Main menu

Background

ကိုဗစ်-၁၉ ကာလအလွန်တွင် ကိုရီးယားအစိုးရ၏အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ကုစားမှုများ

Fri, 06/19/2020 - 15:20 -- journal_editor

       ကိုရီးယားသမ္မတနိုင်ငံအစိုးရ သည် လက်ရှိဖြစ်ပွားဆဲ ဖြစ်သော Coronavirus ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက် ရသော နိုင်ငံ၏စီးပွားရေးကဏ္ဍအား နာလန်ထူနိုင်စေရေး အစိုးရ၏စွမ်းဆောင်ကုစားမှု အစီအမံများအဖြစ် အစိုးရဌာန များတွင် အလုပ်အကိုင် အခွင့်အလမ်းပေါင်း အနည်းဆုံး ၅၅၀ဝ၀ဝ ခန့်ကို အလျင်အမြန် ဖန်တီးပေးသွားနိုင်ရေး ကိုရီးယားဝမ် ၃ ဒသမ ၅ ထရီလီယံ (အမေရိကန် ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ) ကို ထပ်တိုးရန်ပုံငွေ အဖြစ် ခွင့်ပြုပေးသွား မည်ဟု မေ၂၀ ရက်တွင်ကတိပြုခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လ အတွင်းတွင် အမျိုးသားလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူသွားမည်ဖြစ်ကာ အလုပ်အကိုင်များကို ဇွန်လအတွင်း တွင်ပင် အကောင်အထည်ဖော်ပေးနိုင်ရေး ကြိုးစား ဆောင် ရွက်ပေးသွားမည်ဖြစ်သည်။
ကိုရီးယားသမ္မတနိုင်ငံ အစိုးရသည် နိုင်ငံ၏စီးပွားရေး ပြန်လည်ထူထောင်ရေးဆိုင်ရာလမ်းပြမြေပုံ(Road Map)ကို ဗဟိုပြုလျက် မူဝါဒဆိုင်ရာ မဏ္ဍိုင်လေးရပ်ဖြစ်သော လူငယ် လူရွယ်များအတွက် ပြည်သူပိုင်အစိုးရကဏ္ဍများတွင် ဝန်ထမ်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ပြည်တွင်း ခရီးသွားလုပ်ငန်းအတွက်လှုပ်ရှားမှုများကို ပြန်လည်အားဖြည့် ခြင်း၊ အဓိက စက်မှုလုပ်ငန်းကဏ္ဍများအတွက် ထောက်ပံ့မှု ရန်ပုံငွေပံ့ပိုးမှုအစီအစဉ်များနှင့် Special Purpose Vehicle (SPV) ထူထောင်၍ Low-Credit Corporate Bond များ ဝယ်ယူပေးမည့် အစီအစဉ်စသည်တို့ကို ဆောင်ရွက်ရန် အကြံပြုခဲ့ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် လူချင်းထိတွေ့ရန် မလိုအပ်သည့်ကဏ္ဍများတွင် Digital Data Management & Content Creation ရာထူးများအတွက်  ၆၄၀ဝ၀ နေရာ နှင့် COVID-19 အလွန်ကာလအုပ်ချုပ်မှုရေးရာ လုပ်ငန်းရာထူးများအတွက် ၃၆၀ဝ၀ နေရာ၊ စုစုပေါင်း အလုပ် အကိုင်ရာထူးနေရာ ၁၀ဝ၀ဝ၀ နေရာနှင့် သဘာဝ ဘေး အန္တရာယ် ကာကွယ်တားဆီးရေးဆိုင်ရာများအတွက် အလုပ် အကိုင် ၃၀ဝ၀ဝ၀ နေရာခန့် ဖန်တီးပေးသွားမည်ဖြစ်သည်။

 

Source: Ministry of Trade, Industry and Energy၊ Korea Customs Services?The Korea Times၊ Yonhap News၊ Arirang News
ဝင်းပပသူ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဆိုးလ်မြို့။