Main menu

Background

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကို တိုက်ဖျက်ရာတွင် အားထုတ်ကြိုးပမ်းမှုများအတွက် တရုတ်နိုင်ငံကို ချီးကျူးလေးစားသင့်ကြောင်း WHO အကြီးအကဲပြော

Thu, 02/06/2020 - 13:37 -- journal_editor

    နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွား ပျံ့နှံ့မှုအား ကိုင်တွယ်ဖြေရှင်းရန် အလွန် အရေးကြီးသော စီမံဆောင်ရွက်မှုများကို ဆောင်ရွက်ရေးနှင့် ရောဂါဖြစ်ပွားမှုအား နိုင်ငံခြားတိုင်း ပြည်များသို့ ပျံ့နှံ့မှုမှ ကာကွယ်ရေးတို့အတွက် တရုတ်နိုင်ငံ၏ ဆောင်ရွက်နေ မှုများအပေါ် နိုင်ငံတကာအသိုင်း အဝိုင်းက အသိအမှတ်ပြုမှုနှင့် လေးစားမှုတို့ပေးရန် ထိုက်တန်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ညွှန်ကြားရေး မှူးချုပ်က ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွား ပျံ့နှံ့မှုအား ကိုင်တွယ်ဖြေရှင်းရန် အလွန်အရေးကြီးသော စီမံဆောင်ရွက်မှုများကို ဆောင်ရွက်ရေးနှင့် ရောဂါဖြစ်ပွားမှုအား နိုင်ငံခြားတိုင်းပြည်များသို့ ပျံ့နှံ့မှုမှ ကာကွယ်ရေးတို့အတွက် တရုတ်နိုင်ငံ၏ ဆောင်ရွက်နေမှုများအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြုမှုနှင့် လေးစားမှုတို့ပေးရန်ထိုက်တန်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ညွှန်ကြားရေး မှူးချုပ် TedrosAdhanomGhebreyesus က ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ဖော်ပြော ကြားခဲ့သည်။

     ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု များ၏ ၉၉ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံ အတွင်း၌သာဖြစ်ပြီး ကျန် ၁၅ နိုင်ငံ၌ ဖြစ်ပွားသည်ဟုအတည်ပြုသော လူနာ ပေါင်း  ၆၈ ဦးမှာ သေဆုံးမှုမရှိသည်ကို တွေ့ရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အလွန်အရေးကြီးသော စီမံဆောင်ရွက်မှုများကို အကောင်အထည်ဖော်နေသည်ကို တွေ့ရသည့်အတွက် ကျွန်ုပ်တို့၏ ကျေးဇူးတင်ရှိမှုနှင့် လေးစားမှုကို ခံယူရန်ထိုက်တန်ကြောင်း Tedros က ပြောကြားခဲ့ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြီးအကဲသည်  တရုတ် နိုင်ငံ၏ အကြီးအကဲများနှင့် တွေ့ဆုံလျက် ဝူဟန်မြို့တွင် ပျံ့နှံ့ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ရောဂါအပေါ် ကာကွယ်ဆောင်ရွက်မှု များ၊ အခြားမြို့တော်များနှင့် ပြည်နယ်များတွင် စီမံဆောင်ရွက်မှုများ၊ ဗိုင်းရပ်စ်၏ ပြင်းထန်မှုနှင့် ကူးစက်နိုင်မှု အပေါ် လေ့လာသုတေသနပြုနေမှုများ၊ အချက်အလက်နှင့် ဇီဝဗေဒဆိုင်ရာ အရာဝတ္ထုများ မျှဝေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး တရုတ်နိုင်ငံမှ ဂျီနီဗာ သို့ ဇန်နဝါရီ ၂၉ ရက်တွင် ပြန်လည် ရောက်ရှိခဲ့ပါသည်။

      တရုတ်သည် အချိန်တိုအတွင်း ရောဂါဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ကို ဖော် ထုတ်ပေးနိုင်ပြီး ချက်ချင်း အချက်အလက်မျှဝေပေးနိုင်ခဲ့သဖြင့် ကုသရေး ကိရိယာများ ဖွံ့ဖြိုးမှုကို ဆောင်ရွက်သွားနိုင်မည် ဖြစ်သဖြင့် ကျေးဇူး တင်ရှိ ကြောင်း WHO အကြီး အကဲက ဖြည့်စွက်ပြောကြားခဲ့သည်။ မကြာသေးမီက ဂျာမနီတွင် တွေ့ရှိခဲ့သည့် ရောဂါဖြစ်ပွားမှုမှာလည်း တရုတ် အစိုးရ၏ ချက်ချင်း အကြောင်းကြားခြင်းနှင့် သတင်းအချက်အလက် မျှဝေခြင်း ကြောင့် အလွန်မြန်ဆန်စွာ  ရောဂါဖော်ထုတ်နိုင်ပြီး ဆေးဝါးစောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း၊ တရုတ်အစိုးရသည် ပြည်တွင်းပြည်ပ နှစ်ရပ်လုံးတွင် ပွင့်လင်း မြင်သာမှုကို လုံးလုံးလျားလျားပေးရန် ကတိကဝတ် ပြုထားပြီး ၊ ၎င်းလိုအပ်နေ သော အကူအညီများအတွက် အခြားနိုင်ငံများနှင့် အတူတကွဆောင်ရွက်သွားရန်  သဘောတူခဲ့ကြောင်း၊ တရုတ်နှင့် ဂျာမနီတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ  တရုတ် က WHO နှင့် မည်ကဲ့သို့ ထိတွေ့ဆောင်ရွက်နေကြောင်းကို  ပြသနေကြောင်း Tedros က ထည့်သွင်း ပြောကြားခဲ့သည်။

    ရောဂါဖြစ်ပွားပျံ့နှံ့နေမှုများကို နားလည်မှုတိုးမြှင့်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာတုံ့ပြန်ရေးအားထုတ် ကြိုးပမ်းမှုများကို လမ်းညွှန်ပြသရန် WHO မှ နိုင်ငံတကာ ကျွမ်းကျင်သူများအဖွဲ့က တရုတ်နိုင်ငံသို့ အမြန်ဆုံးလာရောက်မည်ဖြစ် ကြောင်း၊ WHO အရေးပေါ် ကော်မတီက ဇန်နဝါရီ ၃၀ ရက်တွင်ထပ်မံတွေ့ဆုံပြီး ရောဂါ ဖြစ်ပွားပျံ့နှံ့မှုအပေါ် ဆွေးနွေးမည်ဟု Tedros က ကြေညာခဲ့သည်။ ယင်းကော် မတီသည် ဇန်နဝါရီ ၂၂ နှင့် ၂၃ ရက်တို့တွင်လည်း တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကာ တရုတ်နိုင်ငံ၏ ပြင်ပတွင် ရောဂါကူးစက်ဖြစ်ပွားမှုမှာ အရေအတွက် အနည်းငယ်သာရှိနေသေးပြီး တရုတ်အာဏာပိုင်များက  ရောဂါကူးစက်မှုမှ ကာကွယ်ရေး စီမံဆောင်ရွက်မှုများကို အလွန်အားထည့်ဆောင် ရွက် အကောင် အထည်ဖော်နေသည့်အတွက် "တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေ" မဟုတ်သေးကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

 

ရင်းမြစ်၊ Xinhua

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး နန်နန်းမြို့။