Main menu

Background

စက်မှုလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုတန်ဖိုးမြင့်တက်ခဲ့ခြင်း

Thu, 11/05/2020 - 14:00 -- journal_editor

တရုတ်နိုင်ငံအမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ကြေညာခဲ့သည့် အချက်အလက် များအရ ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်ကာလအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအားဖော်ပြသည့် စက်မှုလုပ်ငန်းများ၏ကုန်ထုတ် လုပ်မှုတန်ဖိုး(Value- Added Industrial Output) သည် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၅ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း၊ ထိုသို့မြင့်တက်လာခြင်းမှာ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုအားထိန်းချုပ်ဆောင်ရွက်နိုင်ပြီး စက်ရုံများ တွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများပြန်လည်စတင် နိုင်ခဲ့ခြင်းကြောင့်ဖြစ် ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမ ၉ လတာကာလအတွင်း တရုတ်နိုင်ငံရှိ စက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုတန်ဖိုးသည် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း တရုတ်နိုင်ငံရှိ စက်မှုလုပ်ငန်းများမှ ထုတ်လုပ်မှုတန်ဖိုးသည် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၆ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ်လနှင့်နှိုင်းယှဉ်ပါက ၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ စက်မှု လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုတန်ဖိုးအား တွက်ချက်ရာတွင် နှစ်စဉ်လုပ်ငန်းလည်ပတ်ငွေ အနည်းဆုံး ယွမ် ၂၀ သန်း(အမေရိကန်ဒေါ်လာ ၂ ဒသမ  ၉၈ သန်း)ခန့်ရှိသည့် အကြီးစားစက်မှုလုပ်ငန်းများ၏ ဆောင်ရွက်ချက်များကိုသာ ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမကိုးလတာကာလအတွင်း၌ အဆင့်မြင့်နည်းပညာထုတ်လုပ်မှုလုပ်ငန်း များမှ ထုတ်လုပ်မှုတန်ဖိုး ၅ ဒသမ  ၉ ရာခိုင်နှုန်း၊ စက်ပစ္စည်းကိရိယာ များထုတ်လုပ်မှုလုပ်ငန်း များ၏ ထုတ်လုပ်မှုတန်ဖိုး ၄ ဒသမ ၇ ရာခိုင်နှုန်း၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများမှ ထုတ်လုပ်မှု တန်ဖိုး သုည ဒသမ ၉ ရာခိုင်နှုန်း၊ ပုဂ္ဂလိကပိုင် စက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုတန်ဖိုး ၂ ဒသမ ၁ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.globaltimes.cn/content/1203878.shtml

 ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့