Main menu

Background

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဂျပန်နိုင်ငံ၏ စားသုံးမှုအသုံးစရိတ် လျော့ကျ

Fri, 06/19/2020 - 15:11 -- journal_editor

        ဂျပန်နိုင်ငံ တစ်ဝန်းလုံးရှိ အိမ် ထောင်စုပေါင်း (တစ်ဦးတည်းသောအိမ် ထောင်စုမပါ)လူဦးရေ နှစ်ဦးအထက်ရှိ အိမ်ထောင်စုများကို ကောက်ယူခဲ့သည့်  အိမ်ထောင်စုစစ်တမ်းအရ အမှန် တကယ် စားသုံးမှုအသုံးစရိတ်သည် မိသားစုတစ်စုလျှင် ယန်း ၂၆ သောင်း ကျော်ခန့်သာရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၁ ဒသမ ၁ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ ယခုနှစ် ကျဆင်းမှုသည် ၂၀ဝ၁ ခုနှစ် ဇန်နဝါရီ လက ကျဆင်းခဲ့မှုထက် သာလွန်၍ စံချိန် တင်ကျဆင်းမှု ဖြစ်ကြောင်း ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနက ဇွန် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။  ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ကိုရိုနာ ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရန် အစိုးရ က   ဂျပန်တစ်နိုင်ငံလုံး   အရေးပေါ် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး မလိုအပ်ဘဲ အိမ်အပြင် ထွက်ခြင်းမပြုရန်၊ လူစု လူဝေး ရှောင်ရှားရန်၊ ဆိုင်များ ပိတ် သိမ်းရန် တောင်းဆိုခဲ့သည့်အတွက် ရောင်းလိုအား သိသိသာသာ ကျဆင်း လာခဲ့သည်။ ွှနူနတသမု ကို ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုလာခြင်းကြောင့် အပြင် ထွက်၍ စားသောက်ခြင်းများ၊ ဖျော်ဖြေ ရေးအတွက်   သုံးစွဲမှုများ၊   ရထားခ အသုံးစရိတ်များ  စသည်တို့ ကျဆင်း သွားကြောင်း တွေ့ရသည်။ 
         နေအိမ်အပြင်ထွက် စားသောက် ခြင်းအတွက် သုံးစွဲကုန်ကျစရိတ်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၆၃ ဒသမ ၃ ရာခိုင်နှုန်း၊ အဖျော်ယမကာ အတွက် သုံးစွဲကုန်ကျငွေမှာ ၉၀ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ကျဆင်းမှု အများဆုံး ဖြစ်သည်ကို တွေ့ရသည်။ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍတွင်  ၈ ဒသမ ၁ ရာခိုင်နှုန်း၊ ရထားခ ရရှိငွေ ၈၉ ဒသမ ၉ ရာခိုင်နှုန်း၊ လပေးရထားခငွေ ၄၁ ဒသမ ၂ ရာခိုင်နှုန်း အသီးသီး လျော့ကျ သွားခဲ့ကြောင်း၊ အကြောင်းမှာ အစိုးရ က အရေးပေါ်ကာလအတွင်း နေအိမ် ပြင်ပ မထွက်ရန် တိုက်တွန်းမှုနှင့် နေအိမ်တွင်နေ၍ Telework အသုံးပြု ခြင်းကြောင့်  ဖြစ်ကြောင်းသုံးသပ်ထား သည်။ ဖျော်ဖြေရေးကဏ္ဍတွင်   ၃၃ ဒသမ ၉ ရာခိုင်နှုန်း၊ အဝတ်အထည်နှင့် ဖိနပ်စသည့် အသုံးအဆောင်များဝယ်ယူသုံးစွဲမှုတွင် ၅၅ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကျောင်းဝင်ခွင့် အခမ်း အနားစသည်တို့အတွက် သုံးစွဲမှုများ လည်း လျော့ကျခဲ့ကြောင်းတွေ့ရသည်။ သုတေသနပညာရှင်များ၏ ပြောကြား ချက်အရ စားသုံးမှုအသုံးစရိတ်သည် Corona shock မတိုင်မီအခြေ အနေသို့ ပြန်လည်ရောက်ရှိရန် တစ်နှစ်ကျော် ကြာနိုင်ကြောင်း သိရသည်။ 
         ဂျပန်နိုင်ငံ၏ ပြည်တွင်းစားသုံးမှု အသုံးစရိတ်သည် ကိုရိုနာကပ်ဘေး မဖြစ်ပွား ခင်အချိန် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန် တစ်နှစ်ကျော်ခန့် ကြာမြင့်နိုင်ကြောင်း၊ ဗိုင်းရပ်စ်ကာကွယ် ဆေးမတွေ့ရှိသေးပါက စားသုံးသူ ဝယ်လိုအား ဆက်တိုက် ကျဆင်းနေ မည်ဖြစ်ကြောင်း၊ မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများ၏ ဝယ်လိုအားသာ တိုး တက်လာနိုင်ကြောင်း ဈေးကွက်သုံးသပ် သူများက ခန့်မှန်းပြောကြားခဲ့သည်။ တစ်ဖက်တွင် နေအိမ်အတွင်း သုံးစွဲသည့် အသုံးစရိတ်များဖြစ်သည့် ရေ၊ မီး သုံးစွဲမှုကုန်ကျစရိတ် ၇ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာပြီးပြီးခဲ့သည့် ၂၀၁၉ ခုနှစ် က အိမ်ထောင်စုတစ်စု၏ ပေးဆောင်ရသည့် ကုန်ကျစရိတ်ထက် သာလွန်ကြောင်း တွေ့ရသည်။ ထို့ပြင် ဂိမ်းကစားမှုအတွက် သုံးစွဲကုန်ကျငွေ တိုးတက်လာပြီး ဂိမ်းစက် ပစ္စည်းများ ဝယ်လိုအားတိုးတက်လာသည့်အတွက် ၎င်းအတွက် သုံးစွဲကုန်ကျမှု ၆၈ ဒသမ ၂ ရာခိုင်နှုန်းတိုးလာပါသည်။ ကွန်ပျူ တာသုံးစွဲမှုလည်း ၇၂ ဒသမ ၃ ရာခိုင် နှုန်း တိုးမြှင့်လာသကဲ့သို့ အင်တာနက် သုံးစွဲခသည်လည်း ၁၇ ဒသမ ၇ ရာခိုင် နှုန်း တိုးတက်လာကြောင်းကို နေအိမ် တွင်နေ၍ Telework အသုံးပြုမှု၏ သက်ရောက်မှုအဖြစ် တွေ့ရသည်။ 

 

နန္ဒာဝင်း၊ စီးပွားရေးသံမှူးမြန်မာသံရုံး၊ တိုကျိုမြို့