Main menu

Background

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာခြင်းနှင့် လစ်ဗျားနိုင်ငံ၏ ‌ရေနံတိုးမြှင့်ထုတ်လုပ် ခြင်းများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများကျဆင်း

Thu, 11/19/2020 - 11:57 -- journal_editor

လစ်ဗျားနိုင်ငံ၏ ရေနံတိုးမြှင့်ထုတ်လုပ်မှုကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့(သောကြာနေ့)တွင် ၂ ရာခိုင်နှုန်း ထပ်မံကျဆင်းခဲ့သည်။ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေခြင်းအပေါ် ကမ္ဘာ့နိုင်ငံများတွင် စိုးရိမ်စိတ်များမြင့် တက်လျက် ရှိနေသဖြင့် ကမ္ဘာစီးပွားရေးပြန်လည်နာလန်ထူရန် နှေးကွေးလျက်ရှိပြီး ကမ္ဘာ့လောင်စာဆီ ဈေးကွက်တွင်လည်း ဝယ်လိုအားများ ကျဆင်းလျက်ရှိသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထွက်ပေါ်လာနိုင်မည့် မျှော်လင့်ချက်ကြောင့် လောင်စာဆီ ရောင်းဝယ်မှုစာချုပ်များအား ဆက်လက်သက်တမ်းတိုးချုပ်ဆိုလျက်မှုများလည်း ရှိနေသည်။ ဘရန့်ရေနံစိမ်းတစ်စည်လျင် အမေရိကန်ဒေါ်လာ ၄၂.၇၈ ဖြင့်ပေါက်ဈေးရှိနေချိန်တွင် အမေရိကန်(West Texas Intermediate – WTI)ရေနံစိမ်းတစ်စည်လျင် အမေရိကန်ဒေါ်လာ ၄၀.၁၃ ဖြင့် ရောင်းချပေးခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ ရိုက်တာသတင်းများအရ လစ်ဗျားနိုင်ငံ၏ ရေနံ ထုတ်လုပ်မှုသည် တစ်ရက်လျင်ရေနံစိမ်းစည်ပေါင်း ၁.၂ သန်းအထိ တိုးမြှင့်ထုတ်လုပ်လျက်ရှိပြီး National Oil Corp သည် တစ်ရက်လျင် ရေနံစိမ်းစည်ပေါင်း ၁ သန်းအထိ တင်ပို့လျက်ရှိသည်။

အမေရိကန်နိုင်ငံ၏ ရေနံတိုးမြင့်ထုတ်လုပ်မှုသည် ကမ္ဘာ့ရေနံဈေးနှုန်းကို ပိုမိုကျဆင်း စေလျက်ရှိသည်။ နိုင်ငံအတွင်း ရေနံထုတ်လုပ်မှုသည် ယခုတစ်ပတ်အတွင်း ၁၀ ဆအထိ မြင့်တက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ မေလမှ ယနေ့ကာလအတွင်း ထုတ်လုပ်မှုသတ်မှတ်ချက်၏ အမြင့်ဆုံးအမှတ်(၂၃၆)သို့ ရောက်ရှိခဲ့သည်။

အနှစ်ချုပ်ဆိုရသော် Pfizer ကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ဖြူးမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အမေရိကန်နိုင်ငံပြည်သူများသို့ အခမဲ့ထောက်ပံ့ပေးနိုင်မည့်အခြေအနေမှာ နိုင်ငံ၏စီးပွားရေးကျဆင်းနေမှုအခြေအနေများကြောင့် မှေးမှိန်လျက်ရှိနေသည်။ ထို့အပြင် International Energy Agency - IEA မှ ထုတ်ပြန်သောညွှန်းကိန်းများအရ အမေရိကန်နိုင်ငံ၏ စတော့ဈေးနှုန်းများမှာလည်း တရိပ်ရိပ်ကျဆင်းလျက်ရှိကြောင်း BNP Paribasမှ  စားသုံးကုန် ပစ္စည်းဆိုင်ရာသုသေတနအရာရှိချုပ် Harry Tchilinguirian က သတင်းဌာနသို့ ပြောကြား ခဲ့သည်။

(ထွန်းအောင်ဇော်)

စီးပွာ‌ရေးသံမှူး