Main menu

Background

ASEAN-Korea Excellent Design Exhibition Award အစီအစဉ်တွင် မြန်မာနိုင်ငံ၊ Greenovation မှ တတိယဆု ရရှိခဲ့ပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားအား Online မှကျင်းပခဲ့

Wed, 11/25/2020 - 12:15 -- journal_editor

ASEAN-Korea Excellent Design Exhibition Award အစီအစဉ်တွင် ဆုရရှိသူများ အားဆုချီးမြှင့်သည့်အခမ်းအနားကို မူလက Online နှင့် Offline VIP Event ပေါင်းစပ်၍ Hybrid ပုံစံဖြင့်ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရီးယား သမ္မတနိုင်ငံ၌ လက်ရှိကာလအတွင်း    COVID-19 ရောဂါကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာသည့် အနေအထားအရ (၂၄-၁၁-၂၀၂၀) ရက်နေ့မှစ၍ Social Distancing Level အား (Level 2) သို့တိုးမြှင့်သတ်မှတ်ခဲ့သည့်အတွက် မူလ အစီအစဉ်အစား (၂၄-၁၁-၂၀၂၀) ရက်နေ့တွင် ဒေသစံတော်ချိန် (၁၃:၃၀) နာရီအချိန်မှ (၁၄:၅၀) နာရီအချိန်အထိ အခမ်းအနားကို Online စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ 

အဆိုပါအခမ်းအနားသို့ ASEAN-Korea Centre (AKC) မှအတွင်းရေးမှူးချုပ် H.E. Mr. Lee Hyuk နှင့် တာဝန်ရှိသူများ၊ အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ Korea Institute of Design Promotion (KIDP) ဥက္ကဌ၊ Vietnam Trade Promotion Agency (VIETRADE) ၏ ညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာသံရုံးများမှကိုယ်စားလှယ်များနှင့် ဆုရရှိသူများစုစုပေါင်း ၄၂ ဦးခန့်မှ Online စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပြီး၊ မြန်မာသံရုံး (ဆိုးလ်မြို့) ၏ ကိုယ်စားလှယ် အဖြစ် စီးပွားရေးသံမှူးမှ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ASEAN-Korea Centre ၏အတွင်းရေးမှူးချုပ်၊ KIDP ဥက္ကဌ နှင့် VIETRADE ၏တာဝန်ရှိသူတို့မှ အဖွင့်မိန့်ခွန်း၊ ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ဂုဏ်ပြုစကားများ ကိုအသီးသီးပြောကြားခဲ့ကြပါသည်။ ထို့နောက် ဆုရရှိသူ များကို AKC မှကြေညာပေးခဲ့ပြီး၊ ဆုရရှိသူများမှ ကျေးဇူးတင်စကားများ အသီးသီးပြန်လည်ပြောကြားခဲ့ကာ (၁၄:၅၀) နာရီအချိန်တွင် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။ ဆုချီးမြှင့်ခြင်းအခမ်းအနားအစီအစဉ်အား AKC ၏ You Tube Channel တွင် Livestream အဖြစ် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါသည်။

ASEAN-Korea Excellent Design Exhibition Award အစီအစဉ်တွင် မြန်မာနိုင်ငံ Greenovation Design & Packaging Solutions Co., Ltd. (Designer- ဦးသီဟ) မှ Dr. Face Skincare PR Package Design ဖြင့် တတိယဆုကိုရရှိ ခဲ့ခြင်းပြီး အဆိုပါဆုအတွက် ဆုလက်မှတ်နှင့်ချီးမြှင့်ငွေတို့အား ASEAN-Korea Centre (AKC) မှ ဆုရရှိသူများထံသို့ တိုက်ရိုက်ပေးပို့သွားမည်ဖြစ်ပါသည်။

ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)