Main menu

Background

တိုကျိုစတော့ဈေးကွက်တွင် ရှယ်ယာဈေးများထိုးကျခဲ့ပြီး နိုင်ငံ၏ စီးပွားရေးအပေါ် ယုံကြည်မှု ကျဆင်း

Thu, 07/09/2020 - 13:48 -- journal_editor

၂၀၂၀ ပြည့်နှစ် ဇွန်လနောက်ဆုံးအပတ်မှအစပြု၍ ဂျပန်နိုင်ငံ၏ မြို့တော် တိုကျိုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက် မှုများ ပြန်လည်မြင့်တက်လာသည့်အတွက် ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်း နှင့်ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်လာကာ တိုကျိုစတော့ရှယ်ယာဈေးကွက်တွင် ရှယ်ယာဈေးများ ရုတ် တရက်ထိုးကျခဲ့ကြောင်း သိရသည်။ 
နစ်ကေးပျမ်းမျှအညွှန်းကိန်းသည် ဇွန် ၃၀ ရက်ဈေး ပိတ်ချိန်တွင်   ယခင်အပတ်ကထက်  ၅၁၇  မှတ်  ကျဆင်း သွားခဲ့ပြီး  ၂၁၉၉၅   မှတ်သာရှိခဲ့ကာ  သီတင်းပတ်အကြာ ရပ်နားထားခဲ့သည့် စီးပွားရေးလုပ်ငန်းများကို ဇွန်လ ဒုတိယ အပတ်တွင် အပြည့်အဝ ပြန်လည်စတင်ခွင့်ပြုခဲ့သော် လည်း စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ထပ်မံ ထိခိုက်မှုများအပေါ် ကြိုတင်စိုးရိမ်ပူပန်နေကြသည့်အတွက် ယခုကဲ့သို့ ရှယ်ယာဈေးများ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ 
ဂျပန်ဗဟိုဘဏ်က သုံးလတစ်ကြိမ်ကောက်ယူသည့် တန်းကန်းစစ်တမ်းတွင်လည်း ကုန်ထုတ်လုပ်ငန်းကြီးများ၏ စီးပွားရေးလုပ်ဆောင်မှုအပေါ် ရှုမြင်ခံစားမှုသည် ဧပြီမှ ဇွန်လအထိ သုံးလပတ်တွင်  ယခင်  သုံးလပတ်စစ်တမ်း၏ အညွှန်းကိန်း အနုတ် ၈ မှတ်ရှိရာမှ အနုတ် ၃၄ မှတ်အထိ ကျဆင်းသွားခဲ့ပါသည်။
ဂျပန်နိုင်ငံအတွင်း အရေးပေါ်အခြေအနေ ကြေညာခဲ့ သည့် ဧပြီလနှင့်မေလ၌ ပို့ကုန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆိုးရွားစွာကျဆင်းခဲ့သည့်အတွက် ယခုကဲ့သို့ အညွှန်းကိန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် လက်လီ အရောင်းလုပ်ငန်းများ၏ စီးပွားရေးလုပ်ဆောင်မှုအပေါ် ခံစားမှုသည် အနှုတ် ၁၇ မှတ်သို့ ကျဆင်းခဲ့ကြောင်း သိရသည်။ 
နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့