Main menu

Background

ဘယ်လ်ဂျီယံနိုင်ငံရှိ Non-essential shops များအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သော်လည်း အခြားကန့်သတ်ချက် အစီအမံများအား ဇန်နဝါရီလလယ်အထိဆက်လက်တိုးမြှင့်ထားခြင်း

Wed, 12/02/2020 - 10:57 -- journal_editor

ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်နိုင်ရေးအတွက် လက်ရှိပြဌာန်းထားသည့် အသွားအလာကန့်သတ်မှုအစီအမံများအား ပြန်လည်ချိန်ညှိခြင်းကိုဆောင်ရွက်ခဲ့ပြီး ဘယ်လ်ဂျီယံနိုင်ငံ၏ အခြေ အနေသည် ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်ကထက် ပိုမိုကောင်းမွန်လာခဲ့ပြီဖြစ်ကြောင်းနှင့် အလွန်အန္တရာယ်ရှိသည့်အခြေအနေကို ပြောင်းလဲနိုင်ရန်စီမံဆောင်ရွက်ထားရှိကြောင်း ဘယ်လ်ဂျီယံနိုင်ငံဝန်ကြီးချုပ် Alexander De Croo ကပြောကြားခဲ့သည်။

Non-essential shops များအားလုံးကို ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ် ခွင့်ပြုသွားမည်ဖြစ်သော်လည်း ထိုသို့ဖွင့်လှစ်ရာတွင် တာဝန်ယူမှုရှိစွာဖြင့် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ Fun-shopping ကို ခွင့်မပြု ကြောင်းနှင့် ဈေးဝယ်သူများအနေဖြင့် တစ်ဦးတည်းသာ လာရောက်၍ ဈေးဆိုင်၌ကြာမြင့်ချိန်အများဆုံးမိနစ် ၃၀ အထိသာ ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း၊ အခြေခံစည်းမျဉ်းများအားလုံးကို လိုက်နာသွားရမည်ဖြစ်ကြောင်း၊ ဘေးကင်း လုံခြုံမှုသေချာစေရေးအတွက် ကုန်သည်လုပ်ငန်းရှင်များနှင့်ဈေးဆိုင်ပိုင်ရှင်များသည် မြို့တော်များနှင့် မြူနီစီပယ်အလိုက် တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

အခြားသော ကန့်သတ်ချက်အစီအမံများကို ထပ်မံဖြေလျှော့ပေးသွားရန်မှာ လာမည့်နှစ် ဇန်နဝါရီလလယ်မတိုင်မီကာလအထိ မဖြစ်နိုင်သေးသဖြင့် ဘားဆိုင်များ၊ စားသောက်ဆိုင်များနှင့် ဧည့်ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍရှိ အခြားစီးပွား ရေးလုပ်ငန်းများသည် အနည်းဆုံး ဇန်နဝါရီလ ၁၅ ရက်နေ့အထိဆက်လက်ပိတ်ထားရမည်ဖြစ်သည်။ အလားတူ အလှပြင်ဆိုင်များ၊ ဆံသဆိုင်များကဲ့သို့သော လုပ်ငန်းများသည်လည်း ပိတ်ထားရမည်ဖြစ်သည်ဟုဆိုသည်။ လက်ရှိ ကန့်သတ်ချက်များဖြစ်သည့် ဖလန်းဒါးဒေသ၌ ညသန်းခေါင်ယံအချိန်မှ နံနက် (၅) နာရီအချိန်အတွင်း ညမထွက်ရအမိန့်၊ ဝေါ်လိုနီးယားနှင့် ဘရပ်ဆဲလ်မြို့တော်ဒေသတို့၌ ည (၁၀)နာရီအချိန်မှ နံနက် (၆) နာရီအချိန်အတွင်း ညမထွက်ရ အမိန့်တို့ကို ဆက်လက်ထားရှိမည်ဖြစ်သည်။ အားလပ်ရက်အပန်းဖြေခြင်း အတွက် အနီရောင်ဇုန်များသို့ ခရီးသွားလာခြင်းကို အားမပေးကြောင်း ဘယ်လ်ဂျီယံနိုင်ငံအစိုးရ၏ ကြေညာချက်များအရ သိရသည်။

ရင်းမြစ် -  (ဘရပ်ဆဲလ်တိုင်းမ်)

 ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့