Main menu

Background

IBK ဘဏ်အကြီးအကဲအသစ် ဘဏ်၏ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအတွက် ကတိသစ္စာပြုခဲ့

Mon, 03/16/2020 - 13:43 -- journal_editor

        ကိုရီးယားသမ္မတနိုင်ငံ၏ နိုင်ငံတော်ပိုင်ဘဏ်ဖြစ်သော Industrial Bank of Korea (IBK)  ဘဏ်၏အကြီးအကဲအသစ်အမှုဆောင်အရာရှိချုပ်  Mr. Yoon Jong-won  သည် ၎င်း၏ IBK  ဘဏ်ဥက္ကဋ္ဌသစ် တက်ပွဲနှင့်ကျမ်းသစ္စာကျိန်ဆိုပွဲအခမ် းအနားကို ခန့်အပ်လွှာရရှိပြီး ၂၇ ရက်အကြာ ၂၉-၁-၂၀၂၀ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။  IBK ဘဏ်၏ အကြီးအကဲရာထူးနေရာသည် ပုံမှန်အားဖြင့် သုံး နှစ်သက်တမ်းရှိကာ သမ္မတကတိုက်ရိုက်ခန့်အပ်ခြင်းဖြစ်ပြီး နောက်ဆုံးတာဝန်ယူခဲ့ သည့် Mr. Kim Do Jin သည် ၂၇-၁၂-၂၀၁၉ ရက်ကတာဝန်မှအနားယူခဲ့သည်။

       အဆိုပါ IBK ဘဏ်ဥက္ကဋ္ဌသစ်တက်ပွဲနှင့်ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင် IBK   ဘဏ်၏ အကြီး အကဲအသစ်က ၎င်းသည်ဘဏ်၏ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် တီထွင်ဆန်းသစ်သော ဘဏ္ဍာရေး “Innovative Financing” ကိုအထူးတာဝန်တစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မစ္စတာဘီလ်ဂိတ်အဆိုအမိန့်ရှိခဲ့သကဲ့သို့ ဘဏ်လုပ်ငန်းသည် အရေးကြီးလိုအပ် သော်လည်း ဘဏ်များသည် ထိုမျှမလိုအပ်ကြောင်း၊ ပြောင်းလဲမှု အရွေ့တစ်ခုကို မစွမ်းဆောင်နိုင်သော ဘဏ်များသည် ရေရှည်တွင် တိမ်မြုပ်ပျောက် ကွယ်သွားမည်ဖြစ်ကြောင်း တီထွင်ဆန်းသစ်နိုင်သည့် နည်းပညာပိုင်းတိုးတက်မှု၏ အရေးပါပုံကိုဥပမာပေး၍ IBK ၏ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ခိုင်မာသည့်စိတ်ဓာတ်ဆုံးဖြတ်ထားရှိမှုကို Mr. Yoon  က ထုတ်ဖော်ပြောကြားသွား ခဲ့သည်။

       ထို့ပြင် အမှုဆောင်အရာရှိချုပ်အသစ်သည် ကျင့်ဝတ်ဆိုင်ရာစီမံခန့်ခွဲမှု အရေးပါမှုနှင့်ပတ်သက်၍ ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့အကောင်းဆုံးဖြစ်နေသည့်တိုင် စောင့်ထိန်းရမည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်စည်းကမ်းများကိုဖောက်ဖျက်ခဲ့ပါကCustomersများ၏ ယုံကြည်အားကိုးမှုကို ဆုံးရှုံးရမည်ဖြစ် ကြောင်း၊ ရည်မှန်းချက်တစ်ခုပန်းတိုင်ရောက်ရန်သည် ယုံကြည်စိတ်ချရမှု၊ စွမ်းဆောင်ရည်၊ ဝန်ထမ်း များနှင့်ဖွဲ့စည်းပုံစနစ်တို့ကောင်းမွန်မှသာအောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် IBK  ဘဏ်တိုးတက် အောင်မြင်ရေးအတွက် လိုအပ်ပါကပြင်ပမှကျွမ်းကျင် အတတ်ပညာရှင် Experts များကိုလည်း လက်ခံသင့်ပါကြောင်းထပ်လောင်းပြောကြားခဲ့ သည်။

         IBK သမဂ္ဂအဖွဲ့ဝင်များသည် လွန်ခဲ့သောရက်သတ္တသုံးပတ်ခန့်က Mr. Yoon  အား ဆိုးလ်မြို့ရှိဘဏ်၏ ဌာနချုပ်အဆောက်အအုံသို့ ဝင်ခွင့်မပြုခဲ့ဘဲ ဘဏ္ဍာရေး ဆိုင်ရာလက်တွေ့အတွေ့အကြုံမရှိသည့် အထက်မှတိုက်ရိုက်ခန့်ထားသည့်ပုဂ္ဂိုလ် ဟု ဝေဖန်ပြောဆိုခဲ့မှုအပေါ် သမဂ္ဂခေါင်းဆောင်က အဆိုပါအခမ်းအနားတွင် ပြန် လည်တောင်းပန်ခဲ့ပြီး IBK  သမဂ္ဂအနေဖြင့်အမှုဆောင်အရာရှိချုပ်အသစ်၏ ပြောင်းလဲဆောင်ရွက်မည့် လမ်းစဉ်ကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ သည်။ Mr. Yoon သည် လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း အများ၏ အားကိုးယုံကြည်မှုရရှိအောင် ကတိကဝတ်ပြုအာမခံခဲ့ပြီးသည့်နောက် ၎င်း၏ရုံးခန်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး IBK သမဂ္ဂခေါင်း ဆောင် အပါအဝင် ဝန်ထမ်း ၄၀ဝ၏ အားပေးထောက်ခံမှုကိုလည်းရရှိခဲ့ပြီဖြစ်သည်။

 

Source: The Korea Times

ဝင်းပပသူ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့။