင်ကာပူသည် သြစတြေးလျနိုင်ငံနှင့်လည်း အလားတူ  ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူ စာချုပ် ကို လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းဆွေး နွေးမှုများကို ၂၀၁၉ ခုနှစ် အောက်တို ဘာလမှစ၍ ပြုလုပ်လျက်ရှိသည်။

 

သတင်းရင်းမြစ် ။    ။ Singapore Ministry of Trade and Industry/ The Straits Times

မြတ်နိုး၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ စင်ကာပူမြို့။