Main menu

Background

တရုတ်-မြန်မာ အကြီးဆုံး နယ်စပ်ဂိတ်သည် ၂၀၁၉ ခုနှစ်တွင် ကုန်သွယ်မှု မြင့်မားခဲ့

Fri, 02/14/2020 - 11:50 -- journal_editor

      တရုတ်-မြန်မာ အကြီးဆုံးနယ်စပ် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ရွှေလီနယ်စပ်ဂိတ် သည် ၂၀၁၉ ခုနှစ်တွင် ပို့ကုန်နှင့် သွင်းကုန်တို့  မြင့်တက်ခဲ့ကြောင်း  ဒေသ အကောက်ခွန်အာဏာပိုင်များက ဇန်န ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ နယ်စပ်ဂိတ်တွင် ယခင်နှစ်က နိုင်ငံခြားကုန်သွယ်မှု   အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆၄ ဘီလီယံရှိခဲ့ရာ ယခင်နှစ်ထက် ၁၄ ဒသမ ၅ ရာခိုင် နှုန်းမြင့်တက်ခဲ့ကြောင်း၊ ကုန်စည်စီးဆင်းမှုသည် တန်ပေါင်း ၁၇ ဒသမ ၄၆ သန်းရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ထက် ၂၄ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းဖြင့် ကူမင်းအကောက်အခွန်ဌာနက ပြောဆိုထားသည်။

     နယ်စပ်ဂိတ်မှတစ်ဆင့် တင်ပို့မှု တွင် မြန်မာနိုင်ငံမှ သွင်းကုန်များမှာ အဓိကအားဖြင့် စိုက်ပျိုးရေးထုတ်ကုန် များ၊ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့များ ပါဝင်ပြီး ပို့ကုန်များမှာ ပန်းမန်၊ စက် ယန္တရားများနှင့် လျှပ်စစ်ပစ္စည်းများ ပါဝင်သည်။ တရားဝင် အချက်အလက်များအရ ယင်းဂိတ်တွင် ယခင်နှစ်က ပြည်သူ ၁၆  ဒသမ ၇၂ သန်းနှင့် ယာဉ်ဝင်ထွက်မှု ၄ ဒသမ ၈၅ သန်းရှိခဲ့သည်။ ရွှေလီနယ်စပ်ဂိတ်သည် ယူနန် ပြည်နယ် တဲဟုန်တိုင်လူမျိုးနှင့် ဂျိမ်းဖော လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် ခွဲတွင်တည်ရှိပြီး ယခင်နှစ် သြဂုတ်လက ဖွင့်လှစ်ခဲ့သော ယူနန်ပြည်နယ်လွတ် လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်၏ အစိတ်အပိုင်းဖြစ်ပြီး၊ ကုန်သွယ်ရေး စမ်းသပ်ဇုန်တည်ထောင်မှုသည် ယူနန် ပြည်နယ်၏ နိုင်ငံခြားကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော် စီးပွား ရေးပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန်ဖြစ် ကြောင်း ဖော်ပြထားသည်။

 

Ref: xinhua

ကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့