Main menu

Background

2020 ASEAN-Korea Startup Week : Online Challenge အစီအစဉ်တွင် မြန်မာနိုင်ငံ၊ Village Link Co., Ltd. မှ ပထမဆု (Diamond Award) (အမေရိကန်ဒေါ်လာ ၁၀,၀၀၀) အား ထိုက်တန်စွာဖြင့် ဆွတ်ခူးရရှိခဲ့

Mon, 12/07/2020 - 11:19 -- journal_editor

2020 ASEAN-Korea Startup Week : Online Challenge အစီအစဉ်ကို ကိုရီးယား သမ္မတနိုင်ငံ၊ Ministry of SMEs & Startups၊ ASEAN Coordinating Committee on Micro, Small & Medium Enterprises (ACCMSME) ၏ပံ့ပိုးမှုဖြင့် အာဆီယံ-ကိုရီးယား ဗဟိုဌာန (ASEAN-Korea Centre - AKC)နှင့် Gyeonggi Center for Creative Economy & Innovation (GCCEI) တို့မှပူးတွဲကြီးမှူး၍ COVID-19 ဆိုင်ရာ ကန့်သတ်ချက်အခြေအနေများအရ (၂-၁၂-၂၀၂၀) မှ (၃-၁၂-၂၀၂၀) ရက်နေ့အထိ Online မှကျင်းပဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် Village Link Co., Ltd. မှ ပထမဆု (Diamond Award) (ဆုငွေ အမေရိကန် ဒေါ်လာ ၁၀,၀၀၀) အား ထိုက်တန်စွာဖြင့် ဆွတ်ခူးရရှိခဲ့သည်။

              အဆိုပါအစီအစဉ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ICT အခြေပြုတက်သစ်စ ကုမ္ပဏီ (၃၅)ခုတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ မြန်မာနိုင်ငံကိုယ်စားပြု  ကုမ္ပဏီ(၂)ခုမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းကုမ္ပဏီ (၃၅)ခုအနက် ပဏာမအဆင့် Top(22) ကိုရွေးချယ်ရာတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သော ကုမ္ပဏီ(၂)ခုလုံးသည် နောက်ဆုံးအဆင့်သို့ ဆက်လက် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သည်။ ယခင်က Online/ Offline ပူးတွဲ၍ Hybrid Format ဖြင့်ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း COVID-19 Social Distancing ဆိုင်ရာကန့်သတ်ချက် အခြေအနေများ အရ Online သီးသန့်သာ ဆောင်ရွက်ခဲ့ပြီး၊ ဆိုးလ်မြို့ရှိ အာဆီယံသံရုံးများနှင့် အခြားသော သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ပြိုင်ပွဲအား Online Live Streaming မှတစ်ဆင့် ကြည့်ရှုအားပေးခဲ့ကြသည်။

              ပါဝင်ယှဉ်ပြိုင်သူ Startups များအနေဖြင့် ၎င်းတို့၏ Business Model များကို Innovative Idea များဖြင့် တင်ပြယှဉ်ပြိုင်ခဲ့ကြပြီး၊ ယှဉ်ပြိုင်မှုများအရ နောက်ဆုံးအဆင့် ဆု  ချီးမြှင့်ရန် (၄)ဉီးကို ရွေးချယ်ရာတွင် မြန်မာနိုင်ငံ၊ Village Link Co., Ltd. (U Adrain Soe Myint, CEO) မှ မြန်မာ့ တောင်သူလယ်သမားအကျိုးပြု (Htwet Toe App) ဖြင့် ပထမဆု (Diamond Award) ဖြင့် အမြင့်ဆုံးဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ဒုတိယဆုကို ကိုရီးယားသမ္မတနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သော Coconut Silo Co., Ltd. မှ လည်းကောင်း၊ တတိယဆုကို အင်ဒိုနီးရှား နိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သော Doclink Co., Ltd. ကုမ္ပဏီမှ လည်းကောင်း၊ စတုတ္ထဆုကို လာအိုနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သော Shopping D Co., Ltd. မှလည်းကောင်း အသီးသီး ရရှိ ခဲ့သည်။

              2020 ASEAN-Korea Startup Week : Online Challenge အစီအစဉ်တွင် ဆုရရှိသူ များ၏ ဆုလက်မှတ်နှင့် ဆုကြေးငွေများကို ASEAN-Korea Centre (AKC)မှ ဆုရရှိသူများထံသို့ တိုက်ရိုက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

              2020 ASEAN-Korea Startup Week : Online Challenge တွင် မြန်မာ့တောင်သူ လယ်သမားအကျိုးပြု ထွက်တိုး (Htwet Toe App) နှင့် ဆက်စပ် Digital စနစ်၊ ဝန်ဆောင်မှုများ အကြောင်းကို အကောင်းဆုံးတင်ပြယှဉ်ပြိုင်၍ အမြင့်ဆုံးပထမဆု (Diamond Award) ကို ရရှိကာ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့သော Village Link Co., Ltd. အတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း ဤဆောင်းပါးဖြင့် ချီးကျူးဂုဏ်ပြုအပ်ပါသည်။

တင်ပြသူ: ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)