Main menu

Background

ထိုင်းပို့ကုန်တင်ပို့မှု ငါးရာခိုင်နှုန်းကျော် ကျဆင်းဖွယ်ရှိ

Thu, 07/09/2020 - 13:47 -- journal_editor

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပို့ကုန်တင်ပို့မှုသည် မေလတွင် ၂၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးသည့်နောက် ယခုနှစ်အတွက် ပြည်ပတင်ပို့မှု ငါးရာခိုင်နှုန်းကျော်ကျဆင်းသွားနိုင် ကြောင်း  အဆိုပါ ဝန်ကြီးဌာနရှိ ကုန် သွယ်မှုမူဝါဒနှင့်    မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Pimchanok Vonkorpon က ပြောကြားခဲ့သည်။
လာမည့်လများအတွင်း မျှော်လင့် ထားသည့် နိုင်ငံများမှ ကုန်ပစ္စည်းဝယ် လိုအားများ မြင့်တက်နေမည်ဖြစ်သော် လည်း ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံအများစု တွင် ဒုတိယအကြိမ်ရောဂါ ကူးစက်မှု ဖြစ်ပွားနေသောကြောင့် အရှိန်နှေးနှေး ဖြင့် တိုးတက်လာမည်ဟု မျှော်လင့်ရ ကြောင်း၊ အပြည်ပြည်ဆိုင်ရာပို့ဆောင် ရေးနှင့်      ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း များမှာ ယခုအထိ ပြန်လည်နာလန်ထူလာခြင်း မရှိသေး ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။
ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အကောက်ခွန်ရှင်းလင်းပြီး ပြည်ပတင် ပို့မှုမှာ ယမန်နှစ်မှစ၍ မေလတွင် ၂၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမေ ရိကန်ဒေါ်လာ ၁၆ ဒသမ ၃ ဘီလီယံရှိ ကြောင်း၊ ၎င်းမှာ လေးနှစ်အတွင်း အနိမ့်ဆုံးဖြစ်ကြောင်း သိရသည်။
မေလတွင် သွင်းကုန်တင်သွင်းမှု မှာ ၃၄ ဒသမ ၄ ရာခိုင် နှုန်းကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံ ရှိကြောင်း၊ သို့ဖြစ်ရာ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ  ၂  ဒသမ  ၆၉ ဘီလီယံရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပထမငါးလအတွက် ထိုင်းပြည်ပတင်ပို့ မှုမှာ ၃ ဒသမ ၇၁ ရာခိုင်နှုန်း ကျဆင်း ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၉ ဘီလီယံရှိကြောင်း၊ သွင်းကုန်တင်သွင်း မှုမှာ ၁၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်း ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၈ ဘီလီယံရှိကြောင်း၊ သို့ဖြစ်၍ ကုန်သွယ်မှု ပိုငွေမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ဝ၉ ဘီလီယံရှိသည်။
နိုင်ငံအများအပြားတွင် ပိတ်ဆို့မှု များအပေါ် ဖြေလျှော့မှုများနှင့် အစိုးရ ၏ စီးပွားရေးအပေါ် လှုံ့ဆော်အားပေး သည့် အစီအမံများက ဝယ်လိုအားပြန် လည်ကောင်းမွန်လာစေရန်၊ အထူး သဖြင့် အနာဂတ်တွင် ထိုင်းနိုင်ငံ၏ ပြည်ပတင်ပို့မှုကို အထောက်အကူပြု စေမည်ဖြစ်သည်။
လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များနှင့် စက်မှုလယ် ယာထုတ်ကုန်များ တင်ပို့မှုအနေဖြင့် နှစ်အလိုက်တွင် မေလ၌ ၂ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက် ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၉ ဘီလီယံရှိခဲ့သည်။ အချို့သော ထုတ်ကုန် များဖြစ်သော အေးခဲနှင့်ပြုပြင်ထား သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက် များတင်ပို့မှုမှာ(+၈၃ ဒသမ  ၅ ရာခိုင် နှုန်း)မြင့်တက်ခဲ့ကြောင်း၊ ပီလောပီနံ ထုတ်ကုန်မှာ(+၈ ရာခိုင်နှုန်း)မြင့်တက် ခဲ့ကြောင်း၊ စည်သွတ်နှင့် ပြုပြင်ထား သောပင်လယ်စာများမှာ (+၅ ဒသမ  ၆ ရာခိုင်နှုန်း)မြင့်တက်ခဲ့ကြောင်း၊ တိရစ္ဆာန် အစားအစာမှာ(+၁၇ ရာခိုင်နှုန်း)မြင့် တက်ခဲ့ကြောင်း၊ ရော်ဘာတင်ပို့မှု မှာ(-၄၂ ရာခိုင်နှုန်း)ကျဆင်းခဲ့ကြောင်း၊ သကြားတင်ပို့မှု(-၂၅ ဒသမ ၄ ရာခိုင် နှုန်း)ကျဆင်းခဲ့ကြောင်းနှင့် ဆန်တင်ပို့ မှုမှာ(-၄ ရာခိုင်နှုန်း)ကျဆင်းခဲ့သည်။
စက်မှုထုတ်ကုန်များတင်ပို့မှုမှာ ၂၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၁ ဘီလီယံရှိသည်။ အချို့သောထုတ်ကုန်များဖြစ်သည့် ရွှေ တင်ပို့မှုမှာ(+၇၃၅ ရာခိုင်နှုန်း )မြင့် တက်ခဲ့ပြီး Semi Conductor Devices  များ၊ transistors   နှင့် Diodesများ တင်ပို့မှုမှာ (+၂၉ ဒသမ ၁ ရာခိုင်နှုန်း) မြင့်တက်ခဲ့သည်။ တယ်လီဖုန်းနှင့် အစိတ် အပိုင်းများတင်ပို့မှုမှာ (+၅ ဒသမ ဝ ရာခိုင်နှုန်း ) မြင့်တက်ခဲ့သည်။
မော်တော်ကားနှင့် အစိတ်အပိုင်း များ တင်ပို့မှုမှာ (-၆၂ ဒသမ ၆ ရာခိုင် နှုန်း)၊ ရေနံနှင့် ဆက်စပ်ထုတ်ကုန်များ (-၃၃ ဒသမ ၂ ရာခိုင်နှုန်း)၊ အဖိုးတန် ကျောက်မျက်နှင့် လက်ဝတ်ရတနာများ (-၆၈ ဒသမ ၆ရာခိုင်နှုန်း)၊ ကွန်ပျူတာ နှင့် အစိတ်အပိုင်းများ(-၂၁ ဒသမ ၃ ရာခိုင်နှုန်း)၊ ရော်ဘာထုတ်ကုန်များ (-၂၂ ဒသမ ၂ ရာခိုင်နှုန်း)၊ လေအေး ပေးစက်နှင့် အစိတ်အပိုင်းများ(-၃၉ ဒသမ ၅ ရာခိုင်နှုန်း) တို့   အသီးသီး ကျဆင်းခဲ့သည်။
ဈေးကွက်အခြေအနေများအရ တရုတ်နိုင်ငံမှလွဲ၍ အခြားနေရာများ သို့ တင်ပို့မှုသည် ကျဆင်းခဲ့ကြောင်း၊ အကြောင်းမှာ ကပ်ရောဂါ၏ သက် ရောက်မှုများနှင့် ၎င်းကပ်ရောဂါ မပျံ့နှံ့ စေရန် ပိတ်ဆို့မှုများ၏ အကျိုးသက် ရောက်မှုများကြောင့် ကျဆင်းခဲ့ရခြင်း ဖြစ်သည်။
အဓိကဈေးကွက်များသို့ တင်ပို့ မှုသည် ၂၅ ဒသမ ၉ ရာခိုင်နှုန်းကျဆင်း ခဲ့ကြောင်း၊ အမေရိကန်၊ ဂျပန်နှင့် အီးယူ နိုင်ငံများသို့ တင်ပို့မှုများမှာ ၁၇ ဒသမ ၃ ရာခိုင်နှုန်း၊ ၂၄ ဒသမ ၂ ရာခိုင်နှုန်း၊ ၄၀   ရာခိုင်နှုန်းတို့ဖြင့်   အသီးသီး ကျဆင်းခဲ့သည်။ မြင့်မားသော အလား အလာကောင်းများရှိသည့် ဈေးကွက် များသို့ တင်ပို့မှုများမှာ ၂၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ တရုတ် နိုင်ငံဈေးကွက်သို့ တင်ပို့မှုမှာ ၁၅ ဒသမ ၃  ရာခိုင်နှုန်း  တိုးတက်ခဲ့ကြောင်း၊ အာဆီယံငါးနိုင်ငံ၊CLMV  နိုင်ငံများနှင့် တောင်အာရှဈေးကွက်များသို့ တင်ပို့မှု မှာ ၂၇ ဒသမ ၉ရာခိုင်နှုန်း၊ ၂၈ ရာခိုင် နှုန်းနှင့် ၇၁ ရာခိုင်နှုန်းဟူ၍ အသီးသီး ကျဆင်းခဲ့သည်။
ထွန်းသစ်စ  ဈေးကွက်များသို့ တင်ပို့မှုမှာ -၃၆ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အရှေ့အလယ်ပိုင်း -၃၀ ဒသမ ၆ ရာခိုင်နှုန်း၊ အာဖရိက -၄၇ ဒသမ ၉ ရာခိုင်နှုန်း၊ လက်တင် အမေရိက -၅၉ ဒသမ ၄ ရာခိုင်နှုန်း၊ ရုရှားနှင့် CIS-၄၉ ဒသမ ၉ ရာခိုင်နှုန်း နှင့်   သြစတြေးလျသို့  တင်ပို့မှု-၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
Source:Bangk Post

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဗန်ကောက်မြို့။