Main menu

Background

တရုတ်နိုင်ငံသို့ ဝင်ရောက်မည့် လေကြောင်းခရီးစဉ်အားလုံး ကိုဗစ်(၁၉)စစ်ဆေးမှုအရ ရောဂါပိုးကင်းစင်ကြောင်း ပြသရန် လိုအပ်ကြောင်း ထုတ်ပြန်ကြေညာ

Thu, 07/30/2020 - 16:22 -- journal_editor

တရုတ်အာဏာပိုင်များသည် နိုင်ငံအတွင်းသို့ ကမ္ဘာ့ကပ် ရောဂါကူးစက်ပျံ့နှံ့မှုမှ    ကာကွယ်နိုင်ရန်   ကြိုးပမ်းအားထုတ်မှု တစ်ရပ်အနေဖြင့် ပြည်ပနိုင်ငံများမှ နိုင်ငံအတွင်းသို့ လာရောက်မည့် သူအားလုံးအား သက်ဆိုင်ရာနိုင်ငံမှ တရုတ်နိုင်ငံသို့ ခရီးမထွက်ခွာမီ ငါးရက်ကြိုတင်၍ သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ တရုတ်နိုင်ငံဆိုင်ရာ သံရုံးများမှ သတ်မှတ် (သို့) အသိအမှတ်ပြုထားသည့်   ကျန်းမာရေး စင်တာများ၌ စစ်ဆေးထားသည့် nucleic acid စစ်ဆေးမှု အဖြေအား ပြသရန် လိုအပ်သည့် ကြေညာချက်ကို ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ  ထုတ်ပြန်ကြေညာချက်အား      တရုတ်နိုင်ငံမြို့ပြ လေကြောင်း စီမံခန့်ခွဲမှု အဖွဲ့ (CAAC)၊   အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန တို့မှ ပူးတွဲထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကြေညာ ချက်အရ တရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့်နိုင်ငံသားများ အနေဖြင့် wechat  တွင်ပါရှိသည့်    health mini-program တွင် negative nucleic acid test results  အား တင်ပြထားရန်   လိုအပ် ကြောင်း၊ နိုင်ငံခြားသားများအနေဖြင့်  negative nucleic acid test results များတင်ပြ၍ သက်ဆိုင်ရာ တရုတ်သံရုံး/ ကောင်စစ်ဝန်ချုပ်ရုံး များထံတွင် ကျန်းမာရေးလက်မှတ် လျှောက်ထားရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ လေကြောင်းလိုင်းများအနေဖြင့် ခရီးသည်၏ကျန်းမာ ရေး   codes (သို့) အသိအမှတ်ပြုလက်မှတ်များအား စစ်ဆေးရမည် ဖြစ်ပြီး အဆိုပါသတ်မှတ်ချက်များ တင်ပြနိုင်ခြင်းမရှိပါက တရုတ် နိုင်ငံသို့ ထွက်ခွာမည့် လေကြောင်းခရီးစဉ်သို့   လိုက်ပါခွင့်ပြုမည် မဟုတ်ကြောင်း သိရှိရသည်။
ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် နိုင်ငံဖြတ်ကျော်၍ လူပုဂ္ဂိုလ် များ ရွေ့လျားသွားလာမှုများ တိုးတက်လျင်မြန်စေရန်နှင့်   အာမခံ ချက်ရှိစေရန်ဖြစ်ပြီး လုပ်ငန်းများ၊ ထုတ်လုပ်ရေးများ ပြန်လည် စတင် နိုင်စေရန်၊ people-to-people exchanges  များ ဆောင်ရွက်နိုင်စေရန် ဖြစ်ကြောင်း၊    သက်ဆိုင်ရာ တရုတ်သံရုံးများအနေဖြင့်   တည်ရှိ သည့်နိုင်ငံများတွင်nucleic acid   စစ်ဆေးပေးနိုင်မှုအပေါ် မူတည်၍ အထူးစီမံဆောင်ရွက်မှုများအား    သီးခြားထုတ်ပြန်ကြေညာသွား မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်း၌  ကူးစက်မှုအား ထိန်းချုပ်ထားနိုင်သော်လည်း      ပြည်ပမှ ရောဂါကူးစက်မှုများ ဝင်ရောက်လာမှုအား တားဆီးနိုင်ရန်မှာ ကြီးမားသည့်  ဖိအားဖြစ် ပေါ် လျက်ရှိသည့်အတွက် အချိန်နှင့်တစ်ပြေးညီ ချမှတ်ဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ  ပြောရေးဆိုခွင့်ရှိသူWang Wenbinည မှ   သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့ သည်။
တရုတ်နိုင်ငံမြို့ပြလေကြောင်းစီမံခန့်ခွဲမှုအဖွဲ့ (CAAC)က ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ တရုတ်နိုင်ငံ လေကြောင်း လိုင်းများသည် ၂၀၂၀ ပြည့်နှစ်၊   ဇွန်လအတွင်း၌ အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များဖြင့် ခရီးသည်ပေါင်း ၁၄၀ဝ၀ဝ ဦးအား ပို့ဆောင်ပေးခဲ့ပြီး အဆိုပါပမာဏသည် ပြီးခဲ့သည့်နှစ်ကာလတူ၏ ၂ဒသမ၃ ရာခိုင်နှုန်းသာရှိကြောင်း သိရှိရသည်။

ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့