Main menu

Background

JETRO က ဂျပန်နိုင်ငံထုတ် လက်မှုပစ္စည်းများကို အင်တာနက်မှတစ်ဆင့် ချိတ်ဆက်ရောင်းချနိုင်ရန် ပံ့ပိုးကူညီမည်

Wed, 08/12/2020 - 14:44 -- journal_editor

ဂျပန်နိုင်ငံမှJETRO အဖွဲ့အစည်းသည် ပြည်တွင်းရှိကုမ္ပဏီများကို  ပစ္စည်းများဖြစ်ကြသည့် စာရေးကိရိယာများ၊ ပရိ ဘောဂများ၊ လက်မှုပစ္စည်းများနှင့် အသုံးအဆောင် ပစ္စည်းများကို အင်တာနက်မှတစ်ဆင့် ကြော်ငြာ၍ နိုင်ငံတကာမှ ဝယ်လက်များနှင့် စီးပွားရေးအပိုင်းချိတ်ဆက်မှုများဆောင်ရွက်ရာတွင် ကူညီပံ့ပိုးပေး သွားမည်ဖြစ်ကြောင်းသိရသည်။

ဲနျွှဥ အဖွဲ့အစည်းသည် ပြည်တွင်းထုတ် လုပ်သူ ၁၂၁ ဦး ထံမှ ကုန်ပစ္စည်း ၅၁၉ ခုကွှေိုုကာင (လက်မှုပညာဖန်တီးသူ” ဟု ဂျပန်ဘာသာဖြင့် အမည်ရသည့်)အစီအစဉ်ကို အကောင်အထည် ဖော်ရန် စုစည်းထားကြောင်းသိရသည်။

ဲနျွှဥ အနေဖြင့် ပြည်တွင်းလက်မှုပစ္စည်း ထုတ်လုပ်သူများအတွက်  ပြည်ပမှဝယ်လက်များ နှင့် ချိတ်ဆက်နိုင်ရန်၊   ပြည်ပဈေးကွက်များသို့ ထိုးဖောက်နိုင်ရေး  ဈေးကွက်ကျွမ်းကျင်သူများထံမှ

အကြံဏ်များရယူနိုင်ရန်  အလို့ငှာ online system  တစ်ခုကို    တည်ထောင်ပေးထားပြီး Instagram  ကဲ့သို့  လူမှုကွန်ရက်တွင်လည်း အဆိုပါ ကုန်ပစ္စည်းများ အရောင်းမြှင့်တင်ရေးဗီဒီယိုအစီအစဉ်များထုတ်လွှင့်နိုင်ရေး စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအင်တာနက်မှတစ်ဆင့် အရောင်း မြှင့်တင်မည့် ကုန်ပစ္စည်းများမှာ   ချည်ထည်များ၊ သစ်သားနှင့်ပြုလုပ်သည့်  လက်မှုထည်များ၊ ဖန် ထည်များ၊ သားရေဖြင့်ပြုလုပ်သည့်ပစ္စည်းများ၊ သံဖြင့်ပြုလုပ်သည့်ပစ္စည်းများ၊ ရွှံ့စေးဖြင့်ပြုလုပ် သည့်ပစ္စည်းများနှင့်  ဂျပန်ရိုးရာ washi paper ဖြင့် ပြုလုပ်သည့် ပစ္စည်းများ ပါဝင်ပါသည်။JETRO  အနေဖြင့် အင်တာနက်မှ ညှိနှိုင်းရောင်းချခြင်းများ ကို ယခုသြဂုတ်လအတွင်း စတင်ဆောင်ရွက်မည် ဖြစ်ပြီး E-commerce  အသုံးပြုပြီး ဝယ်ယူသူများဖြစ် ကြသည့် ပြင်သစ်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စု၊    ဟောင်ကောင်နှင့် တရုတ်(တိုင်ပေ) စသည်တို့နှင့်   ချိတ်ဆက်ထား ကြောင်းသိရသည်။ အဆိုပါ ဂျပန်ပြည်တွင်းထွက် ကုန်များကို ရောင်းသူနှင့်ဝယ်သူအကြားချိတ်ဆက် ပြီးပါက ဝယ်ယူသူများ၏E-commerceအင်တာ နက် စာမျက်နှာများနှင့်  pop-up stores  တို့မှရောင်း ချသွားမည်ဟု JETRO က ဆိုသည်။

ယခုဘဏ္ဍာနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွား မှုနှင့် ကြုံကြိုက်နေရချိန်အတွင်း အင်တာနက်မှ အရောင်းအဝယ်ပြုလုပ်သည့် စူအေ်သမာ တစ်ခုကို တည်ထောင်ပေးခြင်းဖြင့် ပြည်တွင်းထုတ်လုပ်သူ များအတွက် အကျိုးရှိစေမည့် ရလဒ်ကောင်းတစ်ခု အဖြစ် ဖန်တီးအကောင်အထည်ဖော်ခြင်းဖြစ်ပါ ကြောင်းဟု ဒစ်ဂျစ်တယ်နည်းပညာ မြှင့်တင်ရေး ဌာနခွဲ၏ ညွှန်ကြားရေးမှူးဖြစ်ပြီး ယခုအစီအစဉ်ကို ဦးဆောင်မည့် Ms. Emi Teshima  က ပြောကြားခဲ့ သည်။  ၎င်းတို့အနေဖြင့် ပြည်တွင်းရှိ လက်မှုပညာ လုပ်ငန်းဆောင်ရွက်သူများအား နိုင်ငံတကာဈေး ကွက်သို့ ထိုးဖောက်နိုင်ရေးစီမံခန့်ခွဲရေး၊ ရောင်းချ ရေးနှင့် ဆက်ဆံရေးအပိုင်းတို့တွင်  ပံ့ပိုးကူညီပေး သွားမည်ဟုMs. Emi က ဆိုသည်။

Takumi projectသည် ယခင်နှစ်က ဂျပန် ရိုးရာ နည်းပညာများ အသုံးပြုထားသည့် ရိုးရာ ထွက်ကုန်ပစ္စည်းမျိုးစုံဖြင့်   အစပြုခဲ့ပြီး ကုမ္ပဏီ ၁၀၁ ခုထံမှ ကုန်ပစ္စည်းအမျိုးပေါင်း ၂၆၀ကိုစုစည်း ကာရောင်းသူနှင့်ဝယ်သူအကြား မျက်နှာချင်းဆိုင် ညှိနှိုင်းဆောင်ရွက်ကြသည့်ပုံစံမျိုးဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပါသည်။  ပြီးခဲ့ သည့် ၂၀၂၀ ပြည့်နှစ် မတ်လတွင် အဆုံးသတ်သည့် ၂၀၁၉ ဘဏ္ဍာနှစ်တွင် ကိုရိုနာကပ်ရောဂါပြန့်ပွားနေမှု ကြောင့် ရောင်းသူနှင့်  ဝယ်သူအကြား ချိတ်ဆက် ထားသည့် အရောင်းအဝယ် ၁၃၃ ခုသည်  အကျပ် အတည်းကြုံခဲ့ရပါသည်။

ယခုနှစ်တွင် ဂျပန်နိုင်ငံရှိလက်မှုပစ္စည်းထုတ် လုပ်သူ ၁၈၀ ခန့်သည်   အဆိုပါ  project တွင် ဝင်ရောက်လျှောက်ထားကြပြီး  စီရင်စုဒေသ ၃၆ ခုမှ ကုမ္ပဏီ ၁၂၁ ခုသည်japan luxury  ဟူသည့် စံသတ်မှတ်ချက်နှင့်ကိုက်ညီကြောင်း ရွေးချယ်ခံခဲ့ ရကြောင်း JETRO  က ပြောကြားခဲ့ပါသည်။ ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ရွေးချယ်ထားသည့် ကုန် ပစ္စည်း ၅၁၉ မျိုးအနက်  Surprise Creative Ltd..မှ ထုတ်လုပ်သော ဖူဂျီတောင်ရုပ်ပုံနှင့် ဒီဇိုင်းဖော် ထားသည့် happi  အမည်ရ ဂျပန်ရိုးရာအင်္ကျီလည်း ပါဝင်ကြောင်းသိရပါသည်။ အဆိုပါ  ရိုးရာအင်္ကျီ များကို ဂျပန်ရိုးရာပွဲလမ်းသဘင်များတွင် ဝတ် ဆင်ကြခြင်းဖြစ်သည်။

ဲနျွှဥသည် ပြည်တွင်းလက်မှုပညာရှင်များစုစည်း၍ ၎င်းတို့ အကြား  ကုန်ပစ္စည်းအသစ်များ  တိုးတက်ဆောင်ရွက်နိုင်ရန်နှင့် ဆွေးနွေးညှိနှိုင်း နိုင်ရန်social media platform    တစ်ခုကိုလည်း တည်ထောင်ပေးရန်    ပြင်ဆင်နေကြောင်းသိရ သည်။

 

နန္ဒာဝင်း၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ တိုကျိုမြို့