Main menu

Background

ဂျပန်အစိုးရက Go to Travel Campaign အစီအစဉ်ကို ၂၀၂၁ ခုနှစ်၊ ဇွန်လအထိ သက်တမ်းတိုးမြှင့်မည်ဖြစ်ကြောင်း သိရ

Thu, 12/10/2020 - 10:16 -- journal_editor

ဂျပန်အစိုးရသည် ပြည်တွင်းခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် “Go to Travel Campaign” အစီအစဉ်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လအထိသက်တမ်းတိုးမြှင့်ဆောင်ရွက်ရန် စီစဉ်နေကြောင်း ဂျပန်နိုင်ငံ၊ မြေယာ၊ အဆောက်အဦ၊ သယ်ယူပို့ဆောင်ရေးနှင် ခရီးသွားလာ ရေးဝန်ကြီး Mr. Akaba Kazuyoshi မှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အဆိုပါ “Go To Travel Campaign” သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် ပြည်တွင်းခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်ရန် ခရီးသွားစရိတ်များ လျော့ချပံ့ပိုးပေးသည့် အစီအစဉ်တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပါသည်။

ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် Mr. Akaba မှ ပြည်တွင်းရှိ စီရင်စုဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် ခရီးသွားလုပ်ငန်းအေဂျင်စီအများစုသည် အဆိုပါ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်ကို သက်တမ်းတိုးမြှင့် ဆက်လက်ဆောင်ရွက်ရန် လိုလားကြပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဒဏ်ခံစားခဲ့ရသော ဒေသများရှိ ခရီးသွားလုပ်ငန်း ဆောင်ရွက်ကြသည့် ကုမ္ပဏီငယ်များသည် ပြန်လည်နာလန်ထူလာရန် ခက်ခဲနေသေးသည့်အတွက်  ဝန်ကြီးဌာန၏ အခြေခံစည်းမျဉ်းစည်းကမ်းများနှင့်အညီ ခရီးသွားလှုံ့ဆော်မှုအစီအစဉ်ကို ၂၀၂၁ ခုနှစ်၊ဇွန်လကုန်အထိ သက်တမ်းတိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နန္ဒာဝင်း

(စီးပွားရေးသံမှူး)

မြန်မာသံရုံး၊ တိုကျိုမြို့