Main menu

Background

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုမှာ တရုတ်အပါအဝင်ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးကို ထိခိုက်လာနိုင်

Fri, 02/14/2020 - 11:48 -- journal_editor

      တရုတ်နိုင်ငံတွင် လတ်တလော လျင်မြန်စွာ ပျံ့နှံ့လျက်ရှိသည့်  2019 novel coronavirus အား ထိန်းချုပ်နိုင် ရန် အစိုးရအနေဖြင့် အပြင်းအထန် ကြိုးစား ဆောင်ရွက်လျက်ရှိသည့် အတွက် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ရပ်တန့်လုနီးပါး ကျဆင်းလျက်ရှိကြောင်း၊ သို့ဖြစ်ရာ ကမ္ဘာနှင့်အဝန်း စီးပွားရေး အကျိုးဆက်များ ဆက်လက် ဖြစ်ပေါ် နိုင်သည်ဟု ပညာရှင်များက သုံးသပ်လျက် ရှိသည်။  တရုတ်အစိုးရအနေဖြင့် အဆိုပါ coronavirus ကူးစက်ပြန့်ပွားမှုကိုထိန်း ချုပ်နိုင်ရန်အတွက်  မြို့ပေါင်း ၁၆ မြို့ (လူဦးရေသန်းပေါင်း  ၅၀ ကျော်) အား ပိတ်ဆို့ထားပြီး ပြည်ပသို့အုပ်စုလိုက် ခရီးသွားလာခြင်းအား ယာယီတားမြစ် ထားသည်။ အလားတူပင် အမေရိကန် ပြည်ထောင်စုအပါအဝင် အခြားနိုင်ငံများအနေဖြင့် ၎င်းတို့၏နိုင်ငံသားများအား တရုတ်နိုင်ငံသို့ ခရီးသွားလာခြင်း မပြုရန် တိုက်တွန်းထားသည်။

      ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်ကာပူ နှင့် ဖိလစ်ပိုင်တို့အနေဖြင့် တရုတ်နိုင်ငံ ဟူပေပြည်နယ်မှ လာရောက်လည်ပတ်သူများအား လက်မခံကြောင်း၊ ရုရှားနှင့် မွန်ဂိုလီးယားနိုင်ငံတို့အနေဖြင့် တရုတ်နိုင်ငံနှင့် ထိစပ်လျက်ရှိသည့် နယ်စပ်များအား ပိတ်ထားကြောင်း သိရှိရသည်။ ကမ္ဘာအနှံ့မှ တရုတ်နိုင်ငံသို့ ပျံသန်းလျက်ရှိသည့် လေကြောင်းလိုင်းများအနေဖြင့်လည်း တရုတ်နိုင်ငံသို့ ပျံသန်းမည့် ခရီးစဉ်များအား ဖျက်သိမ်းခဲ့သည်။ သို့ဖြစ်ရာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအား များစွာထိခိုက်မည်ဖြစ် ကြောင်း၊ တရုတ်ခရီးသွားများ အများဆုံး သွားရောက် လည်ပတ်လေ့ရှိသည့် ထိုင်းနိုင်ငံအနေဖြင့် နောင်လာမည့် သုံးလအတွင်း အနည်းဆုံးခရီး သွားနှစ်သန်းကျော် လျော့နည်းသွားမည်ဟု ခန့်မှန်းထားကြောင်း၊ ဂျပန်ခရီးသွားကုမ္ပဏီများအနေဖြင့် ခရီးစဉ် ထောင်ပေါင်းများစွာ ဖျက်သိမ်းခဲ့ကြောင်း၊ အကယ်၍  တရုတ်အစိုးရအနေဖြင့် ပြည်ပသို့ ခရီးသွားလာမှုအား ခြောက်လတာ ပိတ်ပင်ထားမည်ဆိုပါက တရုတ်ခရီးသွားများမှ သုံးစွဲငွေ အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၁ ဘီလီယံ  ကျဆင်းသွားမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု၏ သုည ဒသမ ၁ ရာခိုင်နှုန်းကျ ဆင်းသွားမည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။

     တရုတ်နိုင်ငံသည် အလယ်အလတ် ဝင်ငွေရှိသည့် ကြီးမားသည့် လူဦးရေ ပိုင်ဆိုင်ခြင်း၊ အပန်းဖြေခရီး သွားလာ ခြင်းနှင့် ဇိမ်ခံပစ္စည်းများပိုမို သုံးစွဲလာ နိုင်ခြင်း၊ ကမ္ဘာ့စီးပွားရေးတွင် ကြီးမား သော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိခြင်း၊ ခရီးသွားလာရေးကဏ္ဍကဲ့သို့သော ကမ္ဘာ့ စီးပွားရေးတွင် အဓိကပါဝင်လျက်ရှိ သည့် ကဏ္ဍများအနေဖြင့် တရုတ်နိုင်ငံ အပေါ် မှီခိုအားထားလျက်ရှိခြင်း၊ တရုတ် နိုင်ငံ၏ လက် ရှိစီးပွားရေးအခြေအနေ သည် SARS ရောဂါဖြစ်ပွားစဉ်ကထက် အဆမတန် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် အတွက် တစ်ကမ္ဘာလုံးမှ မှီခိုအားထား နေရသည့် အနေအထားတွင်ရှိခြင်းတို့ ကြောင့် တရုတ်နိုင်ငံအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ထိခိုက်မှုများ ဖြစ် ပေါ်လာမည်ဆိုပါက အကျိုးဆက် အနေဖြင့် တစ်ကမ္ဘာလုံးအနေအထားဖြင့် ကြီးမားသော ထိခိုက်မှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်း၊ လက်ရှိ ဖြစ်ပွားလျက်ရှိသည့် Wuhan coronavirus outbreak သည် SARS ရောဂါဖြစ်ပွားစဉ်ကထက် ကမ္ဘာ့စီးပွားရေးကို ထိခိုက် နစ်နာမှုများ ဖြစ်ပေါ်လာမည်ဟု  Cornell University  မှ  စီးပွားရေးဆိုင်ရာ ပါမောက္ခဖြစ်သူ Eswar Prasad က ပြောကြားခဲ့သည်။

 

ရွှေစင်ဦး၊ စီးပွားရေးသံမှူး  မြန်မာသံရုံး၊ ပေကျင်းမြို့။