Main menu

Background

စားသုံးကုန်ဈေးနှုန်းအညွှန်းကိန်း ရှစ်နှစ်တာ ကာလအတွင်းအမြင့်ဆုံးသို့ ရောက်ရှိ

Mon, 03/16/2020 - 13:35 -- journal_editor

`        ငွေကြေးဖောင်းပွမှု၏ အဓိက အချက်တစ်ခုဖြစ်သည့်    စားသုံးကုန် ဈေးနှုန်းအညွှန်းကိန်း (Consumer Price Index -CPI)  သည် ၂၀၂၀ ပြည့် နှစ် ဇန်နဝါရီအတွင်း၌ ပြီးခဲ့သည့်နှစ်၏ ကာလတူထက် ၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့်အတွက် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ ရှစ်နှစ်တာကာလများအတွင်းအမြင့်ဆုံးဖြစ်ခဲ့ပြီး ကျွမ်း ကျင်သူများ၏ခန့်မှန်းချက်ထက် ကျော် လွန်ရောက်ရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွင်း စားသုံးကုန်ဈေးနှုန်း အညွှန်းကိန်း မြင့်တက်မှု ၄ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ရာမှ နိုဗယ်ကိုရိုနာ ဗိုင်း ရပ်စ် ရုတ်တရက်ကူးစက်ပျံ့နှံ့လာခြင်း၊ နှစ်သစ်ကူးကာလရုံးပိတ်ရက်စသည့် အချက်များကြောင့် ပိုမိုမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စားသုံးကုန်ပစ္စည်းများ အနက် အစား အသောက်ဈေးနှုန်းသည် ပိုမိုမြင့်တက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်န ဝါရီလအတွင်း ဝက်သားဈေးနှုန်းသည် ပြီးခဲ့သည့်နှစ် ကာလတူထက် ၁၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီတွင် တရုတ်နိုင်ငံ အတွင်း အစားအစာဈေးနှုန်းများသည် ပြီးခဲ့သည့်နှစ်ထက် ၂၀ ဒသမ ၆ ရာခိုင် နှုန်း မြင့်တက်ခဲ့သည့်အတွက် စားသုံးကုန်ဈေးနှုန်း အညွှန်းကိန်း၌ ၄ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ အစား အစာမဟုတ်သော အခြားလူသုံးကုန် ပစ္စည်းများဈေးနှုန်းသည် ၁ ဒသမ ၆ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း၊ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်အဓိက ကူးစက် ပျံ့နှံ့လျက်ရှိသည့် တရုတ်နိုင်ငံအလယ် ပိုင်းရှိ ဟူပေပြည်နယ်တွင် စားသုံးကုန် ဈေးနှုန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါ ရီလတွင်  ၅ ဒသမ ၅ ရာခိုင်နှုန်း မြင့် တက်ခဲ့သဖြင့် နိုင်ငံတွင်းစားသုံးကုန် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးဒေသ ဖြစ်ခဲ့ကြောင်း၊ လတ်တလော ဗိုင်းရပ်စ် ကူးစက်ပျံ့နှံမှုကြောင့် ရောင်းလိုအားကျ ဆင်းလာသည့်အတွက် စားသုံးကုန်ဈေးနှုန်းများ ကာလတိုအတွင်း မြင့် တက်လာခဲ့ခြင်းဖြစ်သည်။

      ၂၀၂၀ ပြည့်နှစ်၊ ပထမနှစ်ဝက် တာကာလအတွင်း တရုတ်နိုင်ငံ၏ စားသုံးကုန်ဈေးနှုန်းသည် ၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်မည်ဟု ခန့်မှန်းထားပြီး တရုတ်နိုင်ငံ အစိုးရမှ စားသုံးကုန်ဈေးနှုန်းမြင့်တက်မှုအား လေးရာခိုင်နှုန်း ပတ်ဝန်း ကျင်သာရှိစေရန် ရည်မှန်း ချက်ထား ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏စား သုံးကုန်ဈေးနှုန်းမြင့်တက်မှုပမာဏ သည် ၂ ဒသမ ၉  ရာခိုင်နှုန်းရှိပြီး အစိုးရ အနေဖြင့် စားသုံးကုန်ဈေးနှုန်း မြင့် တက်မှုအား သုံးရာခိုင်နှုန်း ပတ်ဝန်း ကျင်သာရှိစေရန် ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့သည်။

 

ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘေဂျင်းမြို့။