Main menu

Background

မျိုးစေ့နှင့်အပင်များ တရားမဝင်တင်ပို့မှုအပေါ် ဂျပန်နိုင်ငံ တင်းကျပ်စွာ ဆောင်ရွက်မည်ဖြစ်

Thu, 12/10/2020 - 10:17 -- journal_editor

ဂျပန်နိုင်ငံအနေဖြင့် ပြည်တွင်းစားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းကို ကာကွယ်ရန် မျိုးစေ့နှင့် ပျိုးပင်များ တရားမဝင်တင်ပို့မှုကို တင်းကျပ်ဆောင်ရွက်သွားရန် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဂျပန်နိုင်ငံ၏ အပင်မျိုးစိတ် ကာကွယ်ရေးနှင့်မျိုးစေ့ဆိုင်ရာ ဥပဒေတွင် မှတ်ပုံတင်ထား သည့် သီးနှံအမျိုးအစားအသစ်များအတွက် တင်ပို့မည့်နေရာများအပြင် ထုတ်လုပ်ရေးနယ်ပယ်များ တွင်ပါ ကန့်သတ်ဆောင်ရွက်ရန် အတည်ပြုခဲ့ကြောင်း သိရပါသည်။

အဆိုပါမျိုးစိတ်များကို တရားမဝင်တင်ပို့ပါက ထောင်ဒဏ် ၁၀ နှစ် (သို့မဟုတ်) ဒဏ်ငွေ ချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရပါသည်။ ဂျပန်နိုင်ငံမှ ၁၈ နှစ်ကြာသုတေသနပြုလုပ်၍ တီထွင်ထားသည့် Shine Muscat အမည်ရှိ အရည်အသွေးမြင့်စပျစ်သီးမျိုးစိတ်နှင့် ပျိုးပင်များကို ယခင်က တရုတ်နှင့် တောင်ကိုရီးယားသို့ တရားမဝင်တင်ပို့နေခဲ့ခြင်းများ ရှိပါကြောင်း၊ ယခုကဲ့သို့ အပင်နှင့်မျိုးစိတ်များ ကာကွယ်ရေးအတွက် ဥပဒေကို ပြင်ဆင်လိုက်သဖြင့် ပြည်တွင်းရှိ တီထွင်ထုတ်လုပ်သူများ၏ အကျိုးစီးပွားနှင့်အခွင့်အရေးကို ကာကွယ်ရေးအတွက် အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်းနှင့် လာမည့် ဧပြီလအတွင်း အဆိုပါဥပဒေသည် အသက်ဝင်မည်ဖြစ် ကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် သစ်တောဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

 

နန္ဒာဝင်း

(စီးပွားရေးသံမှူး)

မြန်မာသံရုံး၊ တိုကျိုမြို့