Main menu

Background

ROUNDTABLE ON KOREA-ASEAN EFFORT TO FIGHT COVID-19 သို့ မြန်မာသံအမတ်ကြီး တက်ရောက်ဆွေးနွေး

Fri, 07/03/2020 - 14:27 -- journal_editor

ကိုရီးယားသမ္မတနိုင်ငံ The Korea Times သတင်းစာ၏ နှစ်(၇၀) ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် The Korea Times သတင်းစာနှင့် ASEANKorea Centre (AKC) တို့မှ ကြီးမှူး၍ “Roundtable on Korea-ASEAN Effort to Fight COVID-19” ဆွေးနွေးပွဲကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီတွင် ဆိုးလ်မြို့ Wise Tower (18th Floor) ၌ ကျင်းပပြုလုပ်ခဲ့ရာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်သည် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ASEAN-Korea Centre ၏ Secretary-General ဖြစ်သူ Mr. Lee Hyuk  မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

အဆိုပါဆွေးနွေးပွဲတွင် သံအမတ်ကြီးမှ မြန်မာနိုင်ငံတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုအခြေအနေ၊ ယင်း COVID-19 ကူးစက်ရောဂါအား ထိရောက်စွာ တားဆီး၊ ကာကွယ်၊ ကုသရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအစိုးရအဖွဲ့၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ စီးပွားရေးရာကုစားမှုလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံသို့ မဖြစ်မနေ ပြန်လည်ဝင်ရောက်ရန် လိုအပ်လျက်ရှိသော တောင်ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ကမ္ဘာ့နိုင်ငံအသီး သီးမှ မြန်မာနိုင်ငံသားများ အတွက် ဆိုးလ်မြို့၊ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်အား ဆုံမှတ်အဖြစ် သတ်မှတ်လျက်Myanmar International Airways (MAI) ဖြင့် ကယ်ဆယ်ရေး လေယာဉ်အစီအစဉ်အား မြန်မာအစိုးရ၏လမ်းညွှန်ချက်များနှင့်အညီ တစ်ပတ် လျှင် တစ်ရက်နှုန်းဖြင့် မြန်မာသံရုံး(ဆိုးလ်မြို့)မှ စီစဉ်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ကိုရီးယားနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေတို့ကို ထည့်သွင်း ဆွေးနွေးပြောကြားခဲ့ပြီး၊ The Korea Times သတင်းစာ၏ ဥက္ကဋ္ဌ Mr. Oh Young-Jin နှင့် တက်ရောက် လာသူများမှ သိရှိလိုသည့်မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။

 

ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)